Tuesday, March 05, 2013

လွိုင်ကော်မြို့တွင် အရက်ကြောင်ကြောင်ပြီး မိမိကိုယ်ကို ပြန်သတ်သေ

Posted by drmyochit Tuesday, March 05, 2013, under | No comments


ကယားပြည်နယ်၊ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်တွင် မတ်လ(၄) ရက်နေ့ နေ့လည်ပိုင်းတွင် အမျိုးသား တစ်ဦး အရက်ကြောင်ပြီး မိမိကိုယ်ကို ရက်ရက်စက်စက် သတ်သေ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ ကမ္ဘာအေးလမ်း အမှတ် (လ/၂) နေ ကိုစန်း (ကျပန်းလုပ်ကိုင်သူ)သည် မတ်လ(၄)ရက်နေ့ နေ့လည်ပိုင်းတွင် အရက်ကြောင် ကြောင်ပြီး မိမိကိုယ်ကို ဘရိတ်ဓားဖြင့် လက်နှစ်ဖက် ၊ ခြေနှစ်ဖက်နှင့် လည်ပင်းတို့ကို လှီးဖြတ်ပြီး သေဆုံး ခဲ့ကြောင်း သိရသည်။


သေဆုံးသူ ကိုစန်း၏ အလောင်းအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ပြီး သေဆုံးမှု အား သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၃)ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်