Sunday, April 07, 2013

မလေးကိုသွားတဲ့ ခိုးလှေ နစ်ရာမှ တစ်ဦးသေ၊ နှစ်ဦး ပျောက်ဆုံး

Posted by drmyochit Sunday, April 07, 2013, under | No comments


မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကနေ မလေးရှား နိုင်ငံ ကို လူမှောင်ခို တင်ပို့တဲ့ စက်လှေ တစ်စီး ပင်လယ် ပြင်မှာ နစ်သွားတဲ့ အတွက် လူတစ်ဦး သေဆုံးပြီး နှစ်ဦး ပျောက် ဆုံးနေ တယ်လို့ သိရပါ တယ်။ လူပေါင်း ၃၃ ဦး ကို တင်ဆောင်လာတဲ့ အဲဒီ လူမှောင်ခို စက်လှေ ဟာ စနေနေ့ နံနက် (၄) နာရီခန့်မှာ ဘင်္ဂလာ ပင်လယ် အော် အတွင်းက ဆားပြင်ကမ်းခြေမှာ နစ်မြုပ် သွားခဲ့ တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ တက် ကနက်မြို့ နယ် Hoykong ကျေးရွာ အုပ်စု Unciprong ကျေးရွာ က အဘူကာလန် (၃၅) နှစ်ဖြစ်တယ်လို့ ဆိုပါ တယ်။

သူရဲ့ အလောင်း ကို ဆားပြင် ကမ်း ခြေက ကောရာမောက်ရွာ အနီးက ပင်လယ်ထဲမှာ မနေ့က နေ့လည် (၁) နာရီမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလာရဲက ပြောပါတယ်။ ကျန်တဲ့ နှစ်ဦးကတော့ အခုအချိန်ထိ ပျောက်ဆုံး နေတယ်လို့ ပြောပါတယ်။

လူပေါင်း ၃၀ ကတော့ ကမ်းခြေကို ရေကူး ပြန်လာ နိုင်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ ဘီဂျီဘီ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က ဒီသတင်းကို သတင်း ထောက်တွေကို အတည်ပြု ပြောကြားပါတယ်။

Rapid Action Battalion (RAB) လို့ ခေါ်တဲ့ ဘင်္ဂလာ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့က မလေးကို စက်လှေ တွေနဲ့ အတူ ပင်လယ်ဖြတ်ပြီး အလုပ် ခိုးသွားလုပ်ဖို့ စီစဉ်နေသူ လူပေါင်း ၁၃၃ ကို ကော့စ် ဘဇားမြို့မှာ ဧပြီ ၃ ရက်နဲ့ ၄ ရက် နေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ သတင်းစာတွေမှာ ဖေါ်ပြပါ တယ်။

သူတို့ တွေဟာ ဘယ် နိုင်ငံက လူတွေ ဖြစ် တယ် ဆိုတာ သတင်းမှာ တိတိ ကျကျ ဖေါ်ပြ ထားခြင်း မရှိပါ။

နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်