Friday, February 22, 2013

ပြန်ကြားရေး ဒုတယဝန်ကြီး ဦးရဲထွဋ် နှင့် Google မှ တာဝန်ရှိသူတစ်ဦး တွေ့ဆုံဆွေးနွေး

Posted by drmyochit Friday, February 22, 2013, under | No comments



ဒီနေ့ နေ့လည်မှာ Google က Mr. Mike Orgill, Country Lead, Public Policy and Government Relation နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရပါတယ်။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးပြီးတဲ့နောက် ကျွန်တော်က မကြာခင်က Google က ပို့တဲ့ အသိပေးချက်တွေမှာ ပါတဲ့ State Sponsored ဆိုတဲ့အသုံးအနှုန်းကို ဘာ့ကြောင့် သုံးတာလဲ ဘယ်လို ရှာဖွေပြီး သတိပေးတာလဲ ဆိုတာကိုမေးခဲ့ပါတယ်။


သူက မေးလ်းလိပ်စာတစ်ခုကို ဖောက်ထွင်းတိုက်ခိုက်ဖို့ ကြိုးစားမှုတွေရှိမယ်၊ အဲဒီ လုပ်ဆောင် သူတွေသုံး တဲ့နည်း စနစ်က သာမန် Hacker တစ်ဦး အသုံးပြုနိုင်တဲ့နည်းပညာ လုပ်ဆောင်ချက်မဟုတ်ဘူးဆိုရင် အဲဒါကို နိုင်ငံ တစ်ခုခုရဲ့ အစိုးရအဖွဲ့အစည်း တစ်ရပ် ရပ်က နောက် ကွယ်က ဆောင်ရွက် ပေးနေ တာလို့ သတ်မှတ်ပြီး State Sponsored ဆိုတဲ့စကားကို သုံးပါတယ်လို့ ရှင်းပြပါတယ်။ ကျွန်တော်တို့ မေးလ်တွေ ကိုပို့တဲ့ သတိပေးချက်ဟာ အဲဒီသဘောပါပဲလို့ ပြောပါတယ်။

နောက်ပြီး ဆက်ဆွေးနွေးတဲ့အခါမှာ ကျွန်တော်က Gmail လုံခြုံရေးစနစ်မှာ အဆင့်နှစ်ဆင့်ခံပြီး စိစစ်တဲ့ စနစ်ကို စမ်းသုံးကြည့်တယ်။ ဒါပေမယ့် လျှို့ဝှက်နံပါတ်ကို ဖုန်းကနေ Voice Mail နဲ့ အကြောင်းကြားတာ တစ်ခါ တစ်လေ ရောက်လာပေမယ့် မရောက်တာက များတဲ့အတွက် သိတ် အဆင်မပြေကြောင်းလည်း သူ့ကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ ကျွန်တော့်တစ်ဦးတည်း အတွေ့အကြုံဖြစ်ပြီး ကျန်တဲ့သူ တွေကို လည်းမေးမြန်းလေ့လာသင့်ကြောင်း ပြောပြလိုက်ပါတယ်။ သူကတော့ အဲဒီ အားနည်း ချက်နဲ့ ပတ်သက်ပြီး ပြန်စိ စစ်ပါ့မယ်လို့ ပြောပါတယ်။

သူကတော့ မြန်မာနိုင်ငံကနေ Google ကို သုံးပြီး ရှာဖွေတာတွေနေ့တိုင်း တိုးတက်နေတာတွေ့ လို့ ၀မ်းသာနေပုံပဲ။ နောက်ပြီး လူတိုင်းလိုလို ဂျီမေးလ်သုံးနေတာကြောင့်လည်း ကျေနပ်နေပုံပဲ။

From : Ye Htut
ပြန်ကြားရေး ဒုတိယ ဝန်ကြီး 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်