Friday, March 08, 2013

မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်က့ ဖီလစ်ပိုင် အကြမ်းဖက် မွတ်ဆလင် များကိုချေမှုန်း ၃၁ ယောက်သေဆုံး

Posted by drmyochit Friday, March 08, 2013, under | No comments

 မလေးရှားနိုင်ငံ ဘော်နီယို ကျွန်းပေါ်က ရွာတ ရွာကို သိမ်းပိုက် ထားတဲ့ ဖီလစ်ပိုင် မွတ် ဆလင် သူပုန်တွေ ကို ကမလေးရှား တပ်ဖွဲ့ တွေက အပြင်း
အထန် တိုက်ခိုက် ရာမှာ ဒီကနေ့ တနေ့ တည်းမှာကို ဖီလစ် ပိုင်သူ ပုန်၃၁ယောက် သေဆုံး သွား တယ်လို့  ရိုက်တာ သတင်းမှာဖော်ပြ ထားပါ တယ်။

သူပုန်တွေ ဘက်က အပစ် အခတ် ရပ်စဲရေး ဆွေးနွေး ချက်ကိုလည်း မလေးရှား ဘက်က လက်မခံဘဲ
ပယ်ချ ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ အနေနဲ့ ဖီလစ်ပိုင် စစ်သွေးကြွတွေ ဘာတောင်းဆိုချက် ညှိနှိုင်း ချက်မှ မရှိဘဲ လုံးဝ အညံ့ခံ လက်နက်ချ တာကို လိုချင်တယ်လို့ မလေးရှား ၀န်ကြီးချူပ်Najib ကပြော ပါတယ်။ ဖီလစ်ပိုင် သူပုန်တွေ အနေနဲ့ လက်နက် မချရင် ဘယ်လောက်ကြာ ကြာသူတို့ ကို အပြီးတိုင် သုတ်သင် သွားမယ် လို့ သူက ပြောကြား လိုက်ပါတယ်။

မလေးရှား ၀န်ကြီးချူပ် Najabဟာ သူကိုယ် တိုင်လည်း အဲဒီဒေသကို ခရီးထွက်ပြီး တိုက်ခိုက်မှူ အခြေ အနေ ကိုလေ့လာ ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က စခဲ့တဲ့ဒီ တိုက်ပွဲတွေကြောင့် အခုအချိန် ထိ ဖီလစ်ပိုင် သူပုန်၅၂ယောက်နဲ့ မလေးရှားရဲ ၈ယောက် သေဆုံးခဲ့ ပါတယ်။

ကိုးကား http://www.reuters.com/article/2013/03/07/us-malaysia-philippines-najib-idUSBRE9260KU20130307

ref: သံလွင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်