Friday, February 22, 2013

ငြိမ်းချမ်းရေးရွှေဂျိုးဖြူ ဘယ်သူယူမလဲ

Posted by drmyochit Friday, February 22, 2013, under | No comments


 ကမ္ဘာ တစ်ဝန်း နိုင်ငံ တိုင်းမှ ပြည်သူ များသည် လွတ်လွတ် လပ်လပ် ၊ အေးအေး ဆေးဆေး ၊ ငြိမ်းငြိမ်း ချမ်းချမ်း နေ လိုကြ သည်။ မိမိတို့ နေထိုင်ရာ နိုင်ငံတွင်မက တစ်ကမ္ဘာလုံး မည် သည့်နိုင်ငံ မှ ပြည်တွင်း ရော ၊ ပြည်ပပါ အပစ် အခတ် များ ၊ စစ်ပွဲများ လုံးဝမဖြစ်စေလိုကြ။ သို့သော် လည်း ဆန္ဒမပြည့် ၀ကြပါ။ အတ္တကြီး တယ်လို့ ပဲပြောပြော ၊ လိပ်မျိုး လို့ ပဲ ထင်ထင် ကိုယ့်နိုင်ငံကိုယ့်တိုင်းပြည် ဘာမှမဖြစ်ရင် တော်သေး တာပေါ့။ အစိုးရ နဲ့ ပြည်သူတွေ မကြည်ဖြုကြ တော့ ပြဿနာတွေဖြစ်ကြတယ်။ ဆန္ဒပြကြ တယ်။ ရင်ဖွင့် တင်ပြကြ တယ်။ အစိုးရက ပြည်သူ့ ဆန္ဒကို မလိုက်လျောပဲ ဆန့်ကျင်သူတွေကို“သူပုန်´´လို့ အမည်ပေးသတ်မှတ်ချေမှုန်းတော့ ပွဲက ပိုကြမ်းလာပြီး အနိဌာရုံအဖြစ်ဆိုးတွေ ကြုံတွေ့ လာကြ တယ်။ လောလောဆယ် ယနေ့ကမ္ဘာမှာ“ဆီးရီးယားနိုင်ငံ´မှ ပြည်တွင်းစစ်က ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါ ရီလမှာ (၂) နှစ်နီးပါ ကြာရှည်ပြီး ပြည်သူတွေ (၆၀၀၀၀)ကျော် သေကြေပျက်စီးကာ အကျည်း တန်ဆုံး ၊ အရုပ်ဆိုးဆုံးဘွဲ့ ထူးကြီးကို ပြိုင်ဘက်မရှိ ဆွတ်ခူးရယူနေသလို ၊ အတုယူအားကျတဲ့ နိုင်ငံတစ်ချို့ လည်းရှိတယ်။ 


ဘယ်နိုင်ငံလို့ အသိပေးနေစရာ ပြောနေစရာ လိုမယ်မထင်ပါဘူး။ (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စွဲပြီး ငြိမ်းချမ်း တဲ့ ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ် ၊ ဇွန်လပိုင်းလောက်ကစပြီး အစိုးရတပ်မတော် နဲ့ ကချင်လွတ် မြောက်ရေး တပ်တို့ တိုက်ပွဲတွေပြန်လည်ဖြစ်လာရာ ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလမှာ ပိုမိုပြင်း ထန် လာပြီး ကျွဲနှစ်ကောင်ခေတ်သည့်ကြား “မြေဇာပင်´´ပြည်သူတွေ နေစရာမရှိ စားစရာမဲ့ဘ၀ နဲ့ အခြေ အနေမလှကြတဲ့“စစ်ဘေးဒုက္ခသည်´´တွေဖြစ်ကုန်ကြတယ်။ 

သေဆုံးကြတဲ့ ပြည်သူတွေရှိသလို ဒဏ်ရာရတဲ့သူတွေကလည်း ဒုနဲ့ဒေးပါ။ အစိုးရတပ်မတော်နဲ့ ကချင် လွတ်မြောက် ရေးတပ်တို့မှာလည်း အနည်း နဲ့ အများ ရှိကြတာပါပဲ။ လုံးဝကင်းတယ်လို့ ဘယ်စစ်မှာမှ မရှိပါဘူး။ ကချင် လွတ်မြောက်ရေး တပ်ဘက်က ကျဆုံးကြ သလို အစိုးရ တပ်မတော် ဘက်ကလည်း ကျဆုံးကြ တာပါပဲ။ ဘယ်ဘက်ကကျကျ ၊ ဘယ်ဘက်ကနိုင်နိုင် မြန်မာနိုင်ငံတော် ရဲ့ ရင်နှစ်သည်းချာ တိုင်းရင်းသား ညီအကိုတွေ ကျဆုံးခြင်းမို့ နှမြောစရာအမှန်ပါ။ လူသားတစ်ယောက်ဖြစ်ဖို့ထက် ကချင်/ မြန်မာ တပ်မတော်သား တစ်ယောက်ဖြစ်ဖို့က ပိုမိုခက်ခဲပါတယ်။ ပိုမိုနှမြောဖို့ကောင်းပါတယ်။ 

စစ်ဘေး စစ်ဒဏ်ကို ခံစားနေကြတဲ့ အပြစ်မဲ့ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမတွေကို ညှာတာ ထောက်ထားဖို့ ၊ စာနာသနားဖို့ ၊ အသိတရားလေးတွေ ကိုယ်စီရှိကြဖို့ ၊ အစိုးရ တပ်မတော်ရော ကချင်လွတ် မြောက်ရေး တပ်ပါ တာဝန်ရှိကြတာ အမှန်ပါ။ 

တစ်ဖက် နှင့် တစ်ဖက် အပြစ်မမြင် ၊ အာဃာတမထားကြဘဲ သဘောထားကြီးကြီး ဖြင့် သည်းခံခွင့်လွှတ်ပြီး နားလည် ပေးကြပါ။ “၀ံပုလွေ နဲ့ မြေခွေး´´ပုံပြင်လို ကိုယ်လိုရာကိုဆွဲပြီး ကောက်ကျစ်ဥာဏ်အကျင့်ဆိုး နဲ့ ဇွတ်အတင်း တိုးပြီး ဆက်လက်မလုပ်သင့်တော့ပါဘူး။ အပြစ်မဲ့တဲ့ စစ်ပြေးဒုက္ခသည်ပြည်သူတွေကို ငဲ့ညှာထောက် ထားသနား သောအားဖြင့် အပစ်အခတ်များ အားလုံးရပ်ကြပါ။(ခေတ္တခဏရပ်နားခြင်း မဟုတ်ဘဲ ထာဝရရပ်ခြင်းသာ မလွဲဧကန်ဖြစ်ပါစေ)

တရုတ်ပြည် မှ သမ္မတကြီး နှင့် တကွ အစိုးရအဖွဲ့က အိမ်နီးချင်းကောင်းပီသစွာ“ငြိမ်းချမ်း ရေး´´တွေ့ဆုံ ဆွေးနွေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြတဲ့အတွက် အထူးကျေးဇူးတင်လျှက်ပါ။ တရုတ်ပြည် (ရွှေလီမြို့)မှာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တဲ့(၄-၂-၂၀၁၃) ရက်သည် မြန်မာနိုင်ငံအဖို့ မမေ့နိုင် စရာ ရက်မြတ် မင်္ဂလာပါ။ 

စစ်ပြေး ဒုက္ခ သည်တွေ အဖို့ ပိုမိုဝမ်းသာကြမှာ မလွဲမကန်အမှန်ပါ။ တရုတ်ပြည်က မြန်မာနိုင်ငံရဲ့ ကျေးဇူးရှင် ဖြစ်တယ်လို့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ စကားကို ယနေ့လက်တွေ့အခြေအနေအရ ကျွန်တော် တောင်နည်းနည်း ပါးပါး ထောက်ခံ ချင်သလိုဖြစ်လာတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတကြီးက(၁၈-၁-၂၀၁၃) နေ့တွင် မီဒီယာလိုင်းပေါင်းစုံမှ အပစ်အခတ်များ ၊ စစ်ပွဲများရပ်ဖို့ ပြောခဲ့ရာ ချက်ချင်းရပ် မသွားသော် လည်း ဖြည်းဖြည်းချင်းရပ်သွားတဲ့အတွက် အစိုးရတပ်မတော်ရော ၊ ကချင်လွတ် မြောက်ရေး တပ်ပါ နှစ်ဖက်လုံးကို အထူးကျေးဇူးတင်လျှက်ပါ။ 

တိုင်းရင်းသားညီအစ်ကို အချင်းချင်းသွေးစည်းညီညွတ်ခြင်း မင်္ဂလာအလှပုံရိပ်ကို လက်တွေ့ပဏာမ ပြသလိုက် တယ်လို့ပဲ ဆိုရမှာပဲ။ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ (၁၂-၂-၂၀၁၃)မှာ ပြည်ထောင် စုမြန်မာ နိုင်ငံတော် သမ္မတကြီးက ကချင်ငြိမ်းချမ်းရေးကိစ္စကို စေတနာအပြည့် နဲ့ အလေးထား ပြောခဲ့ သလို ယခင် ကလည်း အခွင့်အခါသင့်လျှင် သင့်သလို မကြာခဏပြောနေတာ စာဖတ်သူ ချစ်ပရိသတ် တွေသိကြ မှာပါ။ မှတ်မိကြမှာပါ ။ 

ထို့နည်းတူ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးခင်အောင်မြင့်ပြောတဲ့စကားကိုလည်း ပြန်လည် အမှတ်ရကြ လိမ့်မယ်ထင်ပါတယ်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး တတိ ယနေ့ (၁၅-၁-၂၀၁၃)နေ့တုန်းကပါ။ 

လွှတ်တော် ကိုယ်စားလှယ်များ တင်ပြဆွေးနွေးရာတွင် ခွင့်ပြုသတ်မှတ်ထားတဲ့အချိန်ကျော်လွန်လို့ နိဂုံချုပ် ဖို့ ၊ ရပ်ဖို့ မကြာခဏသတိပေးရတဲ့ “နာယက နာမည်ပျက်တယ်´´ လို့ပြောခဲ့တာ စာဖတ်သူပရိသတ်တွေ ပြန်လည် သတိ ရကြမှာပါ။ သမ္မတကြီးကတော့ သူရဲ့ စေတနာနဲ့ စာနာခြင်း ၊ သည်းခံခြင်း ၊ စိတ်ရှည်ခြင်း များအရ မေတ္တာမှန်ရောင်က သက်သေအလှပြနေမှာပါ။ငြိမ်းချမ်းရေးရရှိပြီး ၊ စစ်ပြေးဒုက္ခ သည်တိုင်းရင်း သားပြည် သူတွေ မုချမသွေ ၀မ်းသာကြမှာပါ။ 

တစ်ဖက်နဲ့ တစ်ဖက် ကိုယ်လိုရာကိုဆွဲပြီး အတ္တစိတ်တွေ နဲ့ ပြောနေကြရင် တစ်ထောင့်တစ်ညပုံပြင်လို ၊ဂျာအေး သူ့အမေရိုက်ဖြစ်နေပြီးအဆုံးသတ်မှာ မဟုတ်ပါဘူး။ အားလုံးလိုချင်နေကြတဲ့ ငြိမ်းချမ်းရေး ပန်းတိုင် ကို ရောက်တော့မှာ မဟုတ်ပါဘူး။ ပြီးပြီးသား ပြီးပါစေ။ အတိတ်ကို အတိတ်မှာပဲ စိတ်ချစွာ ထားခဲ့ကြ ပါ။ ပစ္စုပ္ပန်ကို CARRY မလုပ်ပါနဲ့။ ဆက်လက်ယူမလာပါနဲ့။ နှစ်ဖက်လုံး မြန်မာတိုင်းရင်းသား ဆိုတဲ့ အသိစိတ်ဓါတ် နဲ့ သည်းခံခွင့်လွှတ်နားလည်ကြပြီး “ငြိမ်းချမ်းရေး ရွှေဂျိုးဖြူ´´ကို မဖြစ် မနေ အရ ယူကြ ပါ။ တည်ဆောက်ကြပါ။ ထိန်းသိမ်းကြပါလို့ မြန်မာနိုင်ငံအလယ်ပိုင်း ၊ ဖန်ခါး မြေမှ မြန်မာ တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင် ကျွန်တော်က နှစ်ဖက်စလုံးအား လေးစား ယုံကြည် အားကိုးမှု ဒီဂရီ ရာနှုန်းပြည့်ဖြင့် တိုက်တွန်းအကြံပြု မေတ္တာရပ်ခံလိုက်ပါရစေ။ ကျွန်တော် ငယ်စဉ်က ကြားဖူးခဲ့တဲ့ ပုံပြင် လေးကို လည်း အမှတ်တရ မျှဝေခံစား စေချင်လို့ပြောပါရစေ။ အသိပေး ပါရစေ။

အစိုးရ မြန်မာ့တပ်တော် နဲ့ KIO,KIA ကချင်လွတ်မြောက်ရေးတပ်တို့ရဲ့ အဖြစ်က ကျွန်တော်ငယ်ရွယ်စဉ် မူကြိုကျောင်းသား ဘ၀တုန်းက ကျွန်တော့်အမေကြီး(အဘွား) အဖေရဲ့အမေပြောပြတဲ့ အိပ်ယာဝင် ဒဏ္ဍာရီပုံပြင်လေး နဲ့ တိုက်တိုက်ဆိုင်ဆိုင် အပိုအလိုမရှိ(ကွက်တိ) ဖြစ်နေသလားလို့ အတွေးနယ်ချဲ့ စိတ်ကူးယဉ်ရင်းစာဖတ်သူချစ်ပရိသတ်များကို အပျင်းလည်းပြေ ၊ အမှတ်တရလည်းဖြစ်စေချင်လို့ပါ။ မျှဝေခံစားမုဒိတာပွားစေချင်လို့ပါ။ ပုံပြင်ပိုင်ရှင်က ကျွန်တော့်ဘဘ(အဘိုး)ကျွန်တော့်အဖေရဲ့အဖေပါ။ ကျွန်တော်မမှီလိုက်ပါဘူး။ အဘွားရဲ့ လက်ဆင့်ကမ်းအမွေကို စာပေလောကထဲရောက်လာမယ့် ကျွန်တော်ရယူနိုင်ခဲ့ခြင်းပါ။ ပုံပြင်လေးက ဒီလိုပါ။ ဟိုးရှေးရှေးတုန်းက အညာကျေးလက်ရွာတစ်ရွာမှာ (ကိုမောင်ခွေး ၊ ကိုမောင်လေး)ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ရှိကြတယ်။

ကျေးတောသားတွေမို့ ရိုးသားကြသလို ဆန်းပြားလှည့်စားတဲ့နေရာမှာလည်း ပြိုင်ဘက်မရှိ အောင်လံ လွှင့်ထူ နိုင်ကြတဲ့ (ချန်ပီယံ)တွေပါ။ အသက်အားဖြင့် ကိုမောင်ခွေးက(၃၅)နှစ်ရှိပြီး ၊ ကိုမောင်လေးက (၄) နှစ်လောက် ငယ်တယ်။ နှစ်ယောက်လုံး ကုန်အရောင်းအ၀ယ်လုပ်ကြတယ်။ ကိုယ်ပိုင် လှေကြီးတွေ လည်းရှိကြ တယ်။ တစ်ရွာတည်းသားတွေမို့ သာရေး ၊ နာရေး ၊ လူမှုရေးကိစ္စများကိုလည်း ပူးတွဲ လုပ်ကိုင်ကြ တယ်။ ခင်မင်ကြတယ်။ 

ကိုမောင်လေးက အိမ်ထောင်အရင်ကျပြီး(၆)လ လောက်အကြာမှာ အညာကုန်ပစ္စည်းမျိုးစုံတင်ပြီး အောက် အရပ် ဒေသကို ကုန်ရောင်းထွက်သွားတယ်။ ဇနီးမယ်လှကို ကျန်းမာရေးဂရုစိုက်ရန် ၊ ရွာဦးကျောင်းဆရာ တော်ထံ သွားရန် မှာကြားပြီး စိတ်တထင့်ထင်နဲ့ ခရီးထွက်သွားတယ်။ ဇနီးသည် ကိုယ်ဝန်ရှိသည်ကိုလည်း မသိရှာ ဘူး။ မယ်လှကလည်း မသိနားမလည်သူမို့ မပြောဖြစ်ဘူး။ မယ်လှထုံတာ ၊ အတာကို ကိုမောင် ခွေးက သိထားပြီး အခြေအနေအကွက်ကောင်းစောင့်နေတယ်။ ရေတွင်းမှာရေခပ်ရင်းဆုံတဲ့အခါ ကောက်ကျစ် ယုတ်မာတဲ့ ဥာဏ်နဲ့ မေးကြ ၊ ဖြေကြ ၊ စကားပြောဖြစ်ကြတယ်။ “ညည်းယောကျာင်္း မောင်လေး ဘယ်နေ့ လောက်ပြန်လာမှာလဲ´´

“အောက်အရပ် နဲ့ ကိုက်မယ့် ကုန်တွေ နဲ့ သွားတာဆိုတော့ရောင်းပြီးရင်လည်း အညာ နဲ့ကိုက်မယ့် ကုန်တွေဝမယ်ပြီး ပြန်လာမှာပါ´´

“ဟာ… ! ဒီလိုဆိုရင် အနည်းဆုံး(၁)နှစ်လောက်တော့ကြာဦးမှာပေါ့ ။ ဒီကောင်တော်တော်ဆိုးတာပဲ ။ ငါနှမချင်း မစာနာလို့ ညည်းအတွက် စိတ်မကောင်းဘူး´´ဟုပြောပြီး စိုးရိမ်တဲ့အမူအယာပြနေရာ ရိုးသားတဲ့ မယ်လှက

“အစ်ကိုကြီးကလည်း အရင်မရှိ ၊ အဖျားမရှိ နဲ့ ဘာမှန်းလဲမသိဘူး။ ထိတ်ရမှာလား ။ လန့်ရမှာလား။´´
“ထိတ်ရုံ ၊ လန့်ရုံမကဘူး။ တစ်သက်လုံး အရှက်တကွဲအကျိုးနည်းဖြစ်မှာ ၊ နင့်အတွက် ငါရင်လေးတယ်´´
“ဟာ… ကိုကြီး ကလည်း ဈေးကိုင်နေပြန်ပြီး ၊ ပြောမှာဖြင့် ပြောစမ်းပါ´´

“အေးအေး ဆေးဆေး ပြောမှဖြစ်မှာ ၊ မနက်ဖြန်ညနေစောင်း ရွာအနောက်ဘက်က လူရှင်းတဲ့ ရေတွင်းကို ဆက်ဆက် လာဖြစ် အောင်လာ ၊ တခြားလူတွေလည်း လုံးဝအသိမပေးနဲ့ ၊။ ခေါ်လည်းမခေါ်ခဲ့နဲ့ ။ နင်တစ်ယောက် တည်း လာနော် ။ မလာနိုင်ရင်လည်းနေ။ ငါ ဟိုဘက်ရွာကို ကိစ္စရှိလို့ သွားစရာရှိသေး တယ်။´´

“စိတ်ချ ၊ ဘယ်သူ့မှမပြောဘူး ။ ကျွန်မတစ်ယောက်တည်းလာမှာပါ။ ဟိုဘက်ရွာ လည်းသွား မနေပါနဲ့ တော့။ အားကိုး ပါရစေ အစ်ကိုကြီးရယ်။´´
“အေးအေး စိတ်ချ….. ငါလာဖြစ်အောင်လာပါ့မယ်´´

မလိမ့်တပတ် နဲ့ အငြိမ့်ဇတ်ခင်းပြီး မသိနားမလည်တဲ့ မယ်လှဆီက ကာမဆန္ဒသူ့ အလိုကျ အရယူတယ်။ မယ်လှက လည်း အသိဥာဏ် နည်းတဲ့ အဖျင်းအအဆိုတော့ သူပြောသမျှ ၊ သူလုပ်သမျှ ယုံနေတာပေါ့။(မှတ်လောက် စရာပါ။ တော်တော်ပေါင်းဖို့ ကောင်းတဲ့အပေါင်းအသင်းပါ။)

ကိုမောင်ခွေးရဲ့ ယုတ်မာတဲ့ ဥာဏ်က ကိုယ်ဝန် ၅လ/၆လ ဆိုရင် အင်္ဂါမစုံသေးဘူး။ အဂါင်္စုံအောင် ယောကျာင်္းနဲ့ ဆက်နေပေးရတယ်။ မနေရင် ခြေလက်အင်္ဂါမစုံဘူး။ အဲဒီကလေးမွေးရင် ရှက်စရာ တော်တော် ကောင်းတယ်လို့ ရမ္မက်နဲ့ ယှဉ်ပြီး အကွက်ဆင်ရာ သားသမီးချစ်သော မိခင်တစ်ဦးအနေ နဲ့ ကိုမောင် ခွေး ရဲ့ အလိုကျ လိုက်လျောရတယ်။ မွေးလာတဲ့ကလေး ခြေလက်အင်္ဂါစုံလို့ ကိုမောင်ခွေးကို ကျေးဇူးတင် နေတယ်။ (၁) နှစ်ကျော်မှ ကိုမောင်လေး ပြန်ရောက်လာပြီး အရောင်းအ၀ယ် အဆင်ပြေလို့ ၀မ်းသာနေ ရကြတယ်။ 

သားလေးရတော့ ပိုပြီးဝမ်းသာကြတာပေါ့။ ကိုမောင်လေးပြန်ေ၇ာက်ပြီး (၂) လ လောက်ကြာမှ ကိုမောင် ခွေးလည်း ဟိုဘက်ရွာက “မယ်န´´ နဲ့ အိမ်ထောင်ကျတယ်။ မယ်နကလည်း အမည် နဲ့ လိုက်အောင် နုံတယ် ၊ အတယ် ၊ နတယ် ။ မယ်န ကိုယ်ဝန်(၆) လလောက် ရှိချိန်မှာ မယ်န ကို ကျန်းမာရေးဂရုစိုက်ဖို့ နဲ့ အကြောင်း ကိစ္စရှိရင် ကိုမောင်လေးကို အကူအညီတောင်းဖို့ မှာကြားပြီး ကိုမောင်ခွေးလည်း အညာပစ္စည်း အစုံ နဲ့ အောက်ကိုကုန်ရောင်းသွားတယ်။ ဘုန်းရှင် ၊ ကံရှင် ၊ ဥာဏ်ကြီးရှင် ဖြစ်တဲ့ ကိုမောင်လေးကလည်း ခေသူ ၊ ညံ့သူမဟုတ်ဘဲ။ 

မိုးရွာတုန်းရေခံဆိုသလို မယ်နကို ချဉ်းကပ် စည်းရုံးတယ်။ ကိုယ်ဝန်(၆)လ လောက်သာရှိတဲ့အတွက် မွေးလာ မယ့် ကလေးက မျက်စိမပါဘူး။ အင်္ဂါမစုံဘူး ။ မျက်စိပါအောင် ၊ အင်္ဂါစုံအောင် သူကူညီမယ်ဆိုပြီး ပျော်ပွဲရွှင် ပွဲကြီး လူမသိသူမသိအောင် ဆင်နွှဲနေတော့တာပေါ့။ မယ်န ရဲ့ အားကိုးရာ ကျေးဇူးရှင် ကြီးဖြစ်သွား တာပေါ့။

ကိုမောင်ခွေး ခရီးထွက်သွားပြီး (၃) လကျော်လောက်မှာ မယ်နကလေးမွေးတယ်။ မျက်စိတွေ ပါတဲ့ ၊ အင်္ဂါစုံတဲ့ သမီးလေးမို့ ကိုမောင်လေးကို ပိုပြီးကျေးဇူးတင်နေတယ်။ ကလေး(၁)နှစ်ပြည့်ခါနီး တစ်ပတ် အလိုမှာ ကိုမောင်ခွေးအောက်ကုန်အပြည့် နဲ့ ပြန်ရောက်လာတယ်။ သူ့လှေက ကိုမောင်လေး လှေထက် ပိုကြီးပြီး ပစ္စည်းပိုမိုတင်နိုင်လို့ အမြတ်ပိုကျန်တယ်။ သမီးမွေးနေ့မှာ ရွာမှာ စံပြအဖြစ် အစည်ကားဆုံး ၊ အခမ်းနား ဆုံး ကျင်းပနိုင်လို့ ကိုမောင်ခွေးတို့ မိသားစုအားလုံး ဂုဏ်ယူမဆုံးပျော်တပြုံးပြုံးဖြစ်နေကြလို ၊ ကိုမောင် လေး ကလည်း ဒီမွေးနေ့ပွဲမှာ သူများတွေထက် ပိုကဲပြီး အပင်ပမ်းအဆင်းရဲခံသော်လည်း မျက်နှာက တော့ သိပ်မကောင်းရှာဘူး။ 

ကိုမောင်ခွေးနဲ့ နှစ်ယောက်ချင်းမျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့တဲ့အခါ သူ့စိတ်ထဲမှာ မ၀ံ့မရဲ နဲ့ အရင်လို ပုံမှန်မ ဟုတ်ဘူး။ မည်သူကမှ ဘာမျှမပြောကြသော်လည်း သူ့ဟာသူ လိပ်ပြာမသန့်တာက သက်သေပြ နေတာပါ။ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ ဘယ်လိုပင် ဖုံးဖိဖုံးဖိ မြတ်ဘုရား နဲ့ နတ်သိကြား တွေကတော့ သိကြမှာပါ။ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေရဲ့ စွမ်းအားတန်ခိုးအာနိသင်တွေက အမှန်တရား ရဲ့ ဘက်တော်သားတွေပါ။ 

လူသားအချင်းချင်းစာနာကြရင် အေးဆေးငြိမ်းချမ်းပြီး ကမ္ဘာကြီးက လှနေမှာပါ။ ကျွန်တော် အဓိက ရေးတာက ဆောင်းပါးပါ။ ၀တ္ထုတိုလည်းရေးပါတယ်။ ကဗျာကတော့ ရေးခဲပါတယ်။ ကိုယ့်ကို ကိုယ်အား မရလို့ပါ။ မရေးပေမယ့် ဖတ်ရင်းကြိုက်တဲ့ ကဗျာလေးတွေကို အမှတ်တရ ကူးယူသိမ်း ဆည်းထား တတ်ပါတယ်။ ကျွန်တော် ကြိုက်တဲ့ ငြိမ်းချမ်းရေး နဲ့ ယှက်နွယ်ဆက်စပ်တဲ့ “ဆရာ-ဝေဇော်သူ (ဟုမ္မလင်း)´´ရေးတဲ့ကဗျာလေးကို ၂၀၁၂ ခုနှစ် ၊ ဇွန်လထဲမှာ သမီး နှင့် မြေးများရှိရာ ကသာမြို့ (စစ်ကိုင်းတိုင်း ဒေ သကြီး) သို့ ကျွန်တော်သွားလည်ရင်းသူရဇ္ဇမဂ္ဂဇင်းမှာ ပညာပေးဆေးဆောင်းပါးများရေးနေတဲ့ ခင်မင်ရင်း နှီးတဲ့ ရေးဖော်ရေးဖက်စာရေးဆရာ“မြင့်မြတ်စံ(ကသာ)´´ ထံရောက်သွားပြီး ၊ သူ့အမျိုးသမီး ဗုဒ္ဓဂါယာ ဘုရားဖူး သွားတုန်းက အမှတ်တရ ၀ယ်လာတဲ့ မဂ္ဂဇင်းစာအုပ်မှာ တွေ့ခဲ့ဖတ်ခဲ့တာပါ။ (စာအုပ် အမည် မမှတ်မိတာ သည်းခံခွင့်လွှတ်နားလည်ပေးကြပါ)

ကျွန်တော်ကြိုက်တဲ့ ကဗျာလေးကို အချိန်အခါအရ မျှဝေခံစားစေချင်လို့ ထပ်ဆင့် ကူးယူရေး သားလိုက် ရခြင်းပါ။

“ကြည့်တတ်ဖို့သာ´´

အကောင်းမမြင်လို့ ၊ အမြင်မကောင်းတာလား
အမြင်မကောင်းလို့ ၊ အကောင်းမမြင်တာလား
အကောင်းမြင်ရင် ၊ အမြင်ကောင်းပါတယ်
အနုတ် နဲ့ အပေါင်း ၊ အကောင်း နဲ့အဆိုး
အကျိုးနဲ့ အပြစ် ၊ စစ်နဲ့ ငြိမ်းချမ်းရေး
လိုရင်းကိုရွေးတတ်ဖို့လိုတယ်။

ဝေဇော်သူ(ဟုမ္မလင်း)

ကောက်ကျစ်ယုတ်မာပြီး ၊ ကိုယ့်အလို ၊ ကိုယ့်ဆန္ဒကိုသာကြည့်တဲ့ စာနာမှုကင်းမဲ့တဲ့ အတ္တသမား ယောကျာင်္းများဖြစ်တဲ့(ကိုမောင်ခွေး ၊ ကိုမောင်လေး)တို့ကြောင့် အပြစ်မဲ့သနားစရာကောင်းတဲ့ ၎င်းတို့ရဲ့ ဇနီးများဖြစ်တဲ့ (မယ်န ၊ မယ်လှ)တို့ဟာ ရိုးမှု ၊ အမှု၊ နမှု များအရ သူမတို့ရဲ့ ဘ၀မှာ ဖျက်မရတဲ့ အမည်းစက် ကာမေသုမိစ္ဆာစာရကို ကျူးလွန်ကြသူများ ဘ၀ရောက်သွားကြသလို ၊ ကချင်ပြည်နယ်က အပြစ်မဲ့တိုင်းရင်းသားပြည်သူ ညီအကိုမောင်နှမတတွေဟာ စစ်ပြေးဒုက္ခသည်ဘ၀ မရှုမလှခံစားကြတာ ဒဏ္ဍာရီပုံပြင်မဟုတ်ပါ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ၂၀၁၂/၂၀၁၃ ကချင်ပြည်နယ် ရဲ့ ကြေးမုံပြင်ပါ။ အပစ် အခတ် များရပ် စဲဖို့ ၊ စစ်ပွဲများရပ်စဲဖို့ ၊ ငြိမ်းချမ်းရေး အလှရယူကြဖို့ အမေရိကန်အပါအ၀င် နိုင်ငံတကာမှ မေတ္တာ ရပ်ခံနေ တာ ၊ ပြောနေကြတာ ၊ အကြံပြုနေကြတာ ၊ အားနာစရာတောင်ကောင်းနေပါပြီ။ စစ်မှန်တဲ့ ငြိမ်းချမ်း ရေး မလွဲမသွေရယူသင့်ပါပြီ။ လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေ နဲ့ တစ်နိုင်ငံ အတွင်း အတူတူ နေထိုင်ခဲ့ကြတဲ့ မြန်မာတိုင်းရင်းသားပြည်သူ အချင်းချင်း ညှာတာခြင်း ကင်းမဲ့စွာ ပစ်ခတ်မဲ့တာ အကျည်း တန်အရုပ် ဆိုးသလို ၊ မီးရထားလမ်းတွေ မိုင်းထောင်ဗုံးခွဲ ၊ ပြည်သူတွေ သွားလာရေ ခက်ခဲ့အောင် လုပ်ခဲ့ကြ တာတွေလည်း လုံးဝမကောင်းပါဘူး။ 

မလုပ်သင့်ပါဘူး။ ယနေ့ ပစ္စုပ္ပန်မကောင်းသလို နောင်အနာဂတ်လည်း မကောင်းပါဘူး။ မည်သူမှ မနှစ် သက် ၊ မလိုလားကြပါဘူး။ “ မုန်းလျှင်အပြစ် ၊ ချစ်လျှင်အကျိုး ၊ မြတ်နိုးလျှင်သဒ္ဓါ´´ဆိုတဲ့ ရှေးစကား လေးဟာ အစိုးရတပ်မတော်ရော ၊ ကချင်လွတ်မြောက်ရေး တပ်ပါ နှစ်ဖက်လုံးအတွက် အလေးထား မှတ်သား သတိပြု နည်းယူစရာလေးပါ။

ပြီးပြီးသား အတိတ်ဖြစ်ရပ်တွေကို သင်းပုန်းချေပြီး ပစ္စုပ္ပန်ငြိမ်းချမ်းရေးကို လက်တွေ့မဖြစ်မနေ အရယူကြ ပါ။ “သာတယ် ၊ နာတယ် ၊ ရှုံးတယ် ၊ မြတ်တယ်´´ လို့ တွက် မနေကြပါနဲ့ ။ ကိုယ်နိုင်ငံ ၊ ကိုယ့်လူမျိုး ၊ ကိုယ့်တိုင်း ရင်းသားများ အကျိုးအတွက် ဦးတည်ရှေးရှုလျှက် အပစ်အခတ်များ ၊ စစ်ပွဲများ အားလုံးရပ် စဲကြပါ။ တိုင်းရင်းသား ပြည်သူများ နှစ်သက်မြတ်နိုးလိုလားနေကြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကို ပါတီစွဲ ၊ လူမျိုးစွဲ ၊ ဒေသစွဲ ၊ ပုဂ္ဂိုလ်စွဲ ၊ ခရိုနီစွဲ မထားကြဘဲ မလွဲမသွေအမြန်ဆုံးရရှိအောင် စေတနာရှေ့ထားပြီး ကြိုးစား ဆောင်ရွက်ကြပါလို့ အကြံပြုတိုက်တွန်းလိုက်ရပါစေ။

မေတ္တာ ကုဋေကုဋာဖြင့်-

မောင်မောင်ဖန်ခါး
The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်