မတ် ၅ ရက်၊ ၂၀၁၃
အစိုးရတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများ
နည်းပါးနေသော်လည်း သဘောထား တင်းမာသော KIA စစ်ဦးစီးချုပ်
ဗိုလ်ချုပ် ဂမ်ရှောင်အား တပ်ရင်းမှူး ၊ တပ်မဟာမှူး များမှ
စုပေါင်းလက်မှတ်ရေးထိုး၍ ဦးစီးချုပ် နေရာမှ အနားပေး ရန်
တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။
ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အစည်း အဝေးပြု လုပ်ပြီး အစိုးရ တပ်သို့
အလင်းဝင်ရောက်ရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် တပ်ဖွဲ့ဝင် ၄၂ ဦးကို
သေဒဏ်ချ မှတ်ရန် အစည်းအဝေးဆုံးဖြတ်ချက် ချခဲ့မှုကြောင့် မကျေနပ်မှုများ
ဖြစ်ပေါ်ခဲ့ပြီး တပ်မှူးများက လက် မှတ်ရေး ထိုး တောင်းဆိုခဲ့ကြကြောင်း KIA
အရာရှိတစ်ဦးမှ ပြောဆိုခဲ့ပါသည်။ သေဒဏ်ချမှတ် ထားမှု ကိုလည်း
ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် စစ်ဦးစီးချုပ်အား အနားပေးရန် တောင်းဆို
ခဲ့ကြောင်း သိရှိရပါ သည်။
KIA စစ်ဦးစီးချုပ်သည်
သဘောထားတင်းမာပြီး ရက်စက်တက်သူတစ်ဦးဖြစ်ကာ ၁၉၈၉ ခုနှစ်က ရင်း (၆)
တပ်ရင်းမှူး ဘ၀တွင် ဖားကန့် စပေါ့မှော်တွင် လူတစ်ရာကျော်သတ်ဖြတ်ခဲ့ကြော င်း၊ အခုအချိန်တွင် မိမိ တပ်ဖွဲ့ဝင် ကချင်လူမျိုး အချင်း ချင်း သတ်ဖြတ်မည်ဖြစ်သည့်အတွက် တပ်မှူးများကတောင်းဆိုခဲ့ခြ င်းဖြစ်သည်။ မိမိတပ်ဖွဲ့ဝင် ကချင်လူမျိုးအချင်းချင်းကို
သတ်ဖြတ်မှုအတွက် လက်မခံနိုင်ကြောင်း တောင်းဆိုခဲ့သည့်အပြင် နောက်ထပ်
စစ်ဦးစီးချုပ်အသစ် ခန့်မည်ဆိုလည်း ၎င်း၏ လုပ်ပိုင်ခွင့်နှင့် အာဏာများအား
ပြင်ဆင်ရေးဆွဲရမည် ဖြစ်ကြောင်း တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။
Kachin Daily News
Time in Rangoon


0 comments:
Post a Comment