Tuesday, March 05, 2013

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ထုတ်ပြောဖို့ပဲ ရှိတော့တယ်

Posted by drmyochit Tuesday, March 05, 2013, under | No comments


ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ထုတ်ပြောဖို့ပဲ ရှိတော့တယ်လို့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှဆွေက ပြောပါတယ်။ ဦးလှဆွေကို ကိုရွှေအောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ဒေါက်တာ ဆိတ်ဖွား စုံစမ်း စစ်ဆေးရေးကော်မရှင် ဘာတွေလုပ်နေလဲဆိုတာ သိချင်လို့ပါ။

“ကျနော်တို့ ဖြစ်နိုင်ချေတွေ အကုန်လုံးကို လိုက်နေ တာပါပဲ။ အင်တာနက်က အကောင့် နံပါတ်တွေရော၊ ၀က်ဘ်ဆိုဒ်အကောင့်တွေရော အကုန်လုံး လိုက်ပါတယ်။ နောက်တခါ ဒေါက်တာ ဆိတ်ဖွားကို ၀င်ပြီးတော့ ကွန့်မန်ပေးတဲ့၊ အကျွမ်း တ၀င် ရှိတဲ့သူတွေ ကအစ အကုန် လုံးကို ခေါ်ပြီးမေး ပါတယ်။ တာဝန်ရှိတဲ့ ၀န်ကြီးဌာန တွေရော၊ ပညာရှင်တွေရော အကုန်လုံး ခေါ်မေးတာပါ။”


ဒေါက်တာဆိတ်ဖွားဟာ အများပြောနေတာက အစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးလို့လဲ ပြောဆို သုံးသပ်နေကြတယ်။ အန်ကယ်တို့ အန်ကယ်တို့ စုံစမ်း စစ်ဆေးချက် အရရော အစိုးရ တာဝန်ရှိသူ၊ အစိုးရ ၀န်ထမ်း ဆိုတာ ဘယ်လောက်နီး စပ်လဲ။

“ကျနော်တို့ ဘယ်သူလို့ ပြောလိုက်ရုံပဲ ရှိတော့ပါတယ်။ ဘယ်သူဆိုတာ ပြောဖို့ရာ အကုန်လုံးကို မေပြာဖို့ ဦးမြညိမ်း (စုံစမ်းရေးကော်မရှင် ဥက္ကဋ်ဌ) က ကျနော်တို့ကို တာဝန်ပေးထားပါတယ်။ ဘယ်သူလို့ ပြောလိုက်ရုံပဲ ရှိတော့တယ်။”

ဖြည့်စွက်ပြော လိုတာရှိရင် ပြောပေးပါခင်ဗျ။

“ရှင်းရင်းပြောရရင် ဒေါက်တာ ဆိတ်ဖွားက ပြောချင်ရာ ပြောနေ တာပေါ့။ ပြောချင်ရာ ပြောနေ ရာကနေ ပြောချင်တာ မေပြာပါနဲ့ မှန်မှန်ကန်ကန်ပြော ပါဆိုပြီး အဲဒီ ပုံစံဖြစ်အောင် သတ်မှတ်တဲ့ သဘောပါပဲ။ ဘာလို့ လဲဆိုတော့ ဒီမိုကရေစီ ကို သွားနေတာ ပြောချင်ရာ ပြောလို့ရတဲ့ အခြေအ နေတော့ မဟုတ် ဘူးပေါ့။ Wikilead က Julian Assange တို့တောင် အရေးယူ ခံရ သေးတာပဲ။ သူ့ကို သတင်း ထုတ်ပြန်ပေးတဲ့ အမေရိကန်သမ္မ တတောင်မှ အရေးယူခံနေရသေးတာပဲ။ အဲဒါမျိုးတော့ ရှိတာပေါ့။ မှန်မှန် ကန်ကန် သွားမယ့် လမ်းကြောင်းမှာ ကျနော်တို့ မယိမ်း ယိုင်ဖို့၊ ဒီမိုကရေစီရပြီဆိုပြီး ပြောချင်တာ ပြောလို့တော့ မရဘူး၊ အဲသဘောတော့ ရှိတယ်။”

ဥပေဒ အထက်မှာ လွှတ်တော် ရှိနေသ လားလို့ အင်တာနက်မှာ ဝေဖန်ရေး သားခဲ့တဲ့ ဒေါက်တာ ဆိတ်ဖွား ကို လွှတ်တော်က စုံစမ်း စစ်ဆေးရေးကော် မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်