လားရှိုးမြို့တွင် ယမန်နေ့ ညနေ ၅း၄၅နာရီ အချိန်၌ လားရှိုး မူးယစ် (အထူး) အဖွဲ့မှ မြို့တွင်း မူးယစ် ဆေးဝါး တားဆီးရေး လုပ်ငန်း ဆောင်ရွက် နေစဉ် ကြိုတင် သတင်း ရရှိမှု အရ လားရှိုးမြို့ မန်ဆူ ကားဝင်း အတွင်း ရှိ ကြယ်တံခွန် ကားဂိတ် တွင်မသင်္ကာသူ အမျိုး သမီး နှစ်ဦးအား စစ်ဆေးကာ ဖမ်းဆီးနိုင်ခဲ့ သည်ဟု သိရ သည်။
ယင်း အမျိုး သမီး နှစ်ဦးအား ပတ်ဝန်း ကျင်ရှိ အသိ သက်သေ များနှင့်အတူ မူးယစ် (အထူး) ရဲစခန်းသို့ ခေါ်၍ မူးယစ် ရဲမေ များက တရားခံအမျိုးသမီး နှစ်ဦးတို့အား တစ်ဦးစီ ရှာဖွေစစ်ဆေးခဲ့ရာ မရန်ဆိုက်လန့် ၀တ်ဆင် ထားသော ဘော်လီအင်္ကျီ အတွင်းမှ သိုဝှက်သယ်ဆောင်ခဲ့သော အပြာရောင် ပလပ်စတစ် ကပ်ခွာ အိတ်ဖြင့် ထည့်ထားပြီး ကွန်ဒုံးဖြင့် ထုပ်ထားသော 88 နှင့် 1စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွ ရှုးသွပ် ဆေးပြား ၁၉၅ပြား ပါဝင်သော အထုတ်ရှစ်ထုပ်၊ စုစုပေါင်း ဆေးပြား၁၅၆၀ပြား၊ တန်ဘိုးငွေ တစ်ပြားလျှင် နှစ်ထောင်နှုန်းဖြင့် ၃၁သိန်း၂သောင်းကျပ် အလေးချိန်၁၄၀.၄ဂရမ်နှင့် မ၀ူရွှင်ရင်းအား ရှာဖွေစစ် ဆေးရာ ၎င်း၏ အမျိုးသမီးအင်္ဂါအတွင်း၌ သိုဝှက် သယ်ဆောင်လာသော အပြာရောင် ပလပ်စ တစ် ကပ်ခွာအိတ်ဖြင့်ထည့်ပြီး ကွန်ဒုံဖြင့်ထုတ်ထားသော ပန်းရောင် စိတ်ကြွရှုးသွပ်ဆေးပြား ၁၉၅၀ပြား`၊ ကျပ်၃၉သိန်းဖိုး အလေးချိန် ၁၇၅.၅ဂရမ်တို့ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများ ခန္ဓာကိုယ်တွင်း၌ သိုဝှက် သယ်ဆောင်လာသော ကွတ်ခိုင်မြို့နယ် (၆)ရပ်ကွက် တွင်နေထိုင်သူ မရန်ဆိုင်လန့်နှင့် မဝူရွှင်ရင်းတို့အား လားရှိုးအမှတ် (၁) ရဲစခန်းမှ မယ(ပ)၃၁/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရသည်။
ထွန်းထွန်း
The Myanma Age
Time in Rangoon


0 comments:
Post a Comment