Friday, March 08, 2013

အမျိုးသမီးက တရုတ် အရွယ်ကောင်း အမျိုးသားက ထိုင်းသို့ လူကုန်ကူးခံနေရ

Posted by drmyochit Friday, March 08, 2013, under | No comments

 လူကုန်ကူးခံရသူများတွင် အမျိုးသမီးငယ်များသည် အဓိက ပစ်မှတ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် အရွယ်ကောင်း အမျိုးသားများသည်လည်း လူကုန် ကူးခံ ရမှုများပြားလာကြောင်းကို လူထုအခြေပြု အဖွဲ့  အစည်း များမှ သိရသည်။
တရုတ်ပြည် ဘက်သို့ လူကုန်ကူးခံရသူများတွင် အမျိုးသမီးများမှာအဓိကဖြစ်ပြီး ထိုင်းနိုင်ငံဘက်သို့ လူကုန် ကူး ခံရသူ များတွင် အမျိုး သားများ မှာ အဓိ ကဖြစ်ကြောင်း Human Rights Education Institute of Burmaမှ အမှုဆောင် ဒါရိုက်တာ ဦးအောင် မျိုးမင်းကပြောသည်။

“ထိုင်းနိုင်ငံမှာ အခုအချိန်ထိဘာတွေ့ရလည်းဆိုတော့  ဒီတရား မ၀င်ငါးဖမ်းတဲ့ စက်လှေတွေ ရှိတယ်။ စက်လှေတွေ မှာ ဘယ်လို မျိုးလူတွေ လိုလည်း ဆိုတော့ အသက် ၁၂ နှစ်ကနေ ၁၆ နှစ် တကယ့် အရွယ်ကောင်း တဲ့ အမျိုးသားတွေပဲ ဦးတည် လုပ်ဆောင်တယ် ဘာလို့လည်းဆိုတော့ ဒီလုပ်ငန်းက သူတို့နဲ့ အရမ်း ကိုက် တယ်။”ဟုအဆိုပါပုဂ္ဂိုလ်ကဆက်ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံတောင်ပိုင်း၌ ရာဘာခြံအမြားအပြားရှိပြီး ဘာသာရေးကြောင့် မငြိမ်သက်မှု များ ဖြစ်ပွား လျက် ရှိခြင်းကြောင့် ထိုင်းလူမျိုးများမှာ တောင်ပိုင်းတွင် သွားမ လုပ်ကြပဲ မြန်မာ အမျိုးသား များသာ သွားရောက် လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

“လက်ရှိ အခြေ အနေမှာ အမျိုးသားတွေ ကလည်း လူကုန်ကူးမှုဈေးကွက်မှာ ၀င်လာတာတွေ့ ရပါ တယ်။”ဟု ဆက်ပြော သည်။

ထိုင်းဘက် တွင် မြန်မာ လူမျိုး များများ လူကုန် ကူးခံနေရ သကဲ့သို့ တရုတ်နိုင်ငံသို့လူ ကုန်ကူး ခံရမှု များမှာ ယ ခင် ကထက် အဆမ တန်မြင့် တက် လာသ ည် ကိုတွေ့ရကြောင်း ကိုအောင်မျိုး မင်းကပြော သည်။

တရုတ်နိုင်ငံ၏ (one childe) ပေါ်လ စီကြောင့် အမျိုး သမီးဦးရေ နည်း ပါးလာပြီး  ပြည်နယ် တွင်း၌ သတို့ သမီး သန်းနှစ်ရာ လိုအပ်နေ သည့်အတွက်  အိမ်နီးခြင်းနိုင်ငံ များမှ အမျိုး သမီး များအား တရုတ် မျိုးဆက် ထိန်း သိမ်း ရန် ဆိုသည့် အကြောင်းပြ ချက်ဖြင့် လူကုန်ကူးမှုများပြုလုပ်နေသောကြောင့်   တရုတ်နိုင်ငံ ဘက်တွင် လူကုန် ကူး ခံရမှုများ   ပြားလာခြင်းဖြစ်ကြောင်း ဒေါ်စူစန်နာလှလှစိုးက ပြောခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် လူကုန် ကူးမှုများ အား ဖမ်းဆီး ရရှိနိုင်မှု အခြေ အနေ ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ၀ဘ်ဆိုဒ်စာ မျက်နှာတွင် အောက်ပါ အတိုင်းဖော်ပြထားသည်။

ခုနှစ် အမှု တရားခံ လူကုန်ကူး ခံရသူ
၂၀၀၆ ၅၂ ၁၈၅ ၁၉၅
၂၀၀၇ ၁၂၇ ၃၀၃ ၂၇၁
၂၀၀၈ ၁၃၄ ၃၅၉ ၃၀၃
၂၀၀၈ ၁၃၄ ၃၅၉ ၃၀၃
၂၀၀၉ ၁၅၅ ၄၆၄ ၃၀၂
၂၀၁၀ ၁၇၃ ၅၀၂ ၃၈၁
၂၀၁၁ ၁၃၆ ၃၅၁ ၂၆၅
၂၀၁၂ဇန် ၆၈ ၁၉၃ ၁၄၀

လူကုန်ကူး ခံရမှုများတွင် အသက် (၁၂) မှ (၁၈) နှစ်ထိ အမျိုးသား၊ အမျိုး သမီးများမှာ ဈေးကွက်ဝင်လျက် ရှိကြောင်း ကို လည်းသိရသည်။

လူကုန် ကူးခံ ရမှု များတွင် အဓမ္မထိမ်းမြား လက်ထပ် မှုမှာ အများ ဆုံးဖြစ်နေပြီး၊ ပြည့်တန် ဆာပြုခြင်းနှင့် အဓ္မမ ခိုင်းစေခြင်း တို့မှာ ဒုတိယ အများ ဆုံးဖြစ်ကြောင်း ၎င်းတို့ ၏ဖော်ပြချက် အရသိရသည်။

“အန်တီတို့ အနေ နဲ့တော့ သား သမီးတွေကို ကိုယ့်နိုင်ငံထဲ မှာပဲ လုပ်စေ ချင်တယ်၊ ကိုယ်နဲ့ရ င်အုပ် မကွာ ရှိစေချင် တယ်၊ ကိုယ်က လည်း သမီးမိန်း ကလေးတွေမွေး ထားတာ ဆိုတော့ လူကုန်ကူး မှုခံရတဲ့ သတင်းတွေ ကြား ပြီး ကိုယ့်သမီးကိုယ်ဆုံးမရတယ်။ ဘယ်လိုနေ၊ ဘယ်လိုဝတ်၊ ဘယ်လို ထိုင်ဆို ပြီးတော့ပေါ” ဟုရန်ကုန် မြို့ မှ မိဘ တစ်ဦးကပြောသည်။

ထိုကဲ့သို့ ပြည်ပတွင် လူကုန် ကူးခံရ သူများ ရှိသကဲ့သို့ ပြည် တွင်းရှိ လဘ္ဘက် ရည်ဆိုင် အတော်များ များ၌ လည်း ကလေးသူ ငယ်များအား အလုပ် ခိုင်းစေခြင်း များပြုလုပ်နေ သည် ကိုတွေ့ ရသည်။

“နိုင်ငံ တစ်နိုင် ငံခြင်း အစိုး ရတွေ ပူးပေါင်း လုပ်ဆောင် မှုက အရေးကြီး တယ်၊  အဲ့ဒါ မှသာ ကျွန်တော် တို့လူ ကုန် ကူး မှုကို တိုက်ဖျက်နို င်မှာ ဒီကြား ထဲမှာ လူကုန် ကူးရ တဲ့ အကြောင်း အရင်း ရှာဖွေဖို့ လိုအပ် သလို လူကုန်ကူး ခံရတဲ့   ဖြစ်စဉ်တွေ ကိုမဖြစ်အောင် ဘယ်လိုမျိုး ကာကွယ် မလဲ ဆိုတဲ့ ပူးပေါင်းဆောင်ရွက် မှုအစီ အစဉ်တွေ  လုပ် လို့  ရ တယ်။” ဟု ကိုအောင် မျိုးမင်းမှ အကြံပြုပြောဆို ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်