Friday, February 22, 2013

ရန်ကြီးအောင်မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားချောက်ထဲထိုးကျ

Posted by drmyochit Friday, February 22, 2013, under | No comments


မန္တလေးမှ တောင်ကြီးသို့ တက်လာသည့် ခရီးသည်တင် ရန်ကြီးအောင် မှန်လုံလေအိတ် EXPRESS အမြန် ယာဉ် ကားကြီးသည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ၊နံနက်၎း၀၀ နာရီအချိန်တွင် ဟဲဟိုးမြို့ အကျော် ၊ တောင် လေးလုံး မရောက်မီ တီကောင်တောင် အကွေ့တွင် ကား ဘရိတ် ပေါက်ပြီး တီကောင် တောင်အောက်ရှိ
ချောက်ကမ်းပါး အတွင်းသို့ ကားတစ်စီးလုံး ထိုးကျ သွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ် ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၁၇ ဦး ထိခိုက် ဒဏ်ရာများ ရရှိပြီး တော င်ကြီးမြို့၊ စ၀်စံထွန်း ဆေးရုံ အရေးပေါ် ဌာနတွင် တင်ဆောင် ကုသ ပေးလျက် ရှိကြောင်း သိရသည်။


ထို့ကား တစ်စီးလုံးချောက်အတွင်း သို့ကျရောက်ခဲ့သော်လည်း ခရီးသည် အသေ အပျောက် လုံးဝမ ရှိ ကြောင်း၊ ဒဏ်ရာရရှိသူ (၁၇) ဦးသာရှိကြောင်း၊ယာဉ်ပေါ်တွင် ခရီးသည် စုစုပေါင်း (၃၆) ဦးပါဝင်ကြောင်း ၊ ယာဉ်အမှတ်မှာ၂ဃ/ ----- ဖြစ်ကြောင်းရန်ကြီးအောင် ဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ယာဉ်မောင်းဖြစ်သူ ကိုစိုးသန်းထွေး (၄၄)နှစ်အား ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြစ့် သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူထားကြောင်း တာဝန်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အရာရှိ တစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။


ဂျွန်ချစ်ငြိမ်း
Yangon Media Group 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်