Sunday, April 07, 2013

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက မောင်းသူမဲ့လေယာဉ် လေ့ကျင့်တိုက်ခိုက်ရာတွင် ကြီးကြပ်..

Posted by drmyochit Sunday, April 07, 2013, under | No comments


မြောက် ကိုရီးယား စစ်တပ် တပ်ဖွဲ့ဝင် များက ခရုဇ် မစ် ဇိုင်း ဒုံးကျည် ပုံစံ ဖန်တီး ထားသော ဒုံးကျည် များကို သယ်ဆောင်သော မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်တစ်စီးကို ပစ်ခတ် တိုက်ခတ် လေ့ကျင့် ရာတွင် ခေါင်းဆောင် ကင်ဂျုံ အွန်းက ကြီးကြပ်သော ဗီဒီယိုကို မြောက် ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KRTက ထုတ်လွှင့် ပြသ သည်။ ရွှေ့ပြောင်းနိုင်သည့် လေကြောင်း တိုက်ခိုက် ရေး လေယာဉ်များနှင့် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ် များကို စစ်ရေး လေ့ကျင့်မှု အတွက် စုစည်း ခြင်းဖြစ် ကြောင်း KRT သတင်း ဌာနက ဖော်ပြသည်။ အလားတ စစ်ရေးလေ့ကျင့်မှု ဓာတ်ပုံများကို မြောက် ကိုရီးယား KCNA သတင်း ဌာနက ပြီးခဲ့သော မတ်လ(၂၀)ရက်နေ့က ထုတ်လွှင့်ခဲ့သည်။ ဗီဒီယိုတွင် ခေါင်းဆောင်ကင်က အဆင့်မြင့် စစ်တပ် အရာရှိ များနှင့် ဒုံးကျည် စွမ်းရည် စမ်းသပ်မှု စစ်ရေး လေ့ကျင့် ရာတွင် ကြည့်ရှု စစ်ဆေးသည့် ပုံများကို ဖော်ပြထားသည်။ 

အမေ ရိကန်တို့၏တွန်မဟော့စ်ခရုဇ်မစ်ဆိုင်း ဒုံးကျည် ပုံစံ တုပသည့် ပစ်မှတ်ကို ကာကွယ်ရေး ဒုံးကျည် တစ်ခုက အောင်အောင် မြင်မြင် ပစ်ချ နိုင်ခဲ့ကြောင်း KCNA၏ ဖော်ပြချက်တွင် ပါရှိသည်။ မြောက် ကိုရီးယား နိုင်ငံက ၎င်းတို့၏ ခေတ်နောက်ကျသည့် လက်နက်များကြောင့် အမေရိကန်နှင့် တောင် ကိုရီးယား တို့ကို ရင်ဆိုင်ပြီး စစ်ပွဲကြီး တစ်ခုကို လုပ်ဆောင်မည် မဟုတ်ကြောင်း စစ်ရေး ကျွမ်းကျင် သူများက ပြောကြားကြောင်း ရိုက်တာ သတင်းဌာ နမှ သိရသည်။

From:    Myawady News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်