Friday, February 22, 2013

အင်တာနက် ဘလော့များပ်ါတွင် ရေးသားထားသော ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း နှင့် အခြားဗိုလ်ချုပ်များ မကောင်းကြောင်း အတင်းများအား NLD ညီလာခံတွင် စာအုပ်ထုတ်ဝေ ရောင်းချ

Posted by drmyochit Friday, February 22, 2013, under | No comments


အစိုးရဘက်မှ သက်တမ်း ၂ နှစ် ရှိသည့်တိုင် နောက်ကြောင်း ပြန် လှည့်မည့် အရိပ်အယောင် မတွေ့ရ သော်လည်း NLD ပါတီဖက်မှ နောက်ကြောင်းပြန်လှည့်လိုသည့် လုပ်ဆောင် မှုများ ကို ပထမဆုံး ပါတီညီ လာခံ မပြုလုပ်ခင်မှာပဲ လုပ်ဆောင် လာသည်ကို တွေ့လာရသည်။


အင်တာနက် ဘလော့များပ်ါတွင် ရေးသား ထား သော ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း နှင့် အခြား ဗိုလ်ချုပ်များ မကောင်းကြောင်း အတင်းများအား တောင်ကြီးမြို့ NLD ညီလာခံတွင် စာအုပ်ထုတ်ဝေ ရောင်းချ လျှက်ရှိကြောင်း သိရသည်။

အတိုက်အခံ အသံလွှင့်မီဒီယာအဖြစ် ရပ်တည်ခဲ့သော RFA အသံလွှင့်ဌာန၏ ဆောင်းပါးများ၊ အမည်နာမ သေချာဖော်မပြပဲ ရေးသားထားသူတို့၏ ဘလော့များမှ ပိုစ့်များ၊ သက်သေ အထောက်အထား တစုံတရာ မရှိသော စစ်ဗိုလ်ချုပ်များ၏ အတွင်းရေး ဆိုသည့် ပုဂ္ဂိုလ်ရေး အကြောင်းအရာများကို NLD မှ စာအုပ်ရိုက်ထုတ်ဝေမှုအတွက် NLD ပါတီ၏ ရပ်တည်ချက် ကို မေးခွန်းထုတ်စရာဖြစ်လာသည်။

တောင်ကြီးတွင် ပြုလုပ်သော ပြည်နယ်အဆင့် ညီလာခံကျင်းပမှုကို မန္တလေးတိုင်း NLD က လာရောက် ကြီးကြပ်ပေးသည်ကို တွေ့ရပြီး အနာဂါတ်မြန်မာနိုင်ငံကောင်းဖို့ လက်တွဲလုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ မလုပ်ဆောင်သင့်ကြောင်း Myanmar Express မှ အယ်ဒီတာ မှ ယခုလိုပြောကြားခဲ့သည်

"အင်တာနက်ပေါ်မှာ ရေးခဲ့တာတွေ၊ အတိုက်အခံ အသံလွှင့်ဌာနက ထုတ်ခဲ့တာတွေ ကို ပုံနိပ်ရောင်းတာက တကယ်မလုပ်သင့်တဲ့ ကိစ္စဗျ.. အထူးသဖြင့် အခုလို ပြည်တွင်းငြိမ်းချမ်းရေးလည်း ရနေချိန်၊ ဒီမိုကရေစီ ရုပ်လုံးလည်း ပေါ်နေချိန်မှာ ပိုပြီးတော့ မလုပ်သင့်သေးတယ်... အခု ၂၀၁၃ မှာတောင် ဒီလောက် လုပ်နေရင် လာမယ့် ၂၀၁၄ နဲ့ ၂၀၁၅ မှာ ဒီထက်ဆိုးတာတွေ လျှောက်ရေးပြီး ဝါဒဖြန့်မှာပဲ... ရွေးကာက်ပွဲ နီးလေ ပြိုင်ဖက်ကို မကောင်းရေးလေလုပ်မှာပဲဗျ...

 NLD အတွင်းက အရှုတ်တော်ပုံတွေ၊ အမှားတော်ပုံတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှုတ်တော်ပုံတွေလည်း Myanmar Express မှာ အများကြီး ရှိတာပဲ... NLD လုပ်သလိုမျိုး ပုံနိပ်ထုတ်ဝေဖို့ ကျွန်တော်တို့ဆီကို ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ လက်မခံခဲ့ဘူး.." ဟု ပြောဆိုခဲ့သည်။

Myanmar Express Website အား ၂၀၀၇ ခု နှစ်တွင် တည်ထောင်ခဲ့ပြီး အစွန်းရောက် အတိုက် အခံများ အား ဆုံးမခြင်း၊ NLD အတွင်းရေး အမှန်တရားများအား ဖွင့်ချခြင်း၊ အတိုက်အခံမီဒီယာများ၏ အရှုတ်တော် ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်၏ လိင်အရှုတ်တော်ပုံများ၊ ဒေါ်လာစား အတိုက်အခံများ၏ လုပ်စားနေမှုများ ကို ဖွင့်ချ မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၀ နိုဝင်ဘာလမှ စတင်ကာ ဖွင့်ချမှုများကို ရပ်တန့်ပြီး အပြုသ ဘောဆောင် ရေးသားမှုများဖြင့်သာ ဆက်လက်ရပ်တည်ခဲ့သည်။

From: Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်