Friday, February 22, 2013

ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် ပြတိုက်များ ရက်တိုးမြှင့် ဖွင့်လှစ်မည်

Posted by drmyochit Friday, February 22, 2013, under | No comments


ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ပြတိုက်များကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရက်တိုးမြှင့် ဖွင့်လှစ် သွားမည်ဟု ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်မှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ဝန်ကြီးဌာန လက်အောက်တွင် ပြတိုက်ပေါင်း ၃၀ ရှိရာ ယခင်က သတ်မှတ်ထားသည့် ပိတ်ရက်များအနက် အင်္ဂါနေ့ ကို မပိတ်တော့ဘဲ ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။


“အဲဒီပြတိုက်တွေကို အရင်က တနင်္လာနဲ့ အင်္ဂါနေ့ နှစ်ရက်နဲ့ ပြန်တမ်းဝင် ပိတ်ရက်တွေကို ပိတ်ရက်အဖြစ် သတ်မှတ် ခဲ့တာပါ။ ဧပြီလ ၁ ရက်နေ့က စပြီး တနင်္လာနေ့နဲ့ ပြန်တမ်းဝင် ပိတ်ရက်တွေကိုသာ ပိတ်ရက် အဖြစ် သတ်မှတ်ပြီး ရက်တိုးမြှင့် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားပြတိုက်မှ ဒေါ်တင်တင်အေး က
ပြောသည်။

ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း ကလည်း “ယဉ်ကျေး မှုဝန်ကြီးဌာန လက်အောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အမျိုးသားပြတိုက်၊ ဗိုလ်ချုပ် အောင်ဆန်း နေအိမ် ပြတိုက်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကမ္ဘောဇသာဒီ ပြတိုက်၊ သရေခေတ္တရာ
ရှေးဟောင်း သုတေသန ပြတိုက်၊ ပုဂံ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေ၊ ဟားခါး၊ မြစ်ကြီးနားတို့မှာရှိတဲ့ တိုင်းရင်းသားရေးရာ ပြတိုက်တွေ စတဲ့ ပြတိုက်ပေါင်း ၃၀ ကို ရက် တိုးမြှင့် ဖွင့်လှစ်သွားမှာပါ” ဟု ဆိုသည်။

ယင်း ပြတိုက် ၃၀ တွင် အမျိုးသားပြတိုက်၊ ရှေးဟောင်း သုတေ သန ပြတိုက်များ၊ တိုင်းရင်း သားရေးရာ
ပြတိုက်များ၊ သမိုင်းဆိုင်ရာပြတိုက်များ ဟူ၍ အမျိုးအစား ၄ မျိုး ပါဝင်သည်ဟု ဆိုသည်။

ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ၏ တောင်းဆိုချက်အရ ရက်တိုးမြှင့် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

ရန်ကုန် (မဇ္ဈိမ) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်