Tuesday, March 05, 2013

THE LADIES ဂျာနယ် အယ်ဒီတာ မေဇင်အေး(ခ) ခွန်ဒီးယမ်းမှ ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီးအား စော်ကား ရေးသားခဲ့

Posted by drmyochit Tuesday, March 05, 2013, under | No comments


ပုံနှိပ် ဥပဒေ မူကြမ်းအား လွှတ်တော် သို့ တင် ခဲ့ခြင်းနှင့် ပတ် သက်၍ The Ladies ဂျာနယ်မှ အယ်ဒီတာချုပ် ဖြစ်သူ မေဇင်အေး သည် ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး အား စော်ကား သည့် အသုံး အနှုံး များဖြင့် ရေး သားခဲ့ သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ အီလက်ထရော နစ် ဥပဒေအရ လူတစ်ဦးဖြစ်စေ၊ အဖွဲ့အစည်း ဖြစ်စေ ထိုသို့ စော် ကားခြင်း ဟာ အရေးယူနိုင်သလို၊ ဥပဒေများအရ အ သရေ ဖျက်မှု ဖြင့်လည်း တရားစွဲနိုင်သည်။

ဗီယက်နမ်နိုင်ငံ တွင် အစိုးရ ၀န်ကြီး များအား စော်ကား ပါက ထောင်ဒဏ် ကျခံရပြီး ထိုင်းနိုင် ငံတွင် ဘုရင်စနစ် အား စော်ကား ပါက ပြစ်ဒဏ် ကျခံနိုင်သည်။ အင်္ဂလန်တွင် ဘုရင်မကြီးနှင့် တော်ဝင် မိသားစုအား စော်ကား ခွင့် မရှိပါ။ 


ထိုသို့သော နိုင်ငံအလိုက် စည်းကမ်းများ ရှိသော်လည်း အရေးယူခြင်း မရှိပါ ဥပဒေအထက်တွင် မီဒီယာ ရှိသည် ဟု သုံးသပ်ရမည် ဖြစ်ပြီး သူခိုး၊ ဂျပိုး၊ ပေါက်လွတ်ပဲစားများ မီဒီယာလောကတွင် ကြီးစိုး ချယ်လှယ်နိုင်မည် ဖြစ်သည်။

ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်သည် ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကျွန်တော်၏ ကိုယ်ကျင့်တရားနှင့် လုပ်ရည်ကိုင်ရည်ကို ယုံကြည်မှ မဲထည့်ပါ ဟု ဗီနိုင်းကားချပ်ထောင်ပြီး မဲဆွယ်ခဲ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

From:OPE

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်