Friday, March 08, 2013

ပြည်မြို့တွင် NLD ပါတီဝင် အချင်းချင်း ဆန္ဒပြမှုဖြစ်ပွားနေ

Posted by drmyochit Friday, March 08, 2013, under | No comments

 (၇၊ ၃၊ ၂၀၁၃)ည ၆ နာရီခွဲခန့်က ပြည်မြို့ NLD ပါတီရုံးရှေ့တွင် NLD ပါတီအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သူ ဦးကျော် ဆန်း ဦးဆောင်သော လူဦးရေ (၁၀၀) ခန့်က ပြည်မြို့ NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်း
အား မကျေ နပ်သောကြောင့် ဆန္ဒပြခဲ့ကြကြောင်း CJMyanmar က သတင်းရသည်။ ပြည် NLD ပါတီ ဥက္ကဌ Dr ခင်မောင်ဝင်း သည် ခရိုင်ညီ လာခံကိုယ် စားလှယ် အဖြစ် ရွေးချယ်ခံထားရပြီး အဆိုပါ ရွေးချယ် ခံရခြင်းအပေါ် မကျေနပ် သဖြင့် လည်းကောင်း၊ အခြားပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့်လည်းကောင်း ယခုကဲ့သို့ ဆန္ဒပြ ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ ခံတစ်ဦးက CJMyanmar သို့ပြောသည်။ ဆန္ဒပြသူများက ဗီနိုင်းပိုစတာ များကိုင်ဆောင်ကာ လက်ကိုင်စပီကာဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း သိရပါသည်။

From:[_ CJMyanmar _] (မောင်ကျောက်ခဲ အဖွဲ့)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်