Sunday, April 07, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Mr. Luo Bao Ming နှင့် ကွမ်းရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zhang Xiaoqin တို့အား လက်ခံတွေ့ဆုံ

Posted by drmyochit Sunday, April 07, 2013, under | No comments





From : ..သမ္မတရုံး

နေပြည်တော် ဧပြီ  ၆
       
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင် နန်ပြည် နယ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Mr. Luo Bao Ming အား ယနေ့နံနက်(၁ဝ)နာရီခွဲ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့ရှိ ခေတ္တတည်းခိုသည့် MGM Grand ဟိုတယ် ဧည့်ခန်းမ ၌ လက် ခံတွေ့ ဆုံသည်။
       
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင် နိုင် သိန်း၊ ဦးသန်းဌေး ၊ ဒေါက်တာမြင့်အောင်နှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်၊ သံအမတ်ကြီး ဦးတင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဟိုင်နန်ပြည်နယ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူးနှင့်အတူ  အာရှဒေသဆိုင်ရာ တရုတ်နိုင်ငံ၏ အထူး ကိုယ် စား လှယ် မစ္စတာ ဝမ်ယင်ဖန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟိုလန်၊ ဟိုင်နန်ပြည် နယ် အစိုးရအဖွဲ့မှ ဌာန အကြီးအကဲများနှင့် စန်းယမြို့ မြို့တော်ဝန်တို့ တက်ရောက်ကြသည်။
       
တွေ့ဆုံရာ၌ ဟိုင်နန်ပြည်နယ်တွင် ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေမှု၊ အီလက် ထရောနစ်နှင့် Soft Ware လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာမှု၊ ဟိုင်နန်ပြည်နယ်အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အသေးစားငွေကြေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်လေ့လာပြီး ဟိုင်နန်ပြည် နယ်ရှိ တောင်သူ လယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသည့် လုပ်ငန်း ကို အောင်မြင်စွာ ဆောင်ရွက်နေမှု အခြေအနေများ၊ ဟိုင်နန်ပြည်နယ်၏ ထူးခြား အောင်မြင်နေသော စိုက်ပျိုးရေး အခြေအနေများ၊ ဟိုင်နန် ပြည်နယ်၏ လူဦးရေနှင့် ဝင်ငွေ ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ် ဖော်ဆောင်နေမှု အခြေအနေများ၊ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုနှင့် ကျေးလက်နေ ပြည်သူများအတွက် အသေးစားငွေကြေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံသည် ရေမြေရာသီဥတု သင်တင့်မျှတသဖြင့် အရည်အသွေးမြင့်မားသည့် စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းအောင် တိုးမြှင့်လုပ်ဆောင်နေမှု အခြေအနေများကို ဆွေးနွေးရှင်းလင်း ပြောကြားကြပြီး မြန်မာနိုင်ငံနှင့် ဟိုင်နန်ပြည်နယ်တို့သည် မဝေးကွာသော ခရီးမျှသာ ဖြစ်၍ မြန်မာနိုင်ငံနှင့် ဟိုင်နန်ပြည်နယ်အကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး၊ ဟိုင်နန်-ရန်ကုန် လေကြောင်းလိုင်း ဖွင့်လှစ်နိုင်ရေးနှင့် ရန်ကုန်မြို့နှင့် စန်းယမြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ရေး၊ စိုက်ပျိုးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်နန်ပြည်နယ်မှ ထုတ်လုပ်သည့် လက်ယာသုံးစက် ကိရိယာများကို မြန်မာနိုင်ငံသို့ လာရောက်မိတ်ဆက် ခင်းကျင်းပြသရေး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်နှင့် သစ်တောထွက်ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်ရေးလုပ်ငန်းတွင် အသေးစား နှင့် အလတ်စားစက်ရုံများ တည်ဆောက်ပြီး လာရောက် ရင်းနှီးမြှုပ်နှံရေး၊ အသေးစားငွေကြေး လုပ်ငန်းတွင် နည်းစနစ်များ ပူးပေါင်း ဆောင် ရွက်ရေး၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ပညာသင်များ စေလွှတ်ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ ကြသည်။
       
ထို့နောက်နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံ ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဒုတိယအုပ်ချုပ်ရေးမှုး Mr. Zhang Xiaoqin အား ဆက်လက်လက်ခံ တွေ့ဆုံသည်။
       
တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ရေနက်ဆိပ်ကမ်းများနှင့် အထူး စီးပွားရေးဇုန်များ တည်ဆောက်လုပ်ကိုင်နေမှု အခြေအနေ များတွင် ရင်းနှီးမြှုပ်နှံ နိုင်ရန်အတွက် ကွမ်းရှီးကျွမ်းဒေသမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လေ့လာရေး၊ ခရီးသွား လုပ်ငန်းမြှင့်တင်ရေး အတွက် နန်နင်း-ရန်ကုန် လေကြောင်းလိုင်း ပုံမှန်ပြေးဆွဲ ရေး၊ လာမည့် စက်တင်ဘာလတွင် ကွမ်းရှီးကျွမ်းဒေသ နန်နင်းမြို့၌ ကျင်းပမည့် (၁ဝ)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ယခင်နှစ်များကဲ့သို့ ပူးပေါင်းပါဝင် တက်ရောက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့ ဆက်ဆံရေးတွင် နန်နင်းမြို့သည် အဓိကနေရာမှ ပါဝင်နေမှု အခြေအနေများနှင့် နန်နင်းမြို့၏ဖွံ့ဖြိုး တိုးတက်မှု အခြေအနေများကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။   





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်