Friday, March 08, 2013

ဝန်ကြီးချုပ် ဦးသာအေး သား၏ သူငယ်ချင်းဟု ပြောသူက အဘွားအိုအား ရိုက်နှက်

Posted by drmyochit Friday, March 08, 2013, under | No comments

 နေအိမ်သို့ လာရောက် တည်းခိုသော ဧည့်သည်မှ အိမ်ရှင်ဖြစ်သူ အဘွားအို တစ်ဦးအား ရိုက်နှက်ပြီး အိမ်ရှိ ပရိဘောဂ များအား ဖျက်ဆီး ခဲ့သောဖြစ်စဉ်
တစ်ခု မုံရွာမြို့၊ ကွေ့ကြီးရပ် ကွက်တွင် ဖြစ်ပွား ခဲ့ကြောင်း သ တင်း ရရှိသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်း၊ ဆောက်လုပ်ရေးဌာနမှ အစိုးရဝန်ထမ်း တစ်ဦးဖြစ် သူ အောင်စိုးထွန်း (ဘ) ဦးတင်မြင့် အသက်(၄၁) သည် ၂၀၁၃ ခုနှစ် မတ်လ(၆)ရက် ည(၁၁)နာရီခန့်တွင် မုံရွာမြို့ သို့ ရောက် ရှိ လာခဲ့ သည်။

ထို့နောက် မုံရွာမြို့၊ ကွေ့ကြီး ရပ်ကွက်တွင် နေထိုင်နေသော သူ၏ သူငယ်ချင်းဖြစ်သူ မစံပယ်အား မိမိ လာရောက် တည်းခို လိုကြောင်း ခွင့်တောင်းခဲ့သည်။

မစံပယ် (အသက် ၄၁) ၏ ယောကျာ်းဖြစ်သူမှာ ခရီးထွက်နေသဖြင့် မိခင်ဖြစ်သူ ဒေါ်ညွှန့်ရင် (အသက် ၈၁)နှင့် အတူ မိမိ၏ သားသမီး သုံးဦးနှင့်တကွ နေထိုင်လျက်ရှိသည်။

အောင်စိုးထွန်းသည် နေအိမ်သို့ ရောက်ရှိလာပြီးနောက် အသင့်ယူဆောင်လာသော Dam 5 အရက်ပု လင်းဖြင့် အရက်သောက် ကာ အနား ယူနေ ခဲ့သည်။ ထို့နောက် အဆိုပါ အောင်စိုးထွန်းသည် မစံပယ် ချောင်းဆိုးနေ သည်ကို တွေ့ရှိပြီး ချောင်းဆိုးပျောက်လိုပါက အရက် အနည်းငယ် သောက်ကြည့် သင့်ကြောင်း၊ ချောင်း ဆိုးပျောက်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့ကြောင့် မစံပယ်သည် အောင်စိုးထွန်းတိုက်သော အရက်ကို နှစ်ပက်မျှ သောက် ပြီး နောက် နေအိမ် ၏ အောက်ထပ် ရှိ အခန်းတွင် အိပ်ရာဝင်ခဲ့သည်ဟု ဆိုသည်။ အိပ်ရာဝင်ချိန်တွင် အခန်းတံခါးကို အတွင်းမှ သော့ခတ်၍ အိပ်စက် ခဲ့သည်။

နေအိမ်၏ အောက်ထပ်တွင် မစံပယ်နှင့်အတူ မစံပယ်၏ မိခင်၊ မစံပယ်၏ သားသမီးများ အိပ်စက်နေကြ သည်ဟု ဆိုသည်။

ည (၁)နာရီခန့်တွင် နေအိပ်အပေါ်ထပ်တွင် တည်းခိုနေထိုင်သူ အောင်စိုးထွန်းသည် အကြိမ်ကြိမ်အခါခါ အပေါ်ထပ် မှအောက်ထပ် ဆင်းလိုက်၊ အောက်ထပ်မှ အပေါ်ထပ်သို့ တက်လိုက်ဖြင့် ဂဏှာမငြိမ် ဖြစ်နေ ခဲ့သည်။

ထိုသည်ကို အဘွားအိုဖြစ်သူ ဒေါ်ညွှန့်ရင်မှ တွေ့ရှိပြီး နင်ဘာဖြစ်နေတာလဲဟု ပြောဆိုငေါက်ငမ်းရာမှ ဒီအ ဘွားကြီး အတော် လျှာရှည်တာပဲဟု အော်ဟစ်ကာ အနီးမှ သနပ်ခါးတုံးဖြင့် အဘွားအို၏ ခေါင်းကို ရိုက်နှက် ခဲ့သည်။ ထို့နောက် အိမ်အတွင်းရှိ ပရိဘောဂများကိုလည်း တွန်းထိုး ဖျက်ဆီးခဲ့သည်။

ထိုကဲ့သို့ အသံ ဗလံများ စွာဖြင့် ဖြစ်ပျက်နေ ချိန်တွင် ရပ်ကွက် အတွင်းမှာ လူများမှ မစံပယ်တို့ ၏ နေ အိမ်ရှေ့ တွင် လာရောက်ကြည့်ရှုခဲ့ကြသည်။ ထိုသည်ကို အောင်စိုးထွန်းမှ တွေ့မြင်ပြီးနောက် ၀င်းထ ရံမှ နှစ် တစ်လက်မ အသားချောင်းကို ဆွဲချိုးပြီး "ငါ့နားကပ်ရဲတဲ့ကောင် ကပ်ကြည့်စမ်း၊ ငါ့များ ဘာမှတ်နေ လဲ၊ သာအေး သားရဲ့ သူငယ်ချင်းကွ၊ အကုန်ဒုက္ခရောက်သွားမယ်၊ ကြားလား" ဟု ပြောဆိုကြိမ်းမောင်း ခဲ့ကြောင်း သိ ရှိရသည်။

မနက်(၄) နာရီခန့်တွင်မှာ မုံရွာ အမှတ်(၁)ရဲစခန်းမှ ရဲများရောက်ရှိလာပြီး တရားခံ အောင်စိုးထွန်းအား ဖမ်းဆီးခေါ်ဆောင် သွားကြသည်။

ယခုအခါ မုံရွာ အမှတ်(၁)ရဲစခန်းတွင် တရားခံ အောင်စိုးထွန်းအား ပြစ်မှု ပုဒ်မ ၃၂၅/၄၂၇/၂၉၄ ဖြင့် မစံ ပယ် မှ တရား လိုပြု လုပ်ကာ အမှုဖွင့် တရား စွဲဆို ထားကြောင်း သတင်း ရရှိသည်။

 ThanLarWaddy Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်