မကွေးတိုင်း ဒေသကြီး ဆင်ပေါင်ဝဲမြို့ရှိ ကျေးရွာများထံမှ (က.ပ.စ.၈) ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ် သည့် စစ်တပ်ပိုင် စက်ရုံမှ ဒေသခံများ၏ မြေဧကများကို အဓမ္မသိမ်းဆည်းမှုအား တိုင်ကြားရာ တွင် တိုင်ကြားသူအား စာမတတ်ပဲ အသနားခံစာ ရေးမှုကြောင့် မမှန် သတင်းပေးမှုနှင့် တရားစွဲဆို
ထားကြောင်း ဒေသ ခံများထံမှ သိရသည်။တရားစွဲ ခံရသူ တဦးဖြစ်သ ည့် ဦးပေါ်ဦးက “ ကျွန်တော် သမ္မတကို တရားမျှ တစွာ အသနား ခံတဲ့ ပုံနဲ့ တိုင်ကြား တာပါ။ ဒါကို စာမတတ်ပဲ ဘာလို့ အသနားခံစာ ရေးရလဲ။ ဒါမမှန်သတင်းပေးတာဘဲ လို့ပြောပြီး ကျွန်တော့် ကို တရားစွဲ တာပါ” ဟု ဆိုသည်။
အဆိုပါ တရားစွဲမှုမှာ ဒေသခံ ဦးပေါ်ဦးနှင့် ရွာသား အများစုတို့က ၂၀၁၂ခုနှစ် ၈လပိုင်း ၁၃ရက်နေ့တွင် သမ္မတ အား အသ နားခံ လက်မှတ် ထိုး၍ တိုင်ကြားစာ ပေးပို့ခြင်းကြောင့် (က.ပ.စ ၈) မှ ဆင်ပေါင် ဝဲမြို့နယ် တရားရုံးသို့ မမှန် သတင်းပေး မှုဖြင့် ၄ရက်နေ့ ၁လပိုင်း ၂၀၁၃ တွင် တရားရုံးမှ ဆင့်ခေါ် စစ်ဆေး ခဲ့ကြောင်း ဒေသခံ ဦးပေါ်ဦးမှ ပြောသည်။
ဦးပေါ် ဦးသည် (က.ပ.စ.၈) စစ်တပ်မှ မြေ ၁၆ ဧက သိမ်းယူ ထားခြင်း ခံရ သူဖြစ်သည်။ သမ္မတအား တိုင်ကြားခြင်း သည် တပ်မြေတွင် လယ်ယာ လုပ်ကိုင် ခွင့်ပြုရန် တင်ပြတောင်း ခံခြင်းသာ ဖြစ်ကြောင်း ၎င်းကဆို သည်။ ထို့အပြင် အဆိုပါ သမ္မတထံ တိုင်ကြားစာတွင် ရွာသား ၅၀၀ ခန့်  ပါဝင် လက်မှတ် ထိုးခဲ့ကြောင်း ဦးပေါ်ဦးက ဆက်ပြော သည်။
မကွေး တိုင်း ဆင်ပေါင် ဝဲမြို့ရှိ အဆိုပါ ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံ သည်တောင်သူများ ထံမှ မြေတ ဧကအား ၁၂ ကျပ်နှုန်းဖြင့် မြေဧကပေါင်း ၁၂၇၀၀ ကျော်အား သိမ်းယူ ထားကြောင်း လည်း သိရသည်။
ထို့အပြင် စက်ရုံအနီးရှိ လယ်သမားများထံမှ သီးထောက်ကြေးများ တောင်းခံလျှက် ရှိကြောင်း တနှစ်လျှင် ထိုစစ်တပ် စက်ရုံအား နှမ်းခြောက်ပြည် ခန့်ပေးရကြောင်း ဒေသခံတောင်သူများက ပြောခဲ့သည်။
ဘော်မြင့်ကျေးရွာမှ ဦးစိန်မြင့်အောင်က “ ကျွန်တော်တို့ ရွာ၁၃ရွာက မြေတွေသိမ်းတယ်။ လိုအပ်ရင် လူတွေ လုပ်အားပေးခေါ် တယ်။ ပြီးတော့ သီးထောက်ကြေးလဲ တောင်းတယ်။ မိုးလေဝသ မကောင်းလို့ မပေးနိုင် ရင် တောင်မှ နွားတွေရောင်းပြီး ပေးရတယ် ” ဟု ပြောသည်။
အဆိုပါ စစ်တပ်ပိုင် မြေဧကအဖြစ် သိမ်းယူထားသည့် ကျေးရွာများမှာ ဘော်မြင့်ရွာ၊ မကြီးပင်ပုရွာ၊ ဝါရီကုန်း ရွာ၊ ကျွဲခြံ ရွာ၊ နတ်ရွာ အစရှိသည့် ၁၃ရွာဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ကာကွယ်ရေး လက်နက်ပစ္စည်း ထုတ်လုပ်သည့် စစ်တပ်ပိုင် စက်ရုံသည် ၁၉၉၇ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး တည်ထောင်စဉ်ကပင် တောင်ယာမြေများကို တောင်သူများထံမှ သိမ်းယူ ခဲ့ကြောင်း တောင် သူတွေကပြောခဲ့ သည်။
အဆိုပါ မြေယာ သိမ်းယူသည့် ကိစ္စနှင့် ပတ်သတ်၍ မြေယာအကျိုးတော်ဆောင် ဦးသန်းလွင်ဦးက “မြန် မာနိုင် ငံမှာ မြေယာဥပဒေ နဲ့ ပတ်သတ်ပြီး ဖွဲ့စည်းပုံ ဥပဒေမှာကိုက မှားနေတာ။ ရှိသမျှမြေ ကို နိုင်ငံပိုင် တယ်လို့ ဆို ထားတယ်။ အဲဒါကြောင့် ပြည်သူအများစု မြေသိမ်းတဲ့ ပြဿနာနဲ့ ရင်ဆိုင် နေရတာ။ အဲဒီအ ချက်ကို ပြင်ပြီးမှ မြေယာကိစ္စတွေ အေးနိုင် မယ် ” ဟုပြောကြားခဲ့သည်။
(မဇ္ဈိမ)
Time in Rangoon

0 comments:
Post a Comment