Sunday, April 07, 2013

လေးမွှာပူးကလေးများ ခွဲခြားရခက်၊ နံပါတ်ဆံပင် အဆန်းထွင်

Posted by drmyochit Sunday, April 07, 2013, under | No comments


လေးမွှာပူး မွေးထားသည့် မိခင် တစ်ယောက် သည် သားလေး ယောက်ကို ခွဲခြားရခက်သဖြင့် ဦးခေါင်း တွင် ဆံပင်ပုံကို နံပါတ်များပုံဖော်ကာ ညှပ်ပေး ခဲ့ရကြောင်း သိရှိရသည်။

မိခင်ဖြစ်သူက အသက် ၆ နှစ်အရွယ် သားလေး ယောက်ကို ကျောင်းသို့ လာအပ် ရာတွင် ကျောင်းရှိ ဆရာ ဆရာမများနှင့် သူငယ်ချင်းများ ခွဲခြားရ လွယ်ကူစေရန် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည် ဟုဆို သည်။

လေးမွှာပူး တို့၏ အမည်များမှာ ယန်လောင်၊ ယန်ရှောင်၊ ယန်ဟန်နှင့် ယန်လင်း ဟူ၍ ပေးထားသော်လည်း သူတို့၏ ရုပ်သွင်များမှာ ခွဲခြား မရအောင် တူလွန်းနေ သဖြင့် မိခင်က ဆံပင်ပုံကို အစဉ်လိုက် နံပါတ်များ တပ်ကာ ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။

မိခင်နှင့် ကလေးများသည် တရုတ်ပြည်၊ ဂွမ်ဒေါင်းနယ်ရှိ ရှန်ဇန်းမြို့တွင် နေထိုင်ကြပြီး ကျောင်းသို့ ပထမဦး ဆုံး အကြိမ် လာအပ်သော သားများ ၏ပြဿနာကို မိမိကိုယ်တိုင် ဖြေရှင်း ပေးခဲ့ခြင်းဖြစ်သည်။

မိခင် တန် ချောင်ယန်းက “ကျွန်မသားတွေက တစ်ယောက်နဲ့တစ်ယောက် ခွဲမရအောင်တူတယ်။ သူတို့ အသက် ၁၈ လ လောက် ကတည်းက ကျွန်မ ခွဲခြား မရတော့လို့ ပြဿနာတွေ တက်ခဲ့တယ်။ ဒါကြောင့် သူတို့ လက်မောင်းတွေမှာ စာချိတ်ထားရတယ်။ သူတို့ကို သေသေချာချာကြည့်ရင် မျက်ရစ်လေးတွေတော့ ကွဲတယ်။ ဒါပေမယ့် သူတို့ အဖေတောင် သူတို့ကို ဘယ်သူ တွေမှန်း မသိဘူး။ ဒါကြောင့် ထမင်းကျွေးပြီး သားကလေးကို ထပ်ကျွေး မိတာတို့၊ အပြစ် ပေးပြီးသား ကလေးကို ထပ် အပြစ်ပေး တာတွေ ဖြစ်ခဲ့တယ်” ဟု ပြောကြား သည်။

from မောက္ခ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်