Tuesday, February 05, 2013

The Voice နှင့် မြန်မာ အစိုးရ၀က်ဆိုဒ်များကို ဘယ်သူတွေ တိုက်နေသလဲ..

Posted by drmyochit Tuesday, February 05, 2013, under | No comments

 
ယခင်တစ်ခါ The Voice နှင့် Eleven အပါအ၀င် ကေအိုင်အေ အားပေး ၀က်ဆိုဒ်များကို တိုက်ခိုက်ကြမည် ဆို တုန်း က ကလစ် တစ်ချက်နှိပ်ယုံမို့ ၀င်ပါကြသည်။ ထိုသို့ တိုက်ခိုက်ကြပြီး kachinnet.net စာမျက်နှာ ဖွင့် မရ တာမြင်တော့ ဟုတ်လှချည်လားဟု ထင်ခဲ့မိသည်။ သို့သော် နောက်သိပ်မကြာမီ အဆိုပါ ၀က်ဆိုဒ် ပြန်ဖွင့် ၍ ရသွားသည်ကို တွေ့မှ D Dos တိုက်ခိုက်ခြင်းသည် သာမန်လူ နားလည်သည့် အတိုင်း ဆိုလျှင် ၀က်ဆို ဒ်အား ဖွင့်မရစေရန် လေးအောင်လုပ်သည့် နည်းဖြစ် ကြောင်း သိခဲ့ရသည်။ သို့သော် ကြေငြာ သည်က တစ်ခြား၊ လုပ်လာသည်က တစ်လွဲပင် ဖြစ်သည်။ The Voice Facebook စာမျက်နှာ ဒေါင်း သွားသည်။ သို့သော် DDos တိုက်ခိုက်ခြင်းကြောင့်တော့ မဟုတ်။

ယခင် Eleven Media Group ၏ စာမျက်နှာများကို Hack ခဲ့သည့် Red Army Team ဆိုသော အဖွဲ့လည်း ရှိသည်။ သို့သော် ဟက်သည်ကား တစ်ခြား၊ တရားစွဲသည်က တစ်လွဲ ဖြစ်ကာ DDos တိုက်ခိုက် မည်ဟု ကြေငြာ ခဲ့သည့် Myanmar Express အား အမှု ဖွင့်ခဲ့သည်။ ရလာဒ်သည်ကား အကျိုးမဟုတ်။ တိုင်ဖူး သည့် မှတ်တမ်းရှိသည် ဆိုတာ တစ်ခုသာ အဖတ်တင်သည်။

ယခု The Voice အား တိုက်ခိုက်ခံရပုံမှာတော့ နည်းပညာမြင့်မားစွာဖြင့် စာမျက်နှာ တစ်ခုလုံးအား ထိန်း ချုပ် နိုင်သည့် ပုံစံရှိသည်။ တစ်ရက်ကျော် တိုက်ခိုက်ထိန်းချုပ်မှု အပြီးတွင်တော့ စာမျက်နှာပေါ်တွင် ယခင် အတိုက် အခံများနှင့် ပတ်သက်၍ ရေးသော ပို့စ်များ၊ နေမျိုးဇင် ၈၈ တို့နှင့် ပတ်သက်သော ပို့စ်များ တက်လာသည်။

MMCF ဆိုသည့် မြန်မာမူဆလင်ဆိုက်ဖာတပ်ဖွဲ့က တိုက်ခိုက်သည်ဟူသော သံသယရှိစရာ အချက်များ ရှိသည်။ အစပိုင်း တက်လာသည့် စာသားများသည် ထိုအဖွဲ့ကို ရည်ညွှန်းပြီး ခွန်ဒီးယမ်းနှင့် အပေါင်း အပါ နောက်လိုက်များ နေပြည်တော်ကို စွပ်စွဲချိန်တွင် နေမျိုးဇင်၊ ၈၈ တို့အား တိုက်ခိုက်သည့် ပို့စ်များ တင်ပြီး အာရုံ လမ်းကြောင်း လွှဲခဲ့သည်ကို တွေ့ရသည်။

တစ်နေ့ထဲမှာပင် သမ္မတရုံး စာမျက်နှာကို DDOS ဖြင့် တိုက်ခိုက်သောကြောင့် လေးလံ ဖွင့်မ ရ ဖြစ်နိုင်ကြောင်း မှူးဇော် စာ မျက်နှာမှ ဖော်ပြခဲ့သည်။ တိုက်ခိုက်သည်မှာလည်း အင်ဒိုမှ ဖြစ်နိုင်ကြောင်း သက်ေ သ အထောက်အထားများ ရရှိနေသည်။ မြန်မာ ဟက်ကာများနှင့် အင်ဒို ဟက်ကာများအကြား ၀က် ဆိုဒ်များ ကို တိုက်ခိုက်မည်ဟု အသိပေးစိန်ခေါ်မှုများ ရှိနေသည်ကို တွေ့ရပြီးနောက် သမ္မတရုံး ၀က်ဆိုဒ် တိုက် ခိုက်ခံ ရခြင်း သည် ထူးခြားပါသည်။

ဖြူချင်ဖြူ၊ နက်ချင်နက်၊ ဟက်ကာ မြန်မာ၊ မြန်မာ ဟက်ကာ ဖြစ်သည် ဆိုလျှင် မြန်မာ့မီဒီယာများနှင့် အစိုးရ ၀က်ဆိုဒ် များအား တိုက်ခိုက်ခြင်းကို ပူးပေါင်း ကာကွယ်ရမည်သာ ဖြစ်သည်။ သာမန် အမြင်မတူ၍ DDos ၏ လုပ်ဆောင် ချက်ထက် မြင့်မားသော ၀က်ဆိုဒ်များ ထိန်းချုပ်ခံရပါက နိုင်ငံ၏ သိက္ခာကျစရာ ဖြစ်ပေ လိမ့်မည်။ သတင်းမှားများ တရားဝင် ၀က်ဆိုဒ်များပေါ်တွင် ရေးသားခြင်းဖြင့် မလိုလားအပ်သော ပြဿ နာ များ ဖြစ်လာနိုင် ပေသည်။

အင်ဒိုနှင့် MMCF ပေါင်းသည် ဆိုလည်း မြန်မာပီသစွာ အင်ဒိုနှင့် MMCF ကို ပေါင်းပြီး ပြန်တိုက်ခိုက်စေ လိုပါ သည်။

Myawaddy news

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်