၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲ ဆုရှင် အဖြစ် အဆိုပြု ခံရ သူများ စာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင် တယ်လို့ သိရ ပါတယ်။
ဒီနှစ် အတွက် ငြိမ်းချမ်းရေး နိုဘဲဆု ရှင်လောင်း အဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင် ရလောက်အောင် များပြားတယ်လို့ နိုဘဲဆုဌာနက ပြောပါ တယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့ အဖွဲ့ အစည်း ၅၀ ပါဝင်တဲ့ အ တွက် စာရင်း ၀င်အရေ အတွက် စုစုပေါင်း ၂၅၉ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အဆိုပြုခံရသူပေါင်း ၂၄၁ ဦးရှိခဲ့ ပါတယ်။
ဒီနှစ်အဆိုပြုခံရသူများစာရင်းမှာ ပါကစ္စတန်နိုင်ငံက တာလီဘန်တွေ ပစ်ခတ်လုပ်ကြံလို့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးများပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ရုရှားလူ့အခွင့်အရေးအဖွဲ့၊ ကိုလံဘီယာနိုင်ငံသမ္မတ စန်တို့စ်၊ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပါဝင်ပြီး၊ GAVI ခေါ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့နဲ့ အမေရိကန် စစ်သည်တော်တို့ကလည်း ပါဝင်တယ်လို့ သိရပါတယ်။
နိုဘဲဆုဌာန အကြီးအကဲ Geir Kundestad က ငြိမ်းချမ်းရေးနိုဘဲဆုအတွက် အဆိုတင်သွင်းမှု အရေ အတွက် ထိုးတက်လာတာဟာ နှစ်စဉ်မဟုတ်ပေမယ့် ခြုံကြည့်မယ်ဆိုရင် အတက် ဘက်ကိုပြ နေကြောင်း၊ ဒါဟာဒီဆု အပေါ် ကမ္ဘာ့လူထုရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကို ထင်ဟပ်နေကြောင်း ပြောပါတယ်။
ငြိမ်းချမ်းရေးနိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုလွှာတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံ ခဲ့တာဖြစ် ပါတယ်။
RFA
Time in Rangoon


0 comments:
Post a Comment