Tuesday, March 05, 2013

စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်

Posted by drmyochit Tuesday, March 05, 2013, under | No comments


စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့  မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့ တာကြောင့် အခုဆေး ရုံတင် ထားရကြောင်း တရုတ် ဘာသာ နဲ့ရေး သား ထားတဲ့ သတင်းစာ တစ်စောင်မှာ ဖော်ပြ ထား ပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံ သို့ အိမ်ပေါ် လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်း ရပါတယ်။ ယင်း မိန်းကလေးဟာ ခုန်မ ချခင် Katong Shopping Centre ရှိ အိမ် အကူ အလုပ်သမား ရှာဖွေပေးရေးအေ ဂျင်စီမှ ထွက်ပြေး လာတာဖြစ် ပါတယ်။ မျက်မြင်များ ၏ပြောပြ ချက်အ ရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းပေါ်မှာ မက်တက် ရပ်ပြီး လက်တွေကိုဆန့် တန်းကာ အောက်ကို ခုန်ချ တာ လို့သိရပါတယ်။


တက်စီမောင်း သူတစ်ဦးမှ မိန်းကလေးကို လမ်းဘေး ဖယ်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့ပါတယ်။ ၎င်းအမျိုး သမီးဟာပြုတ် ကျလာတဲ့ အချိန်မှာ သစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ် ကျပြီး သစ်ကိုင်း လည်းကျိုး ကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေ ခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ် ကိုပြုတ်ကျ လာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကို သယ်ဆောင် သွားတဲ့ အချိန်မှာ သူဟာ ဝေဒနာများ ခံစားနေ ရသော်လည်း သတိတော့ကောင်း စွာရနေခဲ့ ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီး လုံးဝ လှုပ်ရှားခွင့် မပေး ထားပါဘူး။

အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူ အဆုံး စီရင်ချင် တယ်ဆိုတဲ့ အကြောင်းကို တစ်ခြား အိမ် အကူ အမျိုး သမီးတွေ ကိုပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ ပါဘူး။

စင်္ကာပူ နိုင်ငံမှာ မြန်မာ မိန်း ကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံ မှုဟာ အစဉ် အလာ တစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခု မိန်းကလေးမှာ တတိ ယမြောက်ဖြစ် ပါတယ်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်