Tuesday, February 05, 2013

ဆီးရီးယား တပ်မတော်သည် ဒမက်စကက် မြို့တော်၏ ဆင်ခြေဖုံး ဒေသများတွင် ကျယ်ပြန့်သော စစ်ဆင်ရေး တစ်ရပ် စတင်ရန် ဟန်ချက်ညီ ဆောင်ရွက် လျက်ရှိ

Posted by drmyochit Tuesday, February 05, 2013, under | No comments



ဆီးရီးယား တပ်မတော်သည် ဒမက်စကက် မြို့တော်၏ အရှေ့ပိုင်း ဆင်ခြေဖုံး ဒေသတွင် ကျယ်ပြန့်သော စစ်ဆင်ရေး တစ်ရပ် စတင်ရန် ဟန်ချက်ညီ ဆောင်ရွက် လျက်ရှိကြောင်း အစိုးရ လိုလားသော ဒေသတွင်း သတင်းဌာန တစ်ခုဖြစ်သည့် Al-Watan က ပြောကြားခဲ့ ပါသည်။

အဆိုပါ စစ်ဆင်ရေးအား ဒမက်စကက် မြို့တော်၏ အပြည်ပြည် ဆိုင်ရာ လေဆိပ် အနီးရှိ Hran al-Awamid မြို့ မှ စတင်ကြောင်း ပြီးခဲ့သော ၂ ရက် အတွင်းတွင် အဆိုပါ မြို့သို့ ဆီးရီးယား တပ်ဖွဲ့ဝင် အများအပြား တပ်ဖြန့်ချ ထားသည်ကို မြင်တွေ့ရကြောင်း၊ အပြည်ပြည် ဆိုင်ရာ လေဆိပ်၏ ပြေးလမ်း
များကို ရှင်းလင်းရေး အတွက် လက်နက်ကိုင် စစ်သည် ရာပေါင်း များစွာက ထိုးဖောက် ဝင်ရောက် ခဲ့ကြောင်းနှင့် ဒမက်စကက် မြို့၏ လေကြောင်း အချက်ပြ မှုများ ရပ်တန့်စေရန် ရည်ရွယ်၍ အရပ်ဘက် လေယာဉ်များကို ဦးတည်သော ခြိမ်းခြောက်မှု များကို ရပ်တန့်စေရေး အတွက် လေဆိပ် တစ်ခုလုံးနှင့် လေဆိပ် ပတ်ဝန်းကျင်ကို ထိုးဖောက် ရှင်းလင်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၎င်း သတင်းစာ တွင် ဖော်ပြထား ပါသည်။ ခြေလျင် တပ်ဖွဲ့ဝင် အများ အပြားသည် ပတ်ဝန်း ကျင်ရှိ ကျေးရွာများကို ရောက်ရှိခဲ့ပြီး အကြမ်းဖက် သမား အများအပြား သေကျေ ပျက်စီး ဒဏ်ရာ ရခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်လာသည့် တိုင်အောင် ခြေလျင်တပ်များနှင့် တင့်ကားများကို အသုံးပြု၍ ၎င်းကျေး ရွာ များတွင် ရှင်းလင်းမှု များကို စတင် ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်