Tuesday, March 05, 2013

မောင်တော ဘူးသီးတောင် ဆယ်တန်း စာစစ်ဌာနများ လုံခြုံရေး တင်းကျပ်မည်

Posted by drmyochit Tuesday, March 05, 2013, under | No comments


မတ်လ ၁၃ ရက်နေ့တွင် စတင်မည့် ဘူးသီးတောင်နှင့် မောင် တောမြို့နယ် များ၏ ဆယ်တန်း စာမေးပွဲ စာစစ်ဌာ နများ ကို လုံခြုံရေး တင်းကျပ် သွားမည်ဟု သတင်းရရှိသည်။

Schoolရခိုင်ကျောင်းသားများနှင့် ဘင်္ဂါလီ ကျောင်းသားများ အကြား စာမေးပွဲဖြေဆိုရာ တွင် တစ်စုံတစ်ရာ မလိုလား အပ်သော ပြဿ နာများ မပေါ်ပေါက် စေရန်အ တွက် လုံခြုံရေး ကိုတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမောင်တောမြို့ မှ ကျောင်းဆရာတစ်ဦးက နိရဉ္စရာသို့ ပြောသည်။


“ လုံခြုံရေးကို ခါတိုင်းနှစ်တွေနဲ့ မတူဘဲ တိုးချပြီး စာမေးပွဲကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ နယ်တွဲဘက် ကျောင်းတွေ က ကျောင်းသားတွေလည်း လာကြမယ်ဆိုတော့ တစ်စုံတစ် ရာ ပြဿနာ မပေါ်ပေါက် ရအောင် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ကို တိုးချပြီး စာမေး ပွဲကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်ရှိ အလယ်သံကျော် တွဲဖက် အ ထ က၊ တောင်ပြို တွဲဘက် အထကနှင့် ကြိမ်ချောင်း တွဲဘက် အထက ကျောင်းမှ ကျောင်းသားများအားလုံးမှာ မောင်တောမြို့အတွင်းရှိ အထက ၁ ကျောင်း တွင် ဖြေဆိုရမည် ဖြစ်သဖြင့် မောင်တောတွင် အထကတွင်သာမက တခြား အရေးကြီးသော နေရာများ တွင်ပင် စာမေးပွဲစစ်သည့် နေ့ရက်များအတွင်း လုံခြုံရေးကို တိုးမြှင့်ထားမည်ဟု သိရသည်။

အစောပိုင်းတွင် ရခိုင်နှင့်ဘင်္ဂလီ ကျောင်းသားများကို လုံခြုံရေးအရ ခွဲခြားပြီး သီးသန့်စီ စစ်ဆေးသွား မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်းနောက်ပိုင်းတွင် ခွဲမစစ်တော့ဘဲ ကျောင်းတစ်ခုတည်းတွင် ခုံနံပတ် အလိုက် စစ်ဆေးသွားမည်ဟု ဆိုသည်။

တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၃ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်သော်လည်း မောင်တောမြို့ တွင် လျှပ်စစ်မီး နေ့စဉ်မရသဖြင့် ကျောင်းသားများ စာဖတ်ရန် အခက်အခဲ ဖြစ်နေကြသည်ဟုလည်း ကျောင်းသား တစ်ဦးက နိရဉ္စရာသို့ ပြော သည်။

မောင်တောမြို့တွင် မြို့ပေါ်ရပ်ကွက် ၄ ခုရှိရာ အမှတ် ၁နှင့် အမှတ် ၂ ရပ်ကွက်ကို တစ်နေ့၊ အမှတ် ၃နှင့် အမှတ် ၄ ရပ်ကွက်ကို တနေ့စီ ခွဲပြီး လျှပ်စစ် မီးပေးကြောင်း သိရသည်။

တစ်နေ့ ညနေ ၆ နာရီခွဲမှ ၁၀ နာရီအထိသာ ရရှိ သဖြင့် စာမေးပွဲ နီးချိန် အတွင်း ရပ်ကွက်အားလုံးကို တပြိုင်နက် တည်း မီးပေးရန် ကျောင်းသားမိဘများက လိုလားနေကြသော်လည်း ယခုအချိန်ထိ သက်ဆိုင် ရာက စီစဉ် ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းသိရသည်။

နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်