
ဒီလောက်ပဲ သင်္ကြန်ကို ဖြတ်သန်းတယ်”လို့ ပြောပါတယ်။ အချစ်ရေးထက် ဘ၀အတွက်
ကိုပဲ ဦးစား ပေးနေတဲ့ အေးမြတ်သူက “ဘယ် အရွယ်မှာ အိမ်ထောင် ပြုရမယ် ဆိုတဲ့ Plan ရှိပေမယ့်
အဲဒီ အချိန်မှာ ဖြစ်လာ မလား ဖြစ်မလာ ဘူးလား ဆိုတာ ဘယ်သူမှ အသေ အချာ မသိဘူး။ ဖူးစာ ပါရင်
ညားမှာပဲ။ အတင်းယူပြီး အိမ်ထောင်ရေး ကံကောင်းပါ့မလား ရှိသေးတယ်။
ကြိုပြောတိုင်း ဖြစ်လာတာမှ
မဟုတ်တာ။ ဘာမှ မတည်မြဲတဲ့ လောကကြီးမှာ ဘယ်အရာမှ သေသေ ချာချာ ပြောလို့ မရဘူး။ ကိုယ့်ဘဝ
မှာ အဲဒီ Plan တော့ ရှိတယ်။ လူတိုင်းက ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်ကို အကောင်းဆုံးပဲ မျှော်မှန်း
ကြတာပဲ။ အေးမြတ်သူက ကိုယ့်အိမ်ထောင်ဖက် ဖြစ်လာမယ့် သူကို အရည်အချင်းကို ဦးစားပေးတယ်။
အရည်အချင်း ရှိတဲ့သူက ကိုယ့်ဘ၀ အတွက် လုံခြုံ စိတ် ချမှု ပေးနိုင်တယ်။ အေးမြတ်သူက အရည်အချင်း
ရှိတဲ့ သူကိုပဲ လိုချင်တယ်” လို့ ပြောပါတယ်။ အေးမြတ်သူက အခု လတ်တလောမှာတော့ သူထူးစံနဲ့
အတူ မော်လမြိုင်မှာ ဇာတ်ကား ၂ ကား သွားရောက် ရိုက်ကူး နေပါတယ်။
Myanmar
Daily News မှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment