Tuesday, March 05, 2013

နာဂတိုင်းရင်းသားတို့၏ အနာဂတ်အခြေအနေစိုးရိမ်ဖွယ်ဖြစ်လာ

Posted by drmyochit Tuesday, March 05, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့ရှိ နာဂတိုင်း ရင်း သားလူကြီး၊ လူငယ်အများစုမှာ အရက် သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲနေခြင်း များကြောင့် နာဂတိုင်းရင်းသားတို့၏ အနာဂတ်မှာ စိုးရိမ်ဖွယ် ရာ ရှိလာနိုင်ကြောင်း သိရှိ ရပါသည်။ နာဂတိုင်း ရင်းသားလူငယ်ကလေးတွေ ပညာရေး မှာ စိတ်ဝင်စားမှု လျော့ပါးလာတာနဲ့ ပတ်သက် သည်ဟု လည်း အခုလို နာဂတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ ကျောင်းဆရာမဒေါ် ငွန်ဒိုတန် မှထောက်ပြပြော ဆိုခဲ့ပါတယ်။


“ကျွန်မတို့ဒေသတွေဟာ သွားလာမှုခက်ခဲသလို ယဉ်ကျေးမှုအရလည်း အထူးသဖြင့် ကျန်းမာရေး ပိုင်းဆိုင်ရာ မှာလည်း အားနည်းပါတယ်။နာဂတိုင်းရင်းသားကလေးတွေအနေနဲ့ သူတို့ရဲ့ မိဘတွေကိုယ်နှိုက် က ပညာရေးမှာ စိတ်ဝင်စားမှုနည်းခဲ့လို့ ကလေးတွေမှာလည်း ပညာရေးကို အလေးမထားကြပါဘူး။လူကြီး တွေအပိုင်းကျပြန်တော့လည်း တောင်ယာလုပ်မယ်။ အချိန်တန်ရင် အရက်သောက်မယ်။ တောင်ယာ လုပ်ငန်းဆိုတာလဲ ဟုတ္တိပတ္တိစိတ်ဝင် တစားလုပ်တာမျိုးမဟုတ်ပါဘူး။ ကျွန်မကတော့ သူတို့ကြည့်ပြီး စိတ်ထဲမှာ မကောင်းပါဘူး။ ကျွန်မတို့လူမျိုးစုတွေ တိုးတက်စေ ချင်ပါတယ်”

နန်းယွန်းဒေသအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအနေနဲ့လည်း သူတို့ရဲ့ အလုပ်တွေ မှာ စိတ်ဝင်စားသူ နည်းပါးနေပြီး အရက်စွဲနေသူတွေသာ များပြားနေပါသည်။ နိုင်ငံတော် အစိုးရအနေနဲ့ နန်းယွန်း ဒေသကို ပိုပြီးတိုးတက် စည်ပင်အောင် လုပ်ဆောင်ပေးဖို့နဲ့ လူငယ်တွေ အတွက် အသိပညာပေး ဟောပြောမှု တွေပြုလုပ်ပေးဖို့ လိုအပ်နေပါသည်။

အထူးသဖြင့် ဆရာမ ဒေါ်ငွန်ဒိုတန်တို့လို ဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်း ဆင်းတွေ အများကြီးပေါ် ထွက်လာဖို့ လိုအပ်နေ သလို နာဂတိုင်းရင်းသားတွေနေတဲ့ ဒေသတွေမှာ ဖွံ့ဖြိုးမှု လုပ်ငန်းတွေ၊ စက်ရုံတွေ တည်ဆောက် ပေးဖို့လဲ လိုအပ် နေပါသည်။ ဒါမှသာ နောင်လာမဲ့အနာဂတ်မှာ နာဂ လူမျိုးစုတွေရဲ့ အခြေအနေတွေ ဟာ တိုးတက်မြင့်မားနေမှာ ဖြစ်သည်ဟု ဆရာမဒေါ်ငွန်ဒိုတန်က ပြောပြခဲ့ ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်