Friday, March 08, 2013

ကျန်းမာရေးကောင်းမွန်စေရန် ရုံးအားလပ်ရက်တွင် လုပ်သင့်သည်များ

Posted by drmyochit Friday, March 08, 2013, under | No comments

 တနင်္လာနေ့ ကနေ သောကြာနေ့ အထိ လူအများ စုက ရုံး ဒါမှ မဟုတ် ကျောင်း တက်ရလေ့ ရှိကြပါ တယ်။ အဲဒီ လို နေ့တွေမှာ ကျောင်းချိန်၊ ရုံးချိန် မီအောင် ပြင်ဆင်ရတာကြောင့် တိကျတဲ့ အချိန်
ဇယား အတိုင်း နေ ထိုင် ရပါတယ်။ စနေ၊ တနင်္ဂနွေ လို အားလပ်ရက်လည်း ရောက်လာရော၊ တစ်ပတ် လုံး လိုက်နာ ခဲ့တဲ့ အကျင့်တွေ ပျက် သွားပြီး နောက် ကျမှ အိပ်ရာက ထတာ၊ လေ့ကျင့် ခန်း မလုပ်တာ၊ အရက် သောက်တာ၊ ညဥ့်နက် တဲ့အထိ အပေါင်းအသင်းတွေနဲ့ လျှောက်လည်တာ စတာတွေ ကိုပါ လုပ်ဆောင်ဖြစ် သွားတတ်ပါတယ်။ အဲဒီလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အ ထတွေကြောင့် ကိုယ်အလေး ချိန် တက်လာတာနဲ့ ပင်ပန်းနွမ်း နယ် အားနည်းတာတွေ ကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် အားလပ်ရက်တွေ မှာပါ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်နိုင်စေဖို့ အောက်ပါ အလေ့ အကျင့်တွေကို လိုက်နာပေးသင့် ပါတယ်။

(၁) မိနစ် ၃၀ လောက် လှုပ်ရှားမှုလုပ်ပါ

အားလပ်ရက်ရဲ့ အကောင်းဆုံး အချက်တစ်ခုက သင့်မှာ အားလပ်ချိန် များများရှိနေတာပါပဲ။ ဒါကြောင့် ရုံးတက် ရက်တွေမှာ နေ့လယ်စာ စားပြီးချိန် လမ်းလျှောက်နိုင်ဖို့ အချိန်လုရတာမျိုး မရှိတော့ပါဘူး။ ရုံးအားရက်တွေ မှာ အနီးနားက ပန်းခြံတွေထဲ သွားပြီး လေ့ကျင့်ခန်း လုပ်တာမျိုးကို လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် အားက စားခန်းမကို တစ်နာရီလောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ ဒီလို လုပ်ပေး တာကြောင့် ပင်ပန်းနွမ်းနယ်တာ ကင်းဝေးပြီး တက်ကြွ လန်းဆန်းနေပါလိမ့်မယ်။

(၂) ရုံးတက်ရက်များကဲ့သို့ စားပါ

ရုံးအား ရက်တွေမှာ မုန့်အမျိုးမျိုး လုပ်စားတာ၊ အချိန်မှန် မစားဘဲနေတာ၊ ညစာမှာ အလွန်အမင်းစားတာ၊ နံနက်အိပ် ရာထ နောက်ကျလို့ နေလယ်စာကျမှ အလွန်အမင်းစားတာ ဒီလိုလုပ်တဲ့ အလေ့အထတွေက ကျန်းမာရေး နဲ့ ညီညွတ်မှုမရှိပါဘူး။ ဒါကြောင့် တစ်ပတ်လုံးစားတဲ့ ပုံစံအတိုင်း အချိန်မှန် စားသောက်ပြီး စွမ်းအင်ပြည့် ဝနေအောင် ဂရုစိုက်သင့်ပါတယ်။ ဒါမှသာ ကိုယ်အလေးချိန်ကို ထိန်းနိုင်မှာပါ။

(၃) ပုံမှန် အိပ်စက်မှု အချိန်ဇယားအတိုင်း အိပ်ပါ

တစ်ပတ်လုံး အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် တိတိကျကျ ထားတတ်ပေမယ့် ရုံးအားရက်တွေမှာ ညဥ့်နက်တဲ့ အထိ မအိပ်ဘဲနေတာ၊ နောက်ကျမှ အိပ်ရာထတာတွေ လုပ်ဖြစ်တဲ့သူတွေထဲ သင်ပါနေသလား။ ဒါဆို ရင်တော့ သင်ရဲ့ အိပ်စက်တဲ့အလေ့အထကို တစ်ပတ်လုံး ကျင့်သုံး တဲ့ပုံစံအ တိုင်း ဖြစ်နေအောင် ပြုပြင် သင့်နေ ပါပြီ။ ခါတိုင်းထက် အိပ်ရာထ နောက်ကျတာကြောင့် ဗိုက်ဆာကာ အစာတွေ အ များကြီး စားမိတာ မျိုး ဖြစ်နိုင်လို့ပါ။ ဒါ့အပြင် အိပ်စက်တဲ့ အလေ့အ ထကို ပြောင်း လဲတာကြောင့် တနင်္ဂနွေညမှာ အိပ်ပျော်ဖို့ ခက်ခဲပြီး တနင်္လာနေ့မှာ ပင်ပန်း နွမ်းနယ်နေနိုင်ပါတယ်။

(၄) အိမ်အပြင် ထွက်ပါ

အားလပ်ရက်ဆိုရင် အိမ်ထဲမှာပဲနေတာ များပါတယ်။ တကယ်တော့ အားလပ်ရက်မှာ နေခြည်နုနု ခံယူနိုင်ဖို့ အပြင် ထွက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာသင့်ပါတယ်။ ဒီလို အပြင်မှာနေတာက ခန္ဓာကိုယ် ကနေ ဗီတာမင်ဒီ ရရှိမှု တိုးစေပြီး သင့်ကို လန်းဆန်းစေပါတယ်။ လေ့လာမှုတွေအရ အိမ်အပြင်မှာနေပြီး သဘာဝလော ကနဲ့ ထိတွေ့တာက လူတွေကို ပိုမို ပျော်ရွှင်စေတယ်လို့ သိရပါတယ်။

(၅) ပြီးခဲ့သော တစ်ပတ်တာ အောင်မြင်မှုအတွက် ဂုဏ်ယူပါ

နေ့တိုင်း အစားအသောက်ကို အတိုင်းအဆနဲ့ စားပြီး လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ခဲ့နိုင်တယ်ဆိုရင် သင်ရဲ့ တစ် ပတ်တာ အောင်မြင်မှုအတွက် ဂုဏ်ယူနိုင်ပါတယ်။ အဲဒီအတိုင်း ရုံးအားရက်ကိုလည်း ဆက်လက် လိုက်နာပေးပါ။ တကယ်လို့ တစ်ပတ်လုံး အစားအသောက် ဆင်ခြင်ထိန်း ချုပ်ပြီး လေ့ကျင့် ခန်းကို ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်ဆိုရင် အားရက်မှာ အလွန်အကျွံ စားတာမျိုး၊ လေ့ကျင့်ခန်း မလုပ် ဘဲ နေ တာမျိုး လုပ်မိသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနေပြီလို့ ယူဆမိတာကြောင့်ပါ။

(၆) အရက်ကို ထိန်းချုပ်ကာ သောက်ပါ

တစ်ပတ်လုံး အလုပ်လုပ်ရတာကြောင့် အရက်ကို မေ့ထားခဲ့ရတယ်ဆိုပြီး အားရက်မှာ သူငယ်ချင်း အပေါင်း အသင်းတွေနဲ့ စုကာ အရက် သောက်ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါမှာ အရက်ကို အလွန်အမင်း မသောက် ဘဲ အသင့်အတင့်ပဲ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်မိတာကြောင့် ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်း နယ်တာနဲ့ ကိုယ်လက်မအီမသာ ဖြစ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလို အရက်နာကျပြီး ကုန်ဆုံး ရမယ့် အားလပ်ရက်က နှမြောစရာ ကောင်းလှပါတယ်။ နောက်တစ်ပတ် ရုံးတက် အလုပ်လုပ် ဖို့လည်း ခွန်အားတွေ လျော့ကျနေနိုင်ပါတယ်။

(၇) အနားယူ အပန်းဖြေပါ

ကျွန်မတို့ ရုံးဝန်ထမ်းအများစုက တစ်ပတ်လုံး အလုပ်တွေ များနေတတ်ပါတယ်။ ရုံးအားရက်တွေ မှာလည်း တောက်တို မည်ရ ဗာဟီရ အလုပ်တွေ၊ လူမှုရေး အလုပ်တွေနဲ့ ပင်ပန်းနေနိုင်ပါတယ်။ ဒါဆိုရင် အနားယူ အပန်းဖြေဖို့ ကိုယ်ပိုင်အချိန်ဆိုတာ ရှိနိုင်ပါတော့မလား။ ဒါကြောင့် ရုံးအားရက်တွေမှာ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီလောက် အနားယူ အပန်းဖြေပေးဖို့ လိုပါတယ်။ အဲဒီ အချိန်အတွင်းမှာ သင်ဝါသနာပါတဲ့ ကိစ္စတစ်ခုခု (စာဖတ်တာ၊ တရားထိုင်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ ဈေးဝယ်ထွက်တာ) ကို လုပ်ဆောင် သင့်ပါတယ်။ ဒီလို အနားယူပေးတာကြောင့် စိတ်ခံစားမှု ပိုကောင်းလာတဲ့အပြင် စိတ်ဖိစီးမှု လည်း ကင်းဝေးနေပါလိမ့်မယ်။

(၈) အစားအသောက် အလွန်အမင်း စားသောက်ချင်စိတ်ကို ထိန်းချုပ်ပါ

အစားအသောက်ကို စားချင်တဲ့အခါ အများကြီးစားလိုက်၊ မစားချင်တဲ့အခါ လျှော့စားလိုက် လုပ်တာ မျိုးကို ရှောင်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစား အသောက်တွေ ကို အသင့်အတင့်စားပေးဖို့ လိုပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ အစား အသောက် စားသောက်ပုံကို ထိန်းသိမ်းခဲ့သလိုပဲ အားလပ်ရက်တွေမှာလည်း အစားအသောက်ကို အလွန် အမင်း မစားသင့်ပါ။

(၉) တနင်္လာ နံနက်ခင်းမှာ ကိုယ်အလေးချိန် ချိန်ကြည့်ပါ

သင့် အနေနဲ့ အားလပ်ရက်မှာ ကျန်းမာရေးနဲ့အညီ စားသောက် နေထိုင်ဖြစ်ရဲ့လားဆိုတာကို သိနိုင်အောင် တနင်္လာနံနက် ခင်းမှာ ကိုယ်အလေးချိန် ချိန်ကြည့်သင့်ပါတယ်။

(၁ဝ) ရှေ့တစ်ပတ်အတွက် အစီအစဉ်ချပါ

တနင်္ဂနွေ နေ့လယ်ခင်းနဲ့ ညနေခင်းကတည်းက နောက်တစ်ပတ် စားဖို့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ သီတင်းပတ် တစ်ပတ်လုံး အလုပ်များနေတတ်တာကြောင့် အားလပ်ရက်ကတည်းက အစားအသောက် အတွက် သာမက အားကစားခန်းမကို သွားဖို့ အိတ်ကိုပါ ပြင်ဆင်ထားသင့်ပါတယ်။

Credit ►
ဟင်းလေးအိုး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်