Tuesday, March 05, 2013

ဆန္ဒပြမြန်မာအလုပ်သမားများကို ဂျော်ဒန်နိုင်ငံစက်ရုံမှဖြေရှင်းမပေး ဘဲရိုက်နှက်

Posted by drmyochit Tuesday, March 05, 2013, under | No comments


ဂျော်ဒန်နိုင်ငံရှိစီအန်ဂျေအထည် ချုပ်စက်ရုံမှ မြန်မာ အမျိုး သမီး အလုပ်သမား ၂၀၀၀ ခန့်သည် ဖေဖော် ၀ါရီလ ၁၄ ရက်နေ့မှ စတင်ပြီး အလုပ်မဆင်းဘဲစုရုံးဆန္ဒ ပြနေခဲ့ကြ သည်။ အလုပ်သမား များ၏ပြောကြား ချက်အ ရအလုပ် ရှင်နှင့် ချုပ်ဆို ထားသော စာချုပ် ပါသဘောတူ ညီချက်များ ကို ဆောင်ရွက်မပေးခဲ့ခြင်း၊ စားသောက် ရန် မဖြစ်နိုင်အောင် ညံ့ ဖျင်းသော အစားအသောက်များ  ကို ကျွေးမွေးခြင်းနှင့် ခွဲခြား ဆက် ဆံခံရခြင်း များကို စက်ရုံတာဝန်ရှိ သူများနှင့် အကြိမ်ကြိမ် တင်ပြ တောင်းဆိုခဲ့သော်လည်း တစ်စုံ တစ်ရာဆောင် ရွက်ပေးမှု မရှိခြင်း  စသော အခြေ ခံဖြစ် စဉ်များမှ စတင်  ပြီး အလုပ်သမားများမှ မကျေ မနပ်ဖြစ် လာခြင်းဖြစ်ကြောင်း သိရ   သည်။ ဂျော်ဒန်နိုင်ငံ စက်ရုံသို့မြန်မာ  နိုင်ငံမှ ၎င်းအလုပ်သမများကို တာဝန်ယူစေ လွှတ်ပေးသော အေဂျင်စီမှာ New Sai (ကိုစိုင်း) လှည်းတန်းလမ်းမကမာရွတ်မြို့နယ်  ဖြစ်ကြောင်း လည်း အင်တာနက်  သတင်းများ အရသိရ သည်။ ဂျော်ဒန်နိုင်ငံတွင် ဆန်္ဒပြနေသော   မြန်မာအလုပ် သမားများမှာ အမျိုးသမီးအများစုဖြစ်ပြီး မြန်မာ အမျိုးသားမှာ ၁၀၀ ခန့်သာရှိ ကြောင်းလည်း သိရ သည်။ 


ယခု သတင်းရေးသားချိန်ထိ ရှည်ကြာ  နေပြီဖြစ်သော ဆန္ဒပြပွဲတွင် ပါဝင်ဆောင်ရွက်နေကြသူများကို စက်ရုံဘက်မှတစ်စုံတစ်ရာဖြေရှင်း  မပေးသည့်အပြင် ဆန္ဒပြနေသော  မြန်မာအလုပ်သမကလေးများကို  စက်ရုံမှ ရိုက်နှက်ကန်ကျောက်ခဲ့ ကြသဖြင့် မြန်မာအလုပ်သမအချို့ မှာ မျက်နှာဖူးရောင်ပေါက်ပြဲဒဏ် ရာများရ ရှိခဲ့ကြပါ သည်။ အလုပ် သမားများဘက်မှ မခံမရပ်နိုင်ကြ တော့ဘဲ ရဲစခန်းသွားရောက်အမှု ဖွင့်ခဲ့ကြသည် ဟုဆိုသည်။  CMJ အထည်ချုပ်စက်ရုံမှာ တရုတ်လူ မျိုးပိုင်ဖြစ်ပြီး မြန်မာအလုပ်သမ များ ချုပ်လုပ်ပေး ရသော သိုးမွှေး  ထည်များ တီရှပ်များကို အမေရိ ကန်နိုင်ငံသို့တင်ပို့ကြောင်းလည်း သိရသည်။ စက်ရုံမှ အော်ဒါရပြီး  အထည်ချုပ်ပို့ပေးနေရသော ကုမ္မဏီများမှာ The North Face မှာ အကြီးဆုံးဘော် ဒါဖြစ်ပြီး Laurel, Calvin Klein CK, တို့ဖြစ်  ကြသည်ဟုဆိုသည်။ 

USA ကနေ ဒါကာတာ၊ ထိုင်း၊ ယောင်ကောင် စသည့် ၅ နေရာသို့အထည်များ ကို ပေးပို့နေသော စက်ရုံဖြစ် ကြောင်းကို အလုပ်သမားကိုယ်စာ လှယ်တစ်ဦးကပြောပြခဲ့သည်။ မြန်မာအလုပ် သမားများ ဘက်မှ စာချုပ်ပါလုပ်ခလစာနှင့် ခံစားနှင့်  များမရရှိခဲ့၍ပြီးခဲ့သည့် ၂ ပတ်ခန့် ကတည်းက ဆန္ဒပြတောင်း ဆိုခဲ့ ကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် စနေနေ့ က အလုပ်ရှင်ဘက်မှ အခြားနိုင်ငံ ခြားသားဝန်ထမ်း ၄၀ ဦးခန့်ကို မြန်မာ အလုပ် သမများကို ၀င်ရောက် ရိုက်နှက်စေခဲ့ခြင်းဖြစ်ကြောင်းကို အလုပ်သမားများက ရဲစခန်းတွင်   ပြောကြား ထွက်ဆို ခဲ့ကြကြောင်း သိရသည်။ အလုပ်သမားများ ရိုက်နှက်ခံရပြီးနောက် ဒေသတွင်း အခြေစိုက်  The Trade Unions of Workers အလုပ်သမားယူနီယံ မှ ရဲစခန်းတွင် တိုင်ကြားအမူဖွင့် ရန် အကူအညီပေးခဲ့သည်ဟုသိရ သည်။ 

ယခုလောလော ဆယ်ရဲဘက်  မှ စက်ရုံသို့ရိုက်နှက်သူများကိုလာ ရောက်ရှာဖွေခဲ့ရာတွင် လူကို မတွေ့ရ၍ ရိုက်နှက် သူများကို မဖမ်းဆီးနိုင်သေးဟုဆိုသည်။ စက်ရုံတာဝန်ရှိသူများက ရဲစခန်း မှလာရောက်သော ရဲအရာ ရှိကို ရိုက်နှက်သူမဟုတ်သော အခြား ၀န်ထမ်းမျာကိုသာထုတ်ပြခဲ့ကြောင်း  နှင့် မြန်မာအလုပ် မားများ ဘက်မှ  ဓာတ်ပုံဗီဒီယိုအထောက်အထား များနှင့် ရိုက်နှက်ခဲ့သူအစစ်အမှန်   သက်သေခံများကို ရဲစခန်းသို့ ထပ် မံသွားရောက်ပေးအပ်နိုင်ခဲ့သည်။  

ရဲစခန်းမှ နောက်တစ်နေ့တွင်မှ ဓာတ်ပုံများတွင် ပါဝင်သူများကို လာရောက်ဖမ်းဆီးပါမည်ဟု မြန်မာအလုပ်သမားများကို နှစ်သိမ့်လိုက်ကြောင်း သက်သေ ခံများကို သွားရောက်ဖို့ပေးခဲ့သည့်  အလုပ်သမားများမှ ပြန်လည်ပြော  ပြခဲ့သည်။ အလုပ်သမားများ အလုပ်လုပ်နေသည်ဂျော်ဒန်နိုင်ငံ  တွင် မြန်မာသံရုံးမရှိသောကြောင့်  အနီးရှိအစ္စရေးနိုင်ငံသံရုံးသို့သာ အကူအညီတောင်းခံထားရကြောင်း နှင့် အလုပ်သမားအများစုမှာ မြန်မာနိုင်ငံသို့လေကြောင်းမှ ပြန်လာရန်စက်ရုံမှ စီစဉ်ပေးရန် အလို ရှိနေကြကြောင်း ပြောပြကြ သည်။

ဥယျာဉ်မှူး
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်