Tuesday, March 05, 2013

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ

Posted by drmyochit Tuesday, March 05, 2013, under , | No comments

ရန်ကုန်၊ မတ် ၎

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက်၊ကေ တုမာလာ (၄) လမ်းထိပ်ရှိ ငမိုး ရိပ်ချောင်း လက်တက်ရေ ပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေ သည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရ သည်။

အဆိုပါ ရုပ်အလောင်းကို ပက်လက် အနေ အထားဖြင့် ချောင်း အစပ်ရှိ လမုပင်၊ ခရာပင် များကြား နှုံးများပေါ် တွင် တွေ့ရှိခဲ့ပြီး ဆံပင်များ ကျွတ်၍ ဦးခေါင်းမှ ဦးရေပြားများ မရှိတော့ဘဲ၊ မျက်နှာ မှာပုတ်ပွကာ ရုပ်ပျက်နေပြီး၊ အတွင်းခံ အင်္ကျီ အဖြူရောင်နှင့် အနီရောင်ဘောင်း ဘီတို တို့ဖြင်တွေ့ရှိကာ အရပ်မှာ ၄ ပေ ၃ လက်မ ခန့် ရှိပြီး အသက်အရွယ်ကို ခန့်မှန်း၍ မရကြောင်း တောင်ဥက္ကလာပ ရဲစခန်း ထံမှ စုံးစမ်းသိရှိရသည်။

အသက် အရွယ်မှာ အလောင်း၏ အရွယ်နှင့် ရင်သားများ ကိုခန့် မှန်း၍ အပျိုပေါက် ၁၄ နှစ် အရွယ်ခန့် ဟုခန့် မှန်းကြောင်း အလာင်းကို မျက်မြင်တွေ့ရှိသည့် အဆိုပါ လမ်းအတွင်း နေထိုင်သူများ၏ပြောကြား ချက် အရ သိရ သည်၊

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်