Friday, March 08, 2013

အချစ်ရေးအကြောင်း ဖွင့်ဟလိုက်သည့် ဆလီနာဂိုမက်ဇ်

Posted by drmyochit Friday, March 08, 2013, under | No comments


နာမည်ကျော် ဆယ်ကျော်သက် အဆိုတော်မလေး ဆလီနာဂိုမက်ဇ်က သူမနှင့် ဂျက်စတင်ဘီဘာတို့၏ အချစ်ရေးသည် သာမန်အခြေအနေတွင် ရပ်တည်နိုင် အောင် ရုန်းကန်ခဲ့ရကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ အသက်(၁၉)နှစ်
အရွယ် ရှိ Who Says အဆိုတော်သည် ကနေဒါ Popဂီတ ကြယ်ပွင့် ဘီဘာနှင့် ဇန်နဝါရီ လက လမ်းခွဲခဲ့ကြသည်။ ဆယ်ကျော်သက် ဂီတကြယ်ပွင့် နှစ်ဦး၏ အချစ်ရေး သည် (၂)နှစ်မျှ ခိုင်မြဲခဲ့သော်လည်း အဆုံးသတ်တွင်မူ ခွဲခွာခြင်းနှင့် နိဂုံးချုပ်ခဲ့ သည်။

အမေရိကန်သူ အဆိုတော်မလေး ဆလီနာက "ကျွန်မအတွက်တော့ အချစ်ဆိုတာ သာမန် အခြေအနေ တစ်ခုပဲ။ ဘယ်လောက် ကျော်ကြားသူတွေဖြစ်ဖြစ် အခြေ ခံက တူတူပဲ။ ဂျေးဇီးနဲ့ ဘီယွန်းစ်တို့ကို ကြည့်လေ။ လူတိုင်းက သူတို့စုံတွဲဟာ အောင်မြင် ပြည့်စုံလွန်းတယ်လို့ ပြောချင်ပြောမယ်။ ဒါပေမဲ့ အဆုံးသတ် တစ်နေ့ မှာ သူတို့နှစ်ယောက်ကြားက အချစ်က ကျန်တဲ့လူတွေနဲ့ တူတူပါပဲ"ဟု မှတ်ချက်ပြု ခဲ့သည်။

သူမက "သူတို့နှစ်ယောက်ဖြစ်၊ လူတိုင်းမှာဖြစ်ဖြစ် ပြဿနာတွေ ရှိမှာပဲ။ ဒါပေမဲ့ အားလုံးက တူတူဖြေရှင်းကြတယ်။ သာမန် အခြေအနေလေးတစ်ခု ဖြစ်နိုင်အောင် ကြိုးစားကြတယ်။ သာမန်ထက် လွန်ကဲတဲ့ ဘဝမျိုးတွေ ဖြစ်နေရင်လည်း အချစ်ရေးကို သာမန်လို့ပဲ ယူဆကြတယ်။ ဒါဟာ ကျွန်မတို့ နှစ်ယောက်လုံးအတွက်လည်း အရေးပါလွန်းတဲ့ အချက်တစ်ခု ဖြစ်မှာပါ။ ဒါဟာ ခမ်းနား ကြီးကျယ်တဲ့ ခံစားချက်လည်း ဖြစ်နေတယ်။ ကျွန်မတို့က အဲဒီလို ဖြတ်သန်းနေထိုင်သင့်တာ မဟုတ်လား"ဟုလည်း ဖွင့်ဟခဲ့သည်။

သူမက အချစ်ရေးအပေါ် ယုံကြည်မှု မပျက်ပြယ်သော်လည်း တစ်စုံတစ်ယောက်နှင့် Dateရန် လတ် တလော စိတ်ကူးမရှိသေးကြောင်းလည်း ပြောကြားသွားသည်။ "လောလောဆယ်တော့ တစ်ယောက် ယောက် နဲ့ အပြင်ထွက်နေတာမျိုးတော့ လောလောဆယ် မလုပ်ချင်သေးဘူး။ အချစ်ကို ကျွန်မ ယုံပါတယ်။ ကျွန် မက အဲဒီလို မိန်းကလေးတွေထဲက တစ်ယောက်ပါ။ ကျွန်မရဲ့ သူငယ်ချင်း အများစုလည်း ယုံကြ တယ်။ မနေ့ညက ကျွန်မတို့ ကေတီပယ်ရီနဲ့ အပြင်ထွက်ဖြစ်တယ်။ သူက ကျွန်မထက် နည်းနည်း အသက် ကြီးပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပါ။ သေချာတာတော့ သူဟာလည်း အချစ်ကို ယုံတဲ့သူ တစ်ယောက် ပါပဲ"ဟုလည်း ဆလီနာက မှတ်ချက်ပြုသွားသည်။

Source: FemaleFirst

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်