မြန်မာနိုင်ငံက တင်သွင်းလာသော တာကာ တစ်ကု ဋေဖိုးရှိ ယာဘာဆေးပြားများကို ဘင်္ဂလာဒေခ်ျ့ ကမ်းခြေ စောင့် တပ်ဖွဲ့က မြန်မာ နယ်စပ် အနီးတွင် ဖမ်းဆီး လိုက်သည်။
ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မြန်မာဘက်က ၀င်လာသော ငါးဖမ်း စက်လှေ တစ်စီးကို သတင်းအရ ရှာဖွေ စစ်ဆေး စဉ် စက်လှေပေါ်မှ ပလစတစ်အိတ်ဖြင့် ထုတ်ထားသော ယာဘားဆေးပြား ၁၉၈၁၀ ကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ငါးဖမ်းစက်လှေပေါ်တွင် ပါလာသူ လူ ၂၉ ဦးမှာ ရေထဲ ခုန်ချ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်မှာ မောင်တောမြို့နယ် တစ်ဘက်ကမ်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက်ကနက်မြို့နယ် ဆင်မဖြူ ကျွန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နိရဉ္စရာ
Time in Rangoon


0 comments:
Post a Comment