Friday, February 22, 2013

လူဦး​ရေ ၅၀ ရာခိုင်နှုန်း​ မိုဘိုင်း​ဖုန်း​ ကိုင်နိုင်မယ် ဆိုတာ တကယ်ဖြစ်လာမှာလား

Posted by drmyochit Friday, February 22, 2013, under | No comments


အခုတ​လော ပြည်တွင်း​မှာ ပြည်သူ​တွေ စိတ် အဝင် စား​ဆုံး​ သတင်း​ က​တော့​ မိုဘိုင်း​ဖုန်း​ တွေနဲ့​ ပတ်သက်တဲ့​ သတင်း​ပဲ ဖြစ်ပါတယ်။ မိုဘိုင်း​ဖုန်း​ တပ်ဆင်​ရေး​ ပြဿနာနဲ့​ ပတ်သက်ပြီး​ ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ကို စစ်​ဆေး​နေတယ်။ ဆက်သွယ်​ရေး​ဝန်ကြီး​ဌာနက အကြီး​တန်း​အရာရှိ​တွေကို တရား​စွဲထား​တယ်။ သူတို့​နဲ့​ အတူလုပ်ကိုင်​နေတဲ့​ ခရိုနီ​တွေပိုင် ကုမ္ပဏီ​တွေကို ​ခေါ်ယူစစ်​ဆေး​နေတယ်။ လာမယ့်​ ဧပြီလဆန်း​ဆိုရင် ပြည်သူ​တွေ ဝမ်း​သာ​စေမယ့်​ ​ဈေး​နှုန်း​နဲ့​ မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေ ​ရောင်း​ပေး​တော့​မယ် စတဲ့​ သတင်း​တွေအား​လုံး​ ပြည်သူ​တွေ စိတ်ဝင်စား​ကြပါတယ်။


ဒီရက်ပိုင်း​အတွင်း​ ချင်း​ပြည်နယ်ကို ​ရောက်သွား​တဲ့​ သမ္မတ ဦး​သိန်း​စိန်ကလည်း​ သူ့အစိုး​ရ သက်တမ်း​အကုန် ၂၀၁၅-၁၆ ကျရင် လူဦး​ရေရဲ့​ ၅၀ ရာခိုင်နှုန်း​ မိုဘိုင်း​ဖုန်း​ ကိုင်နိုင်​အောင် လုပ်​ပေး​မယ် ဆိုပြီး​ ကတိ​ပေး​ခဲ့​ပြန်တဲ့​ အတွက် ဒီကိစ္စ ပြည်သူ​တွေ စိတ်ဝင်စား​စရာပိုဖြစ်လာပါ​တော့​မယ်။ ဒီကတိ ဖြစ်နိုင်ပါ့​မလား​ ဆိုတာ ခုတပတ် ​ဆွေး​နွေးတင်ပြသွား​မယ် ဖြစ်ပါတယ်။

တကယ်​တော့​ ဒီစီမံကိန်း​ကို ပထမဦး​ဆုံး​ တင်ပြတာ သမ္မတ ဦး​သိန်း​စိန်​တော့​ မဟုတ်ပါဘူး​။ လက်ရှိ အစစ်​ဆေး​ခံ​နေရတဲ့​ ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ ဦး​သိန်း​ထွန်း​ ဖြစ်ပါတယ်။ သူက ၂၀၁၁ ဇွန်လ အစိုး​ရအဖွဲ့​အစည်း​အ​ဝေး​မှာ ၂၀၁၁-၁၂ ဘဏ်ဍာ​ရေး​နှစ်က စလို့​ ၂၀၁၅-၁၆ အစိုး​ရသက်တမ်း​ကုန်ဆုံး​ချိန် ဘဏ်ဍာ​ရေး​နှစ်အထိ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်သွား​မယ်လို့​ ကတိပြုခဲ့​ပါတယ်။ သူ့ တင်ပြချက် အရ ပထမနှစ်မှာ ၄ သန်း​၊​ ​နောက်နှစ် ၅ သန်း​၊​ အဲလိုနည်း​နဲ့​ ၆သန်း​၊​ ၇ သန်း​နဲ့​ ၈ သန်း​ စုစု​ပေါင်း​ သန်း​ ၃၀ တပ်ဆင်မယ်။ ၂၀၁၆ ​ရောက်ရင် လူဦး​ရေရဲ့​ ၅၀ ရာခိုင်နှုန်း​ ဖုန်း​ကိုင်နိုင်မယ့်​သ​ဘော ဖြစ်ပါတယ်။ ဒါ​တောင် လက်ရှိ က​မ်ဘောဒီး​ယား​မှာ လူဦး​ရေရဲ့​ ၇၀ ရာခိုင်နှုန်း​၊​ လာအိုမှာ ၈၀ ရာခိုင်နှုန်း​ကျော်၊​ ထိုင်း​မှာ ၁၀၀ ရာခိုင်နှုန်း​ကျော်ကိုင်နိုင်တာနဲ့​ လုံး​ဝ မနှိုင်း​ယှဉ်နိုင်​သေး​ပါဘူး​။

အဲလို ​နောက်ထပ် ကတိပြုသူတ​ယောက်က​တော့​ အရင် စီမံကိန်း​ဝန်ကြီး​ ဦး​တင်နိုင်သိန်း​ ဖြစ်ပါတယ်။ သူကလည်း​ အလား​တူ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်​ရေး​ကို အမျိုး​သား​စီမံကိန်း​မှာ ထည့်​ထား​တဲ့​အ​ကြောင်း​ နိုင်ငံတကာ ညီလာခံတခုမှာ ထုတ်​ဖော် ​ပြောဆိုပါတယ်။ ဆက်သွယ်​ရေး​ဝန်ကြီး​ ဦး​သိန်း​ထွန်း​အ​နေနဲ့​ သူ​ပေး​တဲ့​ ကတိ ၅ နှစ်အတွင်း​ မိုဘိုင်း​ဖုန်း​ သန်း​ ၃၀ တပ်ဆင်ဖို့​ဆိုရင် မြန်မာ့​ဆက်သွယ်​ရေး​ တခုတည်း​ လုပ်လို့​မရနိုင်ပါဘူး​။ အ​ကြောင်း​က​တော့​ ဒီ ဝန်ကြီး​ဌာနဟာ ဆယ်စုနှစ် ၁ ခု​ကျော်အတွင်း​ မိုဘိုင်း​ဖုန်း​ ၂ သန်း​ ၃ သန်း​တောင် ​ကောင်း​ကောင်း​ မတပ်ဆင်ခဲ့​လို့ ဘာအ​တွေ့​အကြုံမှ မရှိသလို ဘာ အချက် အလက်​တွေနဲ့​ မှလည်း​ မပြည့်​စုံပါဘူး​။ ဒီအတွက် နိုင်ငံတကာ တယ်လီကွန်း​ ကုမ္ပဏီ​တွေကို ဖိတ်​ခေါ် ရင်း​နှီး​မြုပ်နှံခွင့်​ပြုဖို့​ လိုပါတယ်။ ဒီအတွက် လိုအပ်တဲ့​ ဥပ​ဒေဆိုင်ရာ ကိစ်စ​တွေကို အလျင်အမြန် ပြဌာန်း​ပေး​ဖို့​ လိုပါတယ်။

ဒါ​ပေမယ့်​ လက်​တွေ့​ အ​ခြေအ​နေ​တွေက​တော့​ ​ပြောင်း​ပြန်ဖြစ်ပါတယ်။ ဝန်ကြီး​ဦး​သိန်း​ထွန်း​ဟာ နိုင်ငံတကာ ရင်း​နှီး​မြှုပ်နှံ မှုကို ခွင့်​ပြုဖို့​အတွက် ဥပ​ဒေ အဆင်သင့်​ မရှိ​သေး​ဘူး​ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ ဒီလို ပမာဏ ကြီး​မား​လှတဲ့​ စီမံကိန်း​ကို ပြည်တွင်း​က ခရိုနီ​တွေနဲ့ ပြိုင်ဘက်မရှိ အ​ကောင်အထည် ​ဖော်ပါ​တော့​တယ်။ ပြိုင်ဘက်မရှိ ဆိုတဲ့​အတိုင်း​ ပွင့်​လင်း​မြင်သာမှု မရှိတဲ့​ တင်ဒါစနစ်​တွေနဲ့ လုပ်ကိုင်တဲ့​အခါ လာဘ်​ပေး​မှု အကြီး​အကျယ် ဖြစ်​ပေါ်ပြီး​ ကုန်ကျစရိတ် မြင့်​တက်မှု​တွေ ဖြစ်​ပေါ်​စေ ခဲ့​ပါတယ်။ ဒါတင်မက နိုင်ငံတကာမှာ ကျပ် ၅ ​ထောင်​လောက်ပဲ ​ပေး​ရတဲ့​ မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေကို တန်ဖိုး​နည်း​ ဆိုပြီး​ ကျပ်​ငွေ ၂ သိန်း​၊​ ၂ သိန်း​ခွဲ​ဈေး​နှုန်း​နဲ့​ မျက်နှာ​ပြောင်တိုက် ​ရောင်း​ချခဲ့​ကြပါ​သေး​တယ်။

အကျိုး​ဆက်က​တော့​ အရင်​ခေတ်ကလို ငုံ့​မခံတတ်​တော့​တဲ့​ ပြည်သူ​တွေဆီက မ​ကျေမနပ်အသံ​တွေ ထွက်​ပေါ်လာ​စေပါတယ်။ ဖြစ်နိုင်ရင် မိုဘိုင်း​ဖုန်း​ ဆင်း​ကတ်​တွေကို အလကား​တောင် ​ပေး​သင့်​တယ်လို့​ပြောတဲ့​ သမ္မတကိုလည်း​ အရှက်ရ​စေပါတယ်။ ဒီထက်ဆိုး​တာက ​ဈေး​နှုန်း​ကြီး​မြင့်​မှု​ကြောင့်​ စီမံကိန်း​ရည်မှန်း​ချက်အတိုင်း​ မိုဘိုင်း​ဖုန်း​တွေ မတပ်ဆင်နိုင်​တော့​ခြင်း​ပါ။ စီမံကိန်း​ ဒုတိယနှစ်အကုန်မှာ မိုဘိုင်း​ဖုန်း​ ၉ သန်း​ ထပ်​ဆောင်း​ တပ်ဆင်ပြီး​ ဖြစ်ရမယ့်​အစား​ ၆ သန်း​တောင် မပြည့်​ခဲ့​ပါဘူး​။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြဿနာ​တွေဟာ ပြည်​ထောင်စုဝန်ကြီး​ ပါဝင်တဲ့​ အဂတိလိုက်စား​မှု ကွင်း​ဆက်ကြီး​ကို အ​ရေး​ယူရသည်အထိ အရုပ်ဆိုး​အကျည်း​တန်ခဲ့​ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက​တော့​ ကံ​ကောင်း​နေဆဲပါပဲ။ ဆက်သွယ်​ရေး​က​နေ နိုင်ငံခြား​ရင်း​နှီး​မြှု ပ်နှံမှု ကုမ္ပဏီ ၂ ခု လုပ်ခွင့်​ပေး​မယ်လို့​ ​ကြေညာလိုက်တဲ့​အခါ လုပ်ကိုင်မယ် ဆိုပြီး​ အဆိုပြုလာတဲ့​ ကုမ္ပဏီ လုပ်ငန်း​စု ၉၁ ခု ​တောင်ရှိခဲ့​ပါတယ်။ ကမ္ဘာ့ တိုက်ကြီး​ အား​လုံး​က နာမည်ကြီး​ တယ်လီကွမ်း​ ကုမ္ပဏီအား​လုံး​ ပါဝင်တယ်လို့တောင် ဆိုနိုင်ပါတယ်။

တကယ်လို့ သာ သမ္မတ ဦး​သိန်း​စိန်အစိုး​ရအဖွဲ့ ဟာ အရင် ဆက်သွယ်​ရေး​ဝန်ကြီး​ အဆိုပြုထား​တဲ့​ ရင်း​နှီး​မြှုပ်နှံမှုပုံစံကို ပယ်ဖျက်ပြီး​ ကမ္ဘာ့ အဆင့်​ တယ်လီကွန်း​ ကုမ္ပဏီ အနည်း​ဆုံး​ ၄-၅ ခု​လောက် ခွင့်​ပြု ပြိုင်ဆိုင်ခွင့်​ပေး​လိုက်ရင် နဂို​မျှော်မှန်း​ထား​တဲ့​ ရည်ရွယ်ချက်​တွေ ပြည့်​မီနိုင်ပါတယ်။ တကယ်လို့ အဲလို မဟုတ်ဘဲ သန်း​ ၆၀ ပြည်သူ​တွေ မျက်နှာကိုမကြည့်​ဘဲ ခရိုနီ​တွေ ​ကောင်း​စား​ရေး​ကိုပဲ ဆက်လုပ်ခဲ့​ဦး​မယ်ဆိုရင်​တော့​ ဒါဟာ သမ္မတ ဦး​သိန်း​စိန် အစိုး​ရ အတွက် မျက်နှာပျက်စရာ ကိစ္စတခု ထပ်ပြီး​ ဖြစ်လာနိုင်​ကြောင်း​ တင်ပြလိုက်ရပါတယ်။

DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်