Friday, February 22, 2013

မြန်မာနိုင်ငံဆရာဝန်အသင်းအဆောက်အအုံကိုပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချမည်ဆိုခြင်းမှာ လုံးဝမဟုတ်မှန်ဟုဆို

Posted by drmyochit Friday, February 22, 2013, under | No comments

မြန်မာနိုင်ငံ ဆရာဝန် အသင်း အဆောက် အအုံကို ပုဂ္ဂလိက သို့ လွှဲပြောင်း ရောင်းချမည် ဆိုခြင်းမှာ လုံးဝ မဟုတ် မှန်ဟု မြန်မာနိုင်ငံ ဆရာဝန် များ အသင်း အတွင်းရေးမှူး ဒေါက်တာမြင့်သောင်းက ငြင်းဆို လိုက်သည်။
 
“တာဝန် ရှိသူတွေ ပူးပေါင်းပြီး မြိုးမြိုးမြက်မြက်ရပြီး လုပ်စားနေကြတယ်လို့ ပြောနေခြင်းဟာ အလုပ် အမှုဆောင် အဖွဲ့ အပေါ် ထင်ကြေးပေး ပုဂ္ဂိုလ်ရေး စော်ကား တိုက်ခိုက်မှု များသာ ဖြစ်ပါတယ်။ အဖွဲ့ဝင် အများ စုက ကန့်ကွက် နေတယ် ဆိုတာလည်း ဒီမိုကရေစီ နည်းလမ်း တကျ ကန့်ကွက်မှုမ ဟုတ်ဘဲ အုပ်စုဖွဲ့ ဂိုဏ်း ကဏ္ဍ ကွဲ သွေးခွဲစည်း ရုံးခြင်းသာဖြစ် ပါ တယ်” ဟု ၄င်းက ပြောသည်။
 
အသင်းကြီး၏ မူလ လုပ်ငန်း ဆောင်ရွက်ချက် များကို အခြား သင့်တော်မည့် တစ်နေရာ၌ ယာယီ ငှားရမ်း၍ ဆောက်လုပ်ရေး ကာလအတွင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဖြစ်ပြီး အဆောက် အအုံပြီး စီးသည်နှင့် ပြန်လည် ပြောင်းရွှေ့ ပေးမည်ဖြစ်ကြောင်း တည်ဆောက်ရေး ကာလမှာ နှစ် နှစ်ခွဲမှ သုံး နှစ်အထိ ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
 
“ကျွန်တော်တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံခြား ရင်းနှီး မြုပ်နှံ သူတွေ ကို ဖိတ်ခေါ်ခဲ့ပြီး ပြန်လည် အကြောင်းကြား လာတဲ့ အဖွဲ့၎ဖွဲ့နဲ့ အကြိမ်ကြိမ် ဆွေးနွေး ခဲ့ပါတယ်။ ပြည်တွင်း ဘယ်ခရိုနီ စီးပွားရေး လုပ်ငန်းရှင် နဲ့မှ ဖိတ်ခေါ် ဆွေးနွေး ခဲ့ခြင်း မရှိပါဘူး။ ဒီအချိန်ထိ ယေဘုယျ သဘော တူညီမှု သာရှိပြီး ဘယ်ကုမ္ပ ဏီနဲ့မှသဘောတူ စာချုပ် လက်ခံ ဆောင်ရွက်ခြင်း မရှိသေးပါဘူး” ဟု အတွင်းရေးမှူး ဒေါက်တာ မြင့်သောင်း က ပြောသည်။
 
From :messenger

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်