Sunday, April 07, 2013

21 မိနစ်ကြာတိုင်း မုဒိမ်းမှုတစ်ကြိမ်ဖြစ်ပွားတဲ့ အကြောင်းက အမျိုးသမီးများ၏ ၀တ်စား ဆင်ယင်မှု ဆွဲဆောင် မှုကြောင့်ဟု အိန္ဒိယ အမျိုး သားများပြော

Posted by drmyochit Sunday, April 07, 2013, under | No comments


အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများ၏ ဆွဲဆောင်မှု ရှိသေ  ယနေ့ခေတ် ၀တ်စား ဆင်ယင်မှု များသည် အဓမ္မမှုများကို ဦးတည် စေနိုင်သည်ဟု အိန္ဒိယ အမျိုးသားများက ယုံကြည်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ အဖွဲ့၏ စစ်တမ်းအရ မတ်လ ၂၄ ရက်နေ့တွင် ဂါးဒီးယန်း သတင်းစာ တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ အိန္ဒိယ အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့သည် အိန္ဒိယ နိုင်ငံ အနောက် တောင်ပိုင်း ဂိုအာပြည်နယ် အတွင်းရှိ အမျိုးသား အချို့ကို မေးမြန်း စုံစမ်းမှု ပြုလုပ်ခဲ့ရာ အမျိုးသမီးများ၏ ဆွဲဆောင်မှုရှိသော ၀တ်စားဆင်ယင်မှု၊ အချိန်မတော် လည်ပတ်မှုများသည် အမျိုးသားများ၏ စိတ်ပိုင်း ဆိုင်ရာ ချုပ်တည်းမှုများကို လွတ်ကင်း စေနိုင်ကာ မုဒိမ်းမှုများ ဖြစ်ပွား စေနိုင်ကြောင်း ၎င်းတို့က ယူဆထားသည်။ 

အိန္ဒိယ နိုင်ငံတွင် ၂၁ မိနစ် ကြာတိုင်း မုဒိမ်းမှု တစ်ကြိမ် ဖြစ်ပွား လေ့ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ခန့်က နယူးဒေလီမြို့တွင် ဖြစ်ပွားခဲ့သော ၂၃ နှစ် အရွယ် ဆေးကျောင်းသူလေးအား အဓမ္မပြုကျင့်မှု၊ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ် အတွင်းက ဆွီဒင် အမျိုးသမီး ဖြစ်သူအား အဓမ္မပြုကျင့်မှုများသည် နိုင်ငံတကာ သတင်းမီဒီယာ လောကကို တုန်လှုပ် သွားစေခဲ့သည်။ အိန္ဒိယ နိုင်ငံသည် လွတ်လပ်မှုကို မြတ်နိုးသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သော်လည်း ထုံးတမ်းအ စဉ်အလာအရ အမျိုးသမီးများ အနေနဲ့ ညနေ ၆ နာရီ ကျော်လျှင် ၀တ်ကောင်း စားလှ ၀တ်ပြီး အိမ်ပြင်သို့ အလည် အပတ် ထွက်ပါက အဓမ္မမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ အများအားဖြင့် ဖြစ်နိုင်ကြောင်း ဂိုအာနယ်သား တစ်ဦး ဖြစ်သည့် အဘီဟီဂျီဟာမက်ကာ က ပြောကြား သွားခဲ့သည်။
Myanamr Daily News မှ ကူးယူ ဖော်ပြသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်