Friday, March 08, 2013

စိန်ဂေဟာ အမျိုးသမီး နှစ်ဦး မတရား ဖမ်းဆီး ခံရမှုသည် အမျိုးသမီး အခွင့် အရေး ချိုးဖောက်ခြင်း ဖြစ်

Posted by drmyochit Friday, March 08, 2013, under | No comments

 ရန်ကုန် မြို့  ပြည်လမ်းပေါ် ရှိ စိန်ဂေဟာ စူပါစင် တာ ဆေး အရောင်း ကောင်တာ နှစ်ခု မှ အမျိုး သမီး နှစ်ဦး ကို ကာမ စိတ်ကြွ ဆေးပြား ရောင်းဝယ် မှု ဖြင့် ဖမ်း ဆီးထား ခြင်းသည့် စီမံချက် ကြောင့် အာ
မခံ ပေး နိုင် သည့် အမှု မ ဟုတ် သောကြောင့်ပြန် လွှတ်ပေး ခြင်း မရှိ ဟု ဖမ်းဆီး ထားသည့် အမျိုး သမီး နှစ်ဦး နှင့် လုပ်ဖော်ကိုင်ဖက် တစ်ဦး က FNG ကို ပြော သည်။

ထို အမျိုးသမီး နှစ်ဦး ကို ရဲ က ဖေဖော်ဝါရီလ ၅ ရက် နေ့  တွင် ဖမ်းဆီး ခဲ့ ခြင်း ဖြစ်ပြီး ဒဂုံ မြို့  နယ် ရဲစခန်း ထဲ တွင် ချုပ် နှောင် ထားသည်။

အမျိုးသမီး နှစ်ဦး သည် စိန်ဂေဟာ နှင့် Orange Super market တို့  မှ ၀န်ထမ်းများ ဖြစ် ပြီး ၎င်း တို့  ၏ ဆိုင် မှ  ရောင်းချရန် ခွင့် ပြုထားသည့် ပစ္စည်းများ ကို သာ ၀န် ထမ်း အနေဖြင့် ရောင်းချ ပေး ရ ခြင်း ဖြစ် သည်။

“သူတို့  က ဆေးအရောင်း ကောင်တာ က ၀န်ထမ်းတွေ လေ၊ သူတို့  ကြိုက်တာ တင် ပြီး ရောင်းလို့  ရတာ မဟုတ် ဘူး ဆိုင်က ရောင်းခိုင်းတာ ရောင်းရတာ ၊ ပစ္စည်း တိုင်း မှာ စတိုး ကုဒ် နံ ပါတ်တွေ ရှိတယ်။ ရောင်း ရတာ  အကုန် လုံး ပစ္စည်း နဲ့  ငွေ နဲ့  ကို ကွန်ပျုတာ စနစ် နဲ့  လုပ်ထား တာ စိန်ဂေဟာ က ရောင်းတာ မဟုတ် ဘဲ ကိုယ်ကြိုက် တဲ့ ပစ္စည်း တင်ရောင်း လို့  မှ မရတာ စိန်ဂေဟာ မှာ ဘဲ တာဝန်ရှိတယ် လို့  စိန်ဂေဟာ ဆိုင်ခွဲ တစ်ခု မှ ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။

စိန်ဂေဟာ မြေညီထပ် ရှိ Orange ဆေးအရောင်း ကောင်တာ မှ ရောင်းချ သည့် ဆေးကို သာ လခစား ၀န်ထမ်း အနေဖြင့် ရောင်းချပေးရသည့် အမျိုး သမီး နှစ်ဦး ကို ဖမ်းဆီးရာ ဉ်  ရဲက ရှာ ဖွေ ပုံစံ တွင် အတင်း အကျပ် လက်မှတ်ထိုး ခိုင်း ပြီး နောက်အပြစ် ရှိသည် ဟု ၀န်ခံ သည် ဆိုကာ  ရဲစခန်းတွင် ဖမ်းဆီး ထား ပြီး အမှု ဖွင့်အရေးယူထား ခြင်း ဖြစ်သည်။

ကာမ စိတ်ကြွဆေး ပြား ရောင်းဝယ်မှု ဖြင့် ဖမ်းဆီးခံထား ရသည့် အမျိုး သမီးနှစ်ဦး နဲ့  ပတ်သက် ပြီး ရန်ကုန် မြို့  မှ  ဆရာဝန် တစ်ဦး ဖြစ်သူ ဒေါက်တာ အေးမင်းဦး က ” ဒါ လူ့ ဂုဏ် သိက္ခာ ကို ပါ စော်ကား တာ အမျိုး သမီး အခွင့် အရေး ကို လည်း ချိုးဖောက်တာ ပဲ ၊ သာမန် မိန်းကလေး တွေ ကို ကာမ စိတ်ကြွ ဆေးပြား ရောင်း မှု နဲ့  ဖမ်းထား တယ် ဆိုတော့ သူတို့  အနာဂတ် ကိုယ် နင်းချေ လိုက် သလို ပဲ ဟု သုံးသပ်သည်။

မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့  ၏ စီမံ ချက် ဆိုသည့် ရဲ အမှု တိုင်း ဉ် အပြစ် မဲ့ သူများ မှာ မတရား ဖမ်းဆီး ချုပ်နှောင် ခံ ရ လေ့ ရှိသည်။

Freedom News Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်