Tuesday, March 05, 2013

တရားမ၀င်သစ်တွေလို့ တိုင်ကြားသူကိုသစ်ပိုင်ရှင်က သိန်းသုံးရာ လာပေးတာအမှန်ပဲဟု ကရင်ဒုဗိုလ်မှူးကြီးပြောပြီ

Posted by drmyochit Tuesday, March 05, 2013, under | No comments


မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊   ကော့ထင်းကျေး ရွာအ နီးတွင် တရားမ ၀င်သစ်များ တန်(၁၅၀) ကျော်အား တွေ့ရှိ၍ ကျိုက်ထို မြို့မှ ၎င်းကျေး ရွာတွင်ခြံလုပ်ငန်း  လုပ်ကိုင်သူဒေါ်အေးသိန်းက သက်  ဆိုင် ရာမြို့ နယ်သို့ တိုင်ကြားခဲ့ခြင်း ကြောင့် သစ်လုံးပိုင် ရှင် များနှင့် ဘီလင်းနယ်ခြားစောင့်တပ် ((BGF)) မှအဖွဲ့ ၀င်(၈) ဦးတို့ သည် အဆိုပါ နေ့ညပိုင်းတွင် ဒေါ်အေးသိန်း အပါဝင် ကော့ထင်း ရွာသားအချို့ အား လက်နက် များဖြင့်ခြိမ်းခြောက်   မှုပြုလုပ် ခဲ့ကြောင်း ခြိမ်းခြောက် ခံရသူများက Hot News   ဂျာနယ်      သို့ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ခြိမ်းခြောက်မှုများ နှင့်ပတ်သက်ပြီးသက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေး သို့ သတင်းပေးပို့   တိုင်ကြားထားသော်လည်း ယနေ့ ထိ အရေးယူဆောင်ရွက်ခြင်းမရှိ သေးကြောင်းကို ““ကျွန်မခြံ အနီး မှာ သစ်တွေအများကြီးပုံထားတာ   တွေ့လို့စုံစမ်းကြည့်တော့ တရား မ၀င်သစ်တွေ ဆိုတာ သိသိချင်း မြို့နယ်ကိုအကြောင်းကြားခဲ့ပါ တယ်။ ကျွန်မကတာဝန်သိပြည်သူ    တစ်ယောက် အနေနဲ့ တိုင်ကြားတာ  ကို အရေးယူခြင်းမပြုပဲ ငွေသိန်း သုံးရာပေးပါမယ် တိုင်ကြားမှုတွေ ရပ်ပါလို့လာ စည်းရုံးပါတယ်။


ဒီလို စည်းရုံးလို့မရတော့ အဲဒီသစ်ပိုင် ရှင်တွေက ဘီလင်းနယ်ခြားစောင့် တပ်က လက်နက်ကိုင်တွေနဲ့လာ ပြီး ခြိမ်းခြောက်ပါတယ်။နောက် ဒီသစ်တွေ ကိုလည်း တရားမ၀င်  သစ်မဟုတ်ပဲ နယ်ခြားစောင့်တပ်    က ပိုင်တာ ဆိုပြီးပြော လာပါတယ်။   အခုဆိုရင် ရွာကဒေသခံအချို့ ဆိုရင် သတင်းပေးတယ်ဆိုပြီး ခြိမ်းခြောက် ခံရလို့ အိမ်မှာမနေပဲ     ပုန်းရှောင်နေရပါတယ်။ ကျွန်မ တို့ကျိုက်ထိုမြို့မှာ တပ်မ(၄၄)၊ခြေ လျင်တပ် ရင်း(၉၆)အပြင် မြို့နယ် ရဲစခန်းပါရှိတယ်။ ဒီလိုဖြစ်ရပ်တွေ မှာ တာဝန်သိပြည်သူတွေဘက်က   အကာကွယ်ပေး မယ့်သူ မရှိသ လို ခံစားရ ပါတယ်””ဟုခြိမ်းခြောက်ခံ ရသူ ဒေါ်အေးသိမ်းကဆိုသည်။

အဆိုပါတရားမ၀င်သစ်များ  အား (၉.၁.၂၀၁၃)တွင် ကော့ထင်းကျေးရွာအနီး၌ တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး၊ဒေါ်အေး သိန်း၏ တိုင်ကြားမှုကြောင့် ကျိုက်ထိုမြို့   နယ် ရဲစခန်းမှနယ်ထိန်းတပ်ကြပ်   အေးမင်းထွန်း၊မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ ရဲအရာရှိဦးမြင့်လွင်နှင့်သစ် တောဦးစီးဌာနမှဦးမိုးနိုင်ထွန်းအပါ  အ၀င် ၀န်ထမ်း(၆) ဦးတို့က အဆိုပါ  သစ်များအားလာရောက်စစ်ဆေး ခဲ့ကြောင်း နောက်တစ်နေ့(၁၀. ၁.၂၀၁၃)ရက်တွင် သစ်တော ဦးစီးဌာနမှပုဂ်္ဂိုလ်များ၊သတင်းတပ် ဖွဲ့မှအရာရှိဦးမြင့်လွင်၊ကော့ထင်း ကျေးရွာတာ ၀န်ကျ နယ်ထိန်း ရဲ   အေးမင်းထွန်းတို့နှင့်အတူသစ် စက်ပိုင်ရှင်များဖြစ်သော ဦးမောင် မြိုင်၊ဦးမိုးကျော်၊ဦးမြင့်လွင်နှင့် ဦး သန်းဇော်တို့သည်ကျိုက်ထိုမြို့ရှိ ဒေါ်အေးသိန်း၏နေအိမ်သို့ ရောက်ရှိလာပြီး ၎င်းအမှုအား ဆက်မ တိုင်ကြား ပါက ငွေသိန်း (၃၀၀)ပေးပါမည်ဟု လာရောက်   ကမ်းလှမ်းခဲ့ကြောင်း ဒေါ်အေးသိန်း  က ပြော သည်။

BGF အဖွဲ့မှလက်နက်ဖြင့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍    ကျိုက်ထိုမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှအသင်း       ၀င်တစ်ဦးဖြစ်သူ ဦးကျော်ဇင်က  ““သစ်စက်ပိုင်ရှင်နှစ်ယောက်က တော့ ဒေါ်အေး သိန်း အိမ်ထဲမ၀င် ပဲ အပြင်မှာပဲ ကားပေါ်ကနေ စောင့်နေပြီး BGF လက်နက်ကိုင်  (၈)ယောက်လောက် က အိမ်ထဲဝင်  လာတာပါ။ BGF ဆိုတာငြိမ်းချမ်း ရေးယူထားပြီးဖြစ်လို့တပ်မတော် နဲ့တစ်သား တည်းဖြစ်သွားပါပြီ။ ဒီ တော့ တပ်မတော်ကကော ဒီလို  မျိုးအိမ်ထဲထိဝင်ပြီးခြိမ်းခြောက်မှု တွေလုပ် လို့ရလား။ တပ်မတော်   ကမှလုပ်လို့မရရင် သူတို့လည်း   လုပ်လို့မရဘူးပေါ့။ဒီလိုမျိုးမြို့ထဲ       ထိဝင်ပြီးခြိမ်းခြောက် တာကတော့   ဘယ်လိုမှဥပဒေနဲ့မညီပါဘူး။ 

အဲဒီ  ညမှာပဲ ကော့ထင်းရွာက လူတွေ ကို ကိုယ့်ထမင်း ကိုယ်စား၊ကိုယ့် စကားကိုယ်ပြော၊သတိထားပြီးနေ လို့ခြိမ်းခြောက် သွားတယ်ဆိုတာ   အဲဒီရွာက လူတွေဆီကပြန်ကြား ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး   မြို့နယ် အုပ်ချုပ်ရေး မှူးကိုသွား အကြောင်းကြားတော့လည်း မြို့ နယ်အုပ်ချုပ်ရေးမှူးက လာတိုင်   တဲ့သူတွေ ကို ခင်ဗျားတို့က သူတို့   သစ်နည်းနည်းလေးလုပ်တုန်းက   မတိုင်ပဲ အခုလိုများမှလာတိုင် တော့ သူများစီးပွား ပျက်သလိုဖြစ်    လို့ ဘယ်ခံနိုင်မှာလဲတဲ့။အဲဒီလိုပဲ ပြန်ဖြေလိုက်တယ်။ အရေးယူမှု တော့ မရှိပါဘူး””ဟု ဆိုသည်။

ယခုကိစ္စများတွင်ကြားဝင်၍ လိုက်ပါဆောင်ရွက်ပေးခဲ့သော   အမှတ်(၇၇၁)လက်နက်နဲ့ငြိမ်းချမ်း   ရေးလဲလှယ် ထားသည့် အဖွဲ့မှဒု   ဗိုလ်မှူးကြီးဦးစောနန်းဦးကလည်း   ““ပြောရရင် လူမိုက်ငှားတာပဲ သူ တို့ပစ္စည်းကိုမ ဖမ်းရေးအတွက် ဒါဟာ နယ်ခြားစောင့်ရဲ့ပစ်္စည်း   တွေပါဆိုတဲ့ပုံစံဖြစ်အောင် လုပ် တာ။ဒေါ်အေးသိန်း ဆီလာပြီး ဒါ ကိုဆက်မတိုင်ဖို့၊ကျေးရွာဖွံ့ဖြိုးရေး   ထဲမှာ ငွေတွေထည့်ပေးပါမယ်၊ နောက်သိန်း သုံးရာပေးပါမယ် ပေါ့။ဒါတွေပြောကြတယ်။      ကျွန်တော့်ရှေ့မှာတော့ ဒေါ်အေး သိန်းက ဒီငွေတွေ ကိုမယူလိုက်ပါ ဘူး။ အမှန်တော့ ဒီသစ်တွေက   နယ်ခြားစောင့်တပ်ရဲ့ပစ်္စည်းမဟုတ် ဘူး။မိုးကျော်တို့ပိုင်တဲ့ပစ္စည်းတွေ ပါ။ မြို့ရွာထဲမှာ ပြည်သူတွေ မထိတ်လန့်အောင်သာဝိုင်းဝန်းပေး တဲ့ အနေနဲ့လိုက်ပါဆောင်ရွက်ရ တာပါ””ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရရှိသောသတင်း များအရ သစ်ခိုးထုတ်သည်ဟု ယူဆရသူများကို ကျိုက်ထိုမြို့နယ်  ရဲစခန်းတွင် ပြည်နယ် အဆင့်မှ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း      ကျိုက်ထိုရဲစခန်းတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။


တူးတူး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်