Sunday, April 07, 2013

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် အဖွဲ့အား သောင်းကျန်းသူများမှ တားဆီး

Posted by drmyochit Sunday, April 07, 2013, under | No comments

 သီပေါ မြို့နယ် မိုးတေ ကျေးရွာ၊ မိုးတေ တံတားမှ နမ္မတူ ချောင်း အထက်(၂) မိုင်ခန့်အကွာတွင် ရေအား လျှပ်စစ် စက်ရုံ တည်ဆောက် ရန်နှင့် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဧပြီလ(၃)ရက်နေ့က လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန ရေအား လျှပ်စစ် အကောင် အထည် ဖော်ရေး ဦးစီး ဌာန မန္တ လေးမှ ဦးစီး အရာရှိ ဦးဆောင်သော (၁၂) ဦး အဖွဲ့သည် ရေအား လျှပ်စစ် တည်ဆောက်ရန် နေရာသို့ သွားရောက် ၍တိုင်း တာရေး လုပ်ငန်းများ ဆောင်ရွက် နေစဉ် သောင်းကျန်း သူ(၁၀) ဦးခန့်သည် ပြောက်ကျား ၀တ် ယူနီ ဖောင်းဝတ် လက်နက် ကိုယ်စီ ကိုင်ဆောင် ရောက်ရှိ လာပြီး တိုင်းတာရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ခြင်း မပြုရန် ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း သိရ ပါသည်။

လားရှိုးသား
From: Shan News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်