Tuesday, February 05, 2013

လှိုင်မြစ်ထဲ ဆီတင်သင်္ဘော၂စင်း၊ သစ်ဆိပ်ကမ်း မီးလောင်မှု မြင်ကွင်း (ရုပ်/သံ)

Posted by drmyochit Tuesday, February 05, 2013, under , | No comments




လှိုင်မြို့နယ်၊ ဘုရင်နောင် လမ်းမကြီး နဲ့ ဘူတာရုံ လမ်းထောင့်မှာ ရှိတဲ့ ပါတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနပိုင် အမှတ်(၂) အထပ်သားစက်ရုံ အနောက်ဖက်က သစ်ဆိပ်မှာ ညနေ (၄း၁၅) နာရီအချိန်ခန့်က မီးလောင်မှု့တစ်ခုဖြစ်ပွားခဲ့ပါတယ်။ လောင်စာဆီတင် သင်္ဘောဖြစ် တဲ့ ကောင်းမြတ်ကျော် ရေယာဉ်နဲ့ အောင်သုခ ရေယာဉ်တို့က စတင်လောင်ကျွမ်း ခဲ့တာဖြစ်ပြီး လောင်စာ ဆီ ဆိပ်ကမ်း ကနေ သစ်ဆိပ်ကမ်းဘက်ကိုမျှောပြီး သစ်ဆိပ်ကမ်းကိုပါ မီးအနည်းငယ် လောင်ကျွမ်း ခဲ့တာ ပါ။
မီးသတ်ကား ၃၈ စီးနဲ့ အထောက်အကူပြုယာဉ် ၇ စီးအသုံးပြု မီးငြိမ်းသတ်ခဲ့ပြီး ညနေ (၆း၂၀) နာရီ မှာမီးငြိမ်း သတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးရ သတင်းများအရ အနည်းဆုံး လူ(၄)ဦး သေဆုံးကြောင်း သတင်းရရှိပါတယ်။

(ရိုက်ကူး-သူရိန်၊ ဖိုးကျော်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်