Tuesday, March 05, 2013

အင်းလေးဒေသမှ ဘုရားရွှေဆိုင်း ကန်ထရိုက် ပိုင်ရှင် တပည့်နှင့် ဘုရားရွှေဆိုင်း ဈေးသည်၏ ပဋိပက္ခ

Posted by drmyochit Tuesday, March 05, 2013, under | No comments


ညောင်ရွှေ၊ မတ် ၅။
အင်းလေး ဖောင်တော်ဦး ဘုရားမှ ရွှေဆိုင်း ကန်ထရိုက် တပည့်နှင့် ဈေးသည်များ စကား များရာမှ ဈေးသည် အမျိုးသမီး (၇) ဦးအား ပုဒ်မ(၄၄၀)ဖြင့် ဖမ်ဆီး ထားကြောင်း သိရှိ ရသည်။

၂၆.၂.၂၀၁၃ ရက်နေ့တွင် တာလေးတိုက်နယ်၊ ရွာမကျေးရွာတွင် မီးလောင်နေသောကြောင့် အင်းလေး ဖောင်တော်ဦး ဘုရားပေါ်မှ ရွှေဆိုင်း ရောင်း အသံချဲ့ စက်အား အသံတိုးပေးရန် ဦးစိုးမောင် အသက် ၅၀ခန့် (ပန်း၊ ဆွမ်းတော်ရောင်း)မှ သွားရောက်ပြောဆိုရာတွင် ရွှေဆိုင်းကန်ထရိုက် ဦးအောင်ကျော်ထွန်းတပည့် အသက်(၂၅)၀န်းကျင် လူငယ်မှ ရိုင်းပြစွာ ပြောဆိုခုံနှင့်ရိုက်ကာရန်မူသဖြင့် ရွှေရောင်းဈေး သည်အ မျိုးသမီး များနှင့် စကားများကြပြီး ခုံကျိုးကာ ရွှေရောင်းအသံချဲ့စက်ကြိုးများ ပြုတ်ထွက်သည်ကို နမ့်ပန်ရဲ စခန်းမှ မခိုင် (၃၉)နှစ်၊ မဖြူလေး (၃၇)နှစ်၊ မမိငယ် အသက်(၃၅)နှစ်၊ သန်းသန်းဦး(ခ)ကင်းပိုင် (၂၄)နှစ်၊ မခင် မျိုးဖြူ (၁၇)နှစ်၊ မယ်ပိုင် (၂၇)နှစ်၊ ရွှေငယ် (၃၈)နှစ်၊ (၇)ဦးအား စနေနေ့တွင်ဖမ်းဆီးကာ တနင်္ဂနွေနေ့ တွင် ရုံးထုတ်ကာ ယမန်ယူခဲ့ကြောင်း ရွှေရောင်းဈေးသည်တစ်ဦးမှ ပြောသည်။


အင်းလေးဖောင်တော်ဦးဘုရား ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ဘုရားတွင် လွန်ခဲ့ သည့်နှစ်ပေါင်း(၅၀)ကျော်မှ ယနေ့တိုင် ရွှေရောင်းအလုပ်ဖြင့် အသက်မွေးမှုပြုခဲ့ကြသည်။ လွန်ခဲ့သည့် ၅ လခန့်မှ စကာ ဦးအောင်ကျော်ထွန်း(ခ)တရုတ်ကြီးဆိုသူသည် ဘုရားဂေါပကထံမှ ရွှေဆိုင်းကန် ထရိုက်ရ သည်ဟု ဆိုကာ ဘုရားတွင် အသံချဲ့စက်ဖြင့် ရွှေရောင်းခဲ့ကြောင်း၊ အစဉ်ရောင်းချလာခဲ့သည့် ဒေသခံရွှေဈေး သည်များနှင့်လည်း မကြာခဏရန်ဖြစ်ကာ ဘုရားပေါ်မှလည်း ညစ်ညမ်း စွာပြုမူရန် စကြောင်း၊ ဒေသခံရွှေဈေးသည်များကို ဖမ်းဆီးထိပ်တုံးခတ်ကြောင်း ဒေသခံရွှေဈေးသည်များ ပညာမတတ် မသိနားမ လည် ကြောက်တတ် မှုပေါ်တွင် ရဲအား ကိုးဖြင့် နည်းမျိုးစုံ နှိပ်ကွက်မှု များလည်း ရှိနေကြောင်း၊ ယခုလက် ရှိတွင်လည်း ရွှေရောင်းကန်ထရိုက်နှင့် ဈေးသည်ပဋိပက္ခအားလည်း ယခုကဲ့သို့ သားသည် မိခင်နှင့် ငယ်ရွယ်သူအမျိုးသမီးလေးများအား မတရားဖိနှိပ်လုပ်ဆောင်နေကြောင်း မိသားစုများမှာလည်း ဒုက္ခ မျိုးစုံ ရင်ဆိုင်နေရကြောင်း ရွှေဈေးသည်တစ်ဦးမှပြောသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်