Friday, March 08, 2013

ရောဂါဟောင်းပြန်ထသဖြင့် ၃ အနားယူထားသော ဇေယျာသော် နေရာတွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည်

Posted by drmyochit Friday, March 08, 2013, under | No comments


နေပြည်တော်- ပုဗ္ဗသီရိမြို့ နယ်တွင် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော် မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များဖြစ်ကြသော ဦးဖြိုးဇေ ယျာ သော်၊ ဦးမင်းသူ၊ ဦးနိုင်ငံ လင်းတို့နှင့် အတူ ဒေါက် တာမြတ် ဥာ ဏစိုး တို့ ဦးဆောင်အဖွဲ့သည် ပုဗ္ဗသီရိ မြို့နယ်၊ညောင် လူးကျေး ရွာ အုပ်စု၊ ကျောင်းစုပရိယတ်္တိစာသင်တိုက် ကျောင်းသို့ မတ်လ(၂) ရက်နေ့ နံနက် ကရောက် ရှိခဲ့ရာ ဒေသခံ ပြည်သူ များမှလှိုက် လှဲစွာကြို ဆိုခဲ့ ကြကြောင်း သ တင်းရရှိသည်။

ရှေး ဦးစွာ NLD ပါတီဥက်္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နှင့်အဖွဲ့သည် ကျောင်း စုပရိယတ်္တိစာသင် တိုက် ကျောင်း ထိုင်ဆရာတော် ဥူးသုနမောဒိ အားဖူးမျှော်ကြည် ညိုပြီး ဒေ သခံ ပြည်သူ များအား တွေ့ ဆုံနှုတ်ခွန်း ဆက်အမှာ စကားပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်ကော်မ တီဝင်များမှ တင်ပြခဲ့သော အလုပ် လက်မဲ့ပြဿနာအကြောင်းနှင့် အတူ ကျေးရွာလျှပ် စစ်မီးလင်းရေး၊ သောက်သုံးရေရ ရှိရေး၊ပ ညာရေး၊ ကျန်းမာရေး၊စိုက်ပျိုးရေးကဏ္ဍများ ကိုလည်း အကျယ်တ၀င့်ဆွေးနွေး မှာကြားပြောကြား သွား သည်။

၎င်းနောက် ပုဗ္ဗသီရိမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဇေယျာသော်မှကျန်းမာရေးအခြေ အနေ အရ ခွင့်(၃)လယူထားစဉ် ကာလ ၎င်း၏နယ်မြေအား ဒေါ် အောင်ဆန်းစုကြည်မှခွင့်ကာလ အတွင်းကိုယ် စားတာဝန် ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေသခံ ပြည် သူများအား ပြောကြား လျက် ဒေသခံပြည် သူများအား နှုတ်ဆက် ကာ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက် ပုဗ္ဗသီရိမြို့နယ်ရှိ ကုတင် (၅၀)ပြည်သူ့ ဆေးရုံ သို့သွားရောက် ခဲ့ပြီး ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

From : hot news

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်