Tuesday, March 05, 2013

RCSS/SSA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အသံကောင်းဟစ်နေသော်လည်း ဘိန်းစိုက်ပျိုးခြင်းကို လက်မလွတ်သေး

Posted by drmyochit Tuesday, March 05, 2013, under | No comments


မတ်(၅)

ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) ယွက်ဆစ် အဖွဲ့ အနေနဲ့ အစိုးရနဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းပြီး နောက်ပိုင်း မှာ ရှမ်းပြည်နယ် အတွင်း နယ်မြေ တိုးချဲ့ခြင်း၊ တပ်ဖွဲ့ဝင် အသစ်များ စုဆောင်းခြင်းတွေပြု လုပ်နေ ပါတယ်။ ရှမ်းပြည်နယ် အတွင်းမှာ မူးယစ်ဆေးဝါး(ဘိန်း) စိုက်ပျိုးမှု လုံးဝ ကင်း ရှင်းကြောင်း သက်သေ ပြနိုင် ဖို့ RCSS/SSA ဌာနချုပ် မှာ မူးယစ်ဆေးဝါးဖျက်ဆီးမှုတွေ လုပ်ဆောင်ပြ ခဲ့ပါ တယ်။ ဒါကြောင့် ရှမ်းပြည် နယ် မှာ ရှိတဲ့ ပြည်သူအများစုရဲ့ အမြင်မှာ ဗိုလ်ချုပ်ကြီးယွက်ဆစ်ရဲ့ တပ်ဖွဲ့တွေဟာ မူးယစ်ဆေး ၀ါးကို တကယ် တိုက်ဖျက် နေတယ်လို့ထင်မြင်ယူဆခဲ့ကြပါတယ်။


အမှန် တကယ်တော့ ဗိုလ်ချုပ်ကြီး ယွက်ဆစ် အဖွဲ့ဟာ ပြည်သူတွေကို တဖက် လှည့်နဲ့ လိမ်ညာ ခဲ့တာပါ။ အစိုး ရနဲ့ငြိမ်းချမ်းရေး လုပ်ဆောင်ထားတယ်ဆိုတာကလဲ တကယ်တော့ SSA အဖွဲ့တွေ လွတ်လွတ် လပ်လပ်သွား လာလို့ရအောင် အကွက်ဆင်လိုက်ခြင်းပဲဖြစ်ပါတယ်။ ကွန်ဟိန်းမြို့နယ်အတွင်းမှာရှိတဲ့ ၀မ်လော၊ ပန်ဟုတ်၊ လုံမော့၊ လိုက်ကမ် စတဲ့ရွာတွေမှာ SSA ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ စ၀်စိုင်းရီက အဲဒီရွာတွေ ကဘိန်း စိုက်ပျိုးတဲ့သူတွေဆီကနေ ဘိန်းခင်း ၁ ဧကကို ဘိန်း(ငါးကျပ်သား)ပေးဆောင်ဖို့ မတ်လ ၄ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပြီးပြောခဲ့ပါတယ်။

အဲဒီမှာ ရှိကြတဲ့ ရွာလူကြီးတွေ အနေနဲ့ ဘိန်း စိုက်ပျိုးဖို့ စိတ်အား မသန်ကြပေမယ့် SSA အဖွဲ့တွေ ကို ကြောက် လွန်းလို့ သူတို့ ခိုင်းတဲ့ အတိုင်း လုပ်ဆောင်နေ ရတာဖြစ် ပါတယ်။ ဘိန်းခင်းတွေ စိုက်ပျိုး တဲ့နေ ရာမှာ လဲ အစိုးရစစ်တပ်တွေမမြင်မတွေ့နိုင်တဲ့နေရာတွေမှာ စိုက်ရမယ်လို့အမိန့်ပေးထားတာကြောင့် ရွာသားတွေ အနေနဲ့ လူသူအရောက်အပေါက်အလွန်နည်းတဲ့ တောင်စောင်းတွေမှာ သွားရောက်စိုက်ပျိုး နေကြရ ပါတယ်။

SSA အဖွဲ့ အနေနဲ့ သူတို့ရဲ့ အဓိက နယ်မြေဖြစ် တဲ့ကျေး ရွာတွေမှာ ဘိန်းတွေ ကို မဖြစ် မနေ စိုက်ပျိုး ခိုင်း နေ သလို တပ်ဖွဲ့ အတွက်လို အပ်တဲ့ရန်ပုံ ငွေကိုလည်း အဲဒီရွာတွေကပဲ ပေးပို့နေရပါတယ်။ အဲဒီအကြောင်း နဲ့ ပတ်သက် လို့ ကျေးရွာ လူကြီး တစ်ဦးဖြစ် တဲ့ ဦးစိုင်းနောင် ကပြောပြ ရာမှာ “ကျနော် တို့ရွာတွေ မှာ သူတို့က ဘိန်း တွေစိုက်ခိုင်းတယ်။ စိုက်ခိုင်းတယ်ဆိုတာ မြင်မြင်ထင်ထင်စိုက်ခွင့်ပေးတာမဟုတ်ပါဘူး။ စစ် တပ်တွေ မလာ နိုင်တဲ့ တောင်စောင်းတွေမှာ စိုက်ရပါတယ်။ စိုက်လို့ရတဲ့ဘိန်းတွေကို သူတို့ဆီမှာပဲ သူတို့ဖြတ် တဲ့ဈေးနှုန်း နဲ့ပြန်သွင်းရပါတယ်။ ဒါ့အပြင်တစ်ဦးချင်းဆီကနေ ဘိန်း ၅ ကျပ်သား အလကားပေး ရပါတယ်။ အခုဒီနှစ်မှာ တော့ ဘိန်းစိုက်တဲ့ရွာတွေကနေ သူတို့ရဲ့  စစ်သင်တန်းတွေ ဖွင့်ဖို့ ကုန်ကျ စရိတ်ပေးရ မယ်လို့ ဗိုလ်မှူး စံသြက ပြောပါတယ်။ ပြီးတော့ သူတို့က ရှမ်း အချင်းချင်း မထောက် ခံတဲ့သူတွေ ကို သတ်ပစ်မယ်လို့ ကျွန်တော်တို့ကို ကျိန်းမောင်းပါတယ်။..တကယ်တော့ ရှမ်းပြည်နယ် တပ်မတော် အနေနဲ့ မူးယစ်ဆေးဝါးတွေ ကိုဖျက်ဆီးနေ တယ်ဆိုတာ လူမြင်ကောင်းအောင် လုပ်ပြတာပဲ ဖြစ်ပါတယ်” လို့  ကွန်ဟိန်းမြို့ ဒေသခံများ မှ ပြောပြပါသည်။

Shan News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်