Friday, February 22, 2013

လှိုင်းပုတ်၍ ကမ်းမပြိုသောလူ

Posted by drmyochit Friday, February 22, 2013, under | No comments


မည်မျှပင်အင်အားကြီးမားတဲ့ပါတီ ကြီးတွေ၏ ရိုက် ခတ်မှု လှိုင်းတန်ခိုးတွေ ပြင်းထန်ပါစေ လှိုင်းပုတ်လို့ ကမ်းပြို “မသွားသောလူကတော့ ဒီမိုကရေစီပါတီ သစ် ဦးသိန်းညွန့်ပဲဖြစ်သည်။ ဦးသိန်းညွန့် ကို ပုဂိ္ဂုလ်ရေး ရင်းနှီးမှုပြင်ပမှာလည်း တွေ့ဖူးဆုံဖူးခဲ့သည်မရှိ၊ ဘာကြောင့် ဦး သိန်းညွန့်ကို အကောင်း တွေ ရေးခဲ့ရ သလဲ လို့မေးရင် စာရေးသူဟာ စာနယ်ဇင်း သမားတစ် ယောက် ပါ။ 


ပြည်သူတွေ၏ အသံ၊ ပြည်သူတွေ၏ သဘောဆန္ဒတွေ ကို စာနယ်ဇင်းသမားတွေက” ရေးပေး ရတာပါ။ ဦးသိန်း ညွန့်သည် သူ့ရင်ထဲရှိ တာကို သတိ္တရှိရှိပွင့်လင်းစွာ ပြည်သူတွေ အတွက် ပြောရဲဆိုရဲသူ လွှတ်တော် မှာ လက်ညှိုးထောင်ခေါင်းညိတ်ရေစုန်မျော လိုက်နေသူမဟုတ်ဆိုတာကို ပြည်သူတွေ ပြောလာကြသည်။ သာမန်လူလိုနေလျှင် သာမန်လူပဲဖြစ်မည်။ 

သာမန်လူလိုလုပ် လျှင် သာမန်လူလောက်ပဲဖြစ်မည်။ သာမန်လူလိုမနေမှ သာမန်လူလိုမလုပ်မှ ပြည်သူက တင်မြှောက် ထားသောအမတ် ပါလား။ ပြည်သူတွေအတွက်လုပ်ရမည့်  တာဝန်တွေရှိနေပါလားဆိုတဲ့ အသိ ရှိခြင်း ကြောင့် ထူးချွန်သောသူ လူထူးလူချွန် တစ်ယောက်လို့ ဆိုရမှာပါပဲ။

စိတ်အဆင့်အတန်းမြင့်တယ် နိမ့် တယ်ဆိုတာ ငွေရှိတာမရှိတာနဲ့မဆိုပါ ဘူး။ ရာထူးအာ ဏာရှိတာမရှိတာနဲ့လည်း ဆိုင်ဘူး။ ငွေရှိပြီး “ရာထူးအာဏာရှိပြီး” စိတ်အဆင့်အတန်းနိမ့်တဲ့လူတွေ လော ကမှာ တစ်ပုံကြီးရှိနေတာ လက်တွေ့မျက် မြင်ပဲ။ အရေးကြီးတာက ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲ သည်ဖြစ်စေ၊ ရာထူးအာ ဏာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စိတ် အဆင့်အတန်းမနိမ့်ဖို့ပဲ၊ စိတ်အဆင့်အ တန်းမ နိမ့်ရင် ကိုယ့်တိုင်းပြည် ကိုယ့်လူ မျိုးအတွက် အကောင်းတွေချည်း လုပ် ဖြစ်တယ်။ ခုတော့ အာဏာလေး ရလာ ရင် နေရာပေးလာရင် ပြည်သူတွေ အကျိုးစီးပွားထက် မိမိကိုယ်ကျိုးအတွက် လုပ်နေတဲ့သူတွေကများတယ်။ 

ယနေ့ ပွင့်ပွင့်လင်းလင်းရေးရင် ပါတီတွေထဲမှာ ကိုယ်ကျိုးရှာစီးပွားရေးသမားတွေက များ တယ်။ နိုင်ငံရေးသမားတွေသိပ်မပါဘူး။

၂၀၁၀ ရွေးကောက်ပွဲ အရွေးခံရတဲ့ ထဲမှာ နိုင်ငံရေးသမားကြီးတွေမပါ၊ ကြား ဖြတ်ရွေးကောက်ပွဲမှာလည်း တကယ့် ပါတီအတွက်လိုအပ်တဲ့ နိုင်ငံရေးသမား ကြီးတွေရွေးခံရတဲ့ထဲမပါဘူး။ ပါတီဆို တာနိုင်ငံရေး အတွေ့အကြုံတွေရှိတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေပါဖို့လိုပါ တယ်။ ယခုတွေ့ရတာက ပါတီစွဲ ပုဂိ္ဂုလ် စွဲရွေးနေ တယ်။ ယခုကပြည်သူ့လွှတ် တော်မှာပါတဲ့ အမျိုးသမီးလေးတစ် ယောက်ကတော့ ခံယူချက်လေး ကောင်း တယ်၊ သူပထမရွေးမယ့်မြို့နယ်ထဲမှာ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ အရွေးခံ မှာမို့ရှောင်ပေးခဲ့ပြီး တခြားမြို့နယ်က အရွေးခံခဲ့တယ်။ အသက်ငယ်ပေမဲ့ နိုင်ငံ ရေးခံယူချက်ပြည့်ဝသူလို့ဆိုရမှာပါပဲ။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း စီမံ ခန့်ခွဲမှုကောင်းတဲ့ ပြည်သူအပေါ်စေတ နာထားတဲ့ ပုဂိ္ဂုလ်တွေ နေရာပေး စေချင် ပါတယ်။ ယခုမဲရနေတာက ပါတီစွဲဖြစ် နေတယ်။ ယနေ့လွှတ်တော်မှာကြည့်၊ သာမန်ပုဂိ္ဂုလ်တွေ စီးပွားရေးသမားတွေ၊ အငြိမ်းစားတွေ၊ အငြိမ်းစားဆိုတာပင် သာမန်ဌာန ဆိုင်ရာ လေးက လာတဲ့သူ လွှတ်တော်ညီလာခံအတွက် အပြည့်အ၀ အရည်အချင်းရှိတဲ့ ပြောဆိုမှုတွေရှိမလာ သေးဘူး။ ပြည်နယ်/တိုင်းဝန်ကြီးတွေ ကြည့် ၀န်ကြီးချုပ်လောက်ပဲ တိုင်းပြည် အတွက် လုပ်ငန်းလုပ် နိုင်တယ်။ တိုင်း ၀န်ကြီးတွေက ကျွမ်းကျွမ်းကျင်ကျင်လုပ် ငန်းမလုပ်နိုင်ကြဖူး။ 

အစိုးရဖြစ်ခါစကဆို ယခင်တိုင်းကောင်းစီ၊ ခရိုင်ကောင်စီမှာ လုပ်ခဲ့ဖူးတဲ့ထဲက ၀န်ကြီးတွေကို စီမံခန့်ခွဲ မှု အထွေထွေ လုပ်ငန်းတွေကို သင်တန်း ပေးရသေးတာပင်ကြားရတယ်။ ၀န်ကြီး ဖြစ်လာရင် လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာရင် ပြည်သူတွေအတွက် လုပ် ကိုင်နိုင်ရမယ်။ နိုင်ငံတော်သမ္မတကြီး သူ့ရုံးက ၀န်ကြီး ၀န်ထမ်းတွေကို ပြောခဲ့ တယ်။ ပြည်သူကတိုင်မှသိတာမျိုး သတင်းမီဒီယာက ထောက်ပြမှသိတာမျိုး မဖြစ်အောင် ကြိုးစား မိမိကိုယ်တိုင် ပြည် သူတွေဘ၀သိနေရမယ်။ ပြည်သူတွေ အခက်အခဲ တွေဖြေရှင်း ပေးနိုင်ရမယ်တဲ့။

ကောင်းလိုက်တဲ့စကားပါပဲ။ တာဝန်ရှိသူအားလုံး သမ္မတကြီးပြော သလိုဖြစ်နေရမယ်။ ယနေ့လွှတ်တော် ကိုယ်စား လှယ်တွေ ဘယ်သူမှအကျဉ်း ထောင်ထဲကို သွားရောက်ခြင်းမရှိကြပါ ဘူး။ မသွားသင့်တဲ့ အရပ်လို့များ ထင်နေ ကြသလားမသိဘူး။ တကယ်ဒုက္ခခံစား နေရတဲ့ပြည်သူတွေက အကျဉ်းထောင် ထဲမှာပါ။ အမှန်တကယ်ခံနေရတဲ့ အကျဉ်းသားတွေလည်း လူ့အခွင့်အရေး မဆုံးရှုံးဖို့ မမှန်မကန်တ ရားစီရင် မှုကြောင့် ခံနေရတဲ့အကျဉ်းသားတွေကိုလည်း အမှန်တရားဖြစ်လာအောင် ဆောင်ရွက် ပေးဖို့ လွှတ်တော် ကိုယ်စားလှယ် တွေ၏ တာဝန်တွေပဲ။ 

ယခုအရပ်သားအစိုးရလို့ အမည်ခံထားရပေမဲ့ အရပ်သားအစိုးရ စစ်စစ်မဟုတ်ဘူး။ စပ်ကြားဖြစ်နေတယ်။ ပြည်နယ်/ တိုင်းလောက်သာ အရပ်သား အစိုးရဖြစ်တယ်။ ခရိုင်/မြို့နယ်တွေက ၀န်ထမ်းတွေ အုပ်ချုပ်နေ တာဖြစ်တယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးရင်တော့ အရပ်သားအစိုးရစစ်စစ်ဖြစ်ဖို့လိုတယ်။ 

ပါတီကလွှတ်တော်ကိုယ်စားလှယ်တွေ စီမံခန့်ခွဲမှု အုပ်ချုပ်မှုစတဲ့လုပ်ငန်းအထွေ ထွေကို ယခုချိန်ကစပြီး ပါတီတွင်း သင် တန်းတွေပြုလုပ်ဖို့လိုသည်။ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လုပ် ဆောင်နိုင်တဲ့ အနေအထားမရှိ၍ လုပ် ငန်းဖြစ်ဌာနဆိုင်ရာဝန်ထမ်းတွေကို ခရိုင် /မြို့နယ်တွေမှာ တာဝန်ပေးထားရမှာ  ဖြစ်တာ ကို လေ့လာမိပါတယ်။

ဂျာနယ်တွေကိုလည်း နည်းနည်း တော့ပြောချင်တယ်။ ပါတီတွေအများ ကြီးရှိပါလျက် ပါတီကြီး(၂)ပါတီ၏ သတင်းတွေပဲ လည်နေတယ်။ တခြား ပါတီတွေဘက်လည်း လှည့်ကြပါဦး။ တစ်ခါက ကျွန်တော်တို့အဖွဲ့မှ ပုဂိ္ဂုလ်ကြီး တစ်ဦးပြောဖူးတယ်။ ခင်ဗျားတို့ဂျာနယ် လစ်တွေကြောင့် မဲရှုံးရတာ။ ပါတီခေါင်း ဆောင်ကြီး တစ်ဦးလည်း ဗျူးတယ်။ ကျုပ် တို့လည်း ဗျူးတယ်။ အဲဒီပါတီခေါင်း ဆောင်ကြီးကြတော့ မျက်နှာဖုံးက ဓာတ် ပုံကြီးနှင့် အကောင်းတွေရေးထားတယ်။ ကျုပ်တို့ကြအတွင်းမျက်နှာလေးတောင် မပါဘူးတဲ့။

ဂျာနယ်သမားတွေလည်း အပြော မခံရအောင် ဂရုစိုက်ကြပါ။ ယခုဦးသိန်း ညွန့်အကြောင်း ရေးတယ် ဆိုတာက ပုဂိ္ဂုလ်ရေးခင်မင်မှုတစ်ဦးနှင့်တစ်ဦး မရှိပါ ဘူး၊ ပြင်ပမှာလည်းတွေ့ဆုံဖူး ကြုံတွေ့မှု တွေမရှိခဲ့ ပါဘူး။

 ဦးသိန်း ညွန့်သည် လွှတ် တော်မှာ ပြည်သူတွေအတွက်တင်ပြော တာမဟုတ်ပါဘူး။ စာရေးသူတို့ မီဒီယာ သမားတွေ အတွက်လည်း တရားရုံး မထီ မဲ့မြင်ပြုမှု ဥပဒေကြမ်းကိုလည်း တင်သွင်း ခဲ့သည်။ ဒီမိုကရေစီစံနှုန်းတွေနဲ့ညီအောင် လူ့အခွင့်အရေး(၁၅)နဲ့ညီအောင် သတင်း မီဒီယာသမား တွေဘေး အန္တရာယ် ကင်း စေရန် ရည်ရွယ်ချက်ဖြင့် တင်ခဲ့တာဖြစ် ကြောင်းပြော၍ တစ်ချိန်က သတင်း သမားတစ်ဦး ပုဒ်မ(၃)နဲ့ထောင် (၃)လ ကျခဲ့တဲ့ဖြစ်ရပ် ဆရာကြီးဇ၀နက ယာဉ် တိုက်မှူးရေးလို့ တရားရုံးမထီမဲ့မြင်ပြု တယ် ဆိုပြီး စစ်ဆေးတဲ့ဖြစ်ရပ်တွေ ပြော၍ လွှတ်တော်မှာတင်သွင်းတာတွေ ကောင်းပါတယ်။
  
ဤကဲ့သို့ ဘက်စုံအောင် ရှုဒေါင့် အမျိုးမျိုးက ပြောရဲဆိုရဲလုပ်ကိုင်ရဲဖြစ် သော ဦးသိန်းညွန့်သည် ပြင်းထန် သော နိုင်ငံရေးလှိုင်းတွေ မည်မျှပင် ပုတ်ခတ် ပါစေ ကမ်းပြိုမသွားသော လူဟုရေး လိုက်ပါရစေ။

မောင်မောင်စိုးနိုင်
Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်