Tuesday, February 05, 2013

ရခိုင် ဒုက္ခသည်တွေကို ပြန်လည် နေရာချထားမှုစတင်

Posted by drmyochit Tuesday, February 05, 2013, under | No comments


ရခိုင် ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ အတွင်းက ပေါ်ပေါက် ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ အတွင်း အိုးမဲ့ အိမ် မဲ့ ဖြစ် သွားတဲ့ ရခိုင် မိသားစုတွေ ပြန်လည် နေရာ ချထားရေး အတွက် ပထမ မသုတ် အနေနဲ့ စစ်တွေမြို့ ဆတ်ရိုး ကျချောင်း တစ်ဘက် ကမ်းမှာ အိမ်ယာတွေ တည်ဆောက် ပေးသွားမယ်လို့ သိရပါ တယ်။

အခုတည်ဆောက်ပေးမယ့် အိမ်ယာတွေဟာ ရခိုင် မိသားစု ၆၆၉စု အတွက် ဖြစ်ပါတယ်။ သူတို့တွေဟာ ဇွန်လ အတွင်းက နေအိမ်တွေ မီးရှို့ ခံခဲ့ရတဲ့အတွက် ဘုန်းကြီးကျောင်း တွေနဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူ တွေ ဖြစ်ကြပါတယ်။


ဒီနေရာဟာ သူတို့ ယခင်နေထိုင်ခဲ့တဲ့ နေရာတွေ မဟုတ်ဘဲ စစ်တွေမြို့ ဆတ်ရိုက်း ကျချောင်း တစ်ဘက် ကမ်း မှာ ဖြစ်တယ်လို့ စစ်တွေမြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ပြောပါတယ်။

သူတို့တွေဟာ ခုနှစ်လကျော် အိုးအိမ်မဲ့ ဘ၀နဲ့ နေထိုင်ခဲ့ရပြီးတဲ့နောက်မှာ နိုင်ငံတော်အစိုးရ ကနေ နိုင်ငံ တကာ အကူအညီနဲ့ ခုလို နေရာချထားပေးဖို့ စီစဉ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အိမ်တစ် လုံးအတွက် ကျပ်သိန်း ၄၀ စီ အသုံးပြုသွားမှာ ဖြစ်ပြီး လောလောဆယ် ကာလ မှာတော့ ဆောက် လုပ် ရေး ကမ္ပ ဏီ အများအပြားက ၂ လနဲ့အပြီး အိမ်တွေကို စတင်တည်ဆောက် နေပြီ ဖြစ် တယ်လို့ ပြော ပါ တယ်။

အခု တည်ဆောက်ပေးမယ့် အိမ်ယာတွေကို ကားတွေနဲ့ပါ အလွယ်တကူ အသွားအလာ လုပ်လို့ရအောင် ကွန်ကရစ်တံတား တစ်ခုလည်း တည်ဆောက်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်တွေမြို့မှာ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရခိုင်နဲ့ မွတ်ဆလင် မိသားစုပေါင်း တစ်သောင်းခန့် လူဦးရေအားဖြင့် ဆိုရင် ခုနှစ်သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင် နေကြရ ပါတယ်။ အဲဒီ အထဲက ရခိုင် မိသားစုတွေကို ပထမဆုံး အနေနဲ့ အိစိုးရက စတင် နေရာချထား ပေးဖို့ စီစဉ် လာတာ ဖြစ်ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်