Lesch-Nyhan syndrome (LNS) အမည်ရ ရောဂါဟာ အင်မတန် ကြောက်စ ရာ ကောင်း တဲ့ ရောဂါ ဖြစ်ပါ တယ်။ တကယ်ပဲ ကိုယ့်အသားကိုယ်ပြန်စားတဲ့ ရောဂါဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေ ကတော့ ကိုယ့်ကိုယ် ကို ပြန်သက်သေခြင်း ဖြစ်ပါတယ်။
လူအယောက် ၃၈၀၀၀၀ မွေးရင် တစ်ယောက်မှာ ဖြစ်နိုင်ချေ ရှိတဲ့ ရောဂါ ဖြစ်ပါတယ်။ သို့ပေမယ့် ပတ်ဝန်း ကျင်မှာ တွေ့ရခဲ ပါတယ်။ စိတ်ရောဂါနဲ့လည်း ဆက်စပ်ပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း ကတော့ မွေးက တည်က သွေးထဲမှာ Uric အက်ဆစ် တစ်မျိုး ဓာတ်လွန် ကဲနေခြင်း ဖြစ်ပြီး ကိုယ်ရော၊ စိတ်ရဲ့ လုပ်ဆောင်ချက် အားလုံးကို ကမောက် ကမ ဖြစ်စေတဲ့ ရောဂါ ဖြစ်ပါတယ်။ အမေက ဖြစ်ရင် သူမွေး တဲ့ ကလေးမှာ ဖြစ် တတ်ပြီး တစ်ခါတစ်ရံ မွေးလာတဲ့ ကလေးမှ သီးခြား ဖြစ်တာ မျိုးလည်း ရှိပါတယ်။
LNS ရှိသူကို ခြေရော၊ လက်ပါ ကြိုးတုတ် ထားရ ပါတယ်။ ပါးစပ်ကိုလည်း ပိတ်ပြီး ချည်ထားရ ပါ တယ်။ ရော ဂါရဲ့ ပထမ အဆင့် အနေနဲ့ ကိုယ့်အသား ကို ပြန်ဆွဲကုတ်ပါတယ်။ သွေးများ ယိုစီးသည့် တိုင်အောင် မရပ်မနားကို ဆွဲကုပ်ပါတယ်။ အလိုလိုနေရင်းနဲ့လည်း ကိုယ့်နှုတ်ခမ်း ကိုယ် ပြန်ုကိုက် စား တတ်ပြီး နာကျင်မှုကို Uric အက်ဆစ်က လှည့်စားပါ တယ်။ ကျောက်ကပ်နဲ့လည်း ဆိုပါတယ်။ ကုစရာ ဆေး လည်း မရှိပါဘူး။
ယင်းရောဂါကို လေ့လာတွေ့ရှိပြီး အမည်ပေးခဲ့သူကတော့ ဒေါက်တာ Michael Lesch ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါ နာမည်မှာ သူ့နာမည်တောင် ထည့်ထားပါသေးတယ်။ သူ့ဆီမှာ LNS ဝေဒနာခံစားရသူ များ စွာ ရှိခဲ့ပြီး တစ်ယောက်မှ ကုမပေးနိုင်ခဲ့ပါဘူး။ ဖြေဆေး မရှိပါဘူး။ စိတ်ရောဂါနဲ့ ဆက်စပ်ရော ဂါတစ် ခုလည်း ဖြစ်တဲ့ အတွက် စိတ်ရောဂါ အုပ်စုထဲ ထည့်သွင်း ထားပါတယ်။
ရောဂါကို ငယ်ငယ်တုန်းက ဘာမှမဖြစ်ပေမယ့် အသက်ကြီးမှ LNS လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။ ယနေ့တိုင် ကုစရာ ဆေး မတွေ့ သေးတဲ့ Lesch-Nyhan sydrome ကို ကမ္ဘာ့ခြောက်ခြားဖွယ် အကောင်း ဆုံး ရောဂါ စာရင်း ထဲ ထည့်ထားတယ်လို့ သိရပါတယ်။
--
Ref:wiki
By ရိုးရာလေး
Time in Rangoon

0 comments:
Post a Comment