တရုတ်နိုင်ငံတွင်
၂၀၁၀ ခုနှစ်အတွင်း လေထု ညစ်ညမ်း မှုကြောင့် သေဆုံးခဲ့သူ ဦးရေ ၁ ဒသမ ၂ သန်းကျော် ထက်မနည်း
ရှိခဲ့သည်ဟု ဆန်းစစ် လေ့လာမှု တစ်ခုက ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုအား ၀ါရှင်တန် တက္ကသိုလ်မှ
လေ့လာ သုတေသန ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် ကျန်းမာရေး
သက်ရောက်မှု အသက်မွေး ကျောင်းများ မှလည်း သုတေသန ပြုခဲ့ရာ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝန်းတွင်
လေထု ညစ်ညမ်းမှုကြောင့် သေဆုံး ခဲ့ရသူ ၃ ဒသမ ၂ သန်း ရှိခဲ့သည် ဟုဆိုသည်။
အဆိုပါ
လေ့လာမှုတွင် ပါဝင်သူ သုတေသီ များက တရုတ်နှင့် အိန္ဒိယ အပါအ၀င် အထင်ကရ နိုင်ငံများ အတွက်
ကိုမူ ပို၍ တိတိ ကျကျ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ကျန်းမာရေး သက်ရောက်မှု အသက် မွေးကျောင်းမှ
ဒုတိယ ဥက္ကဌ ရောဘတ်အိုကီဖီက ဆိုသည်။
“ကျွန်တော်တို့
အိန္ဒိယ နဲ့ တရုတ် တို့ အဓိက ဖြစ်ပျက်နေတဲ့ နေရာ တော်တော် များများကို လှည့်လည် သွားခဲ့
တာပါ။ ပြီးတော့ အဲဒီ ဒေသ တွေမှာ ဖြစ်ပေါ် နေတဲ့ အချက်အလက် တွေကို သူတို့ရဲ့ နိုင်ငံရေး
ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ပြောကြား ခဲ့တယ် ” ဟု ၎င်းက ထပ်မံ ပြောကြား ခဲ့သည်။ တောင်
အာရှ ဒေသတွင် လေထု ညစ်ညမ်းမှုသည် အဆင့် ၆ နေရာရှိ လူသတ်သမား ဖြစ်နေသည်ဟု လေ့လာမှုက ဆိုထားသည်။
အိန္ဒိယ နိုင်ငံတွင် လေထု ညစ်ညမ်းမှုကြောင့် သေဆုံးခဲ့သူ အနည်းဆုံး ၆၂၀၀၀၀ ရှိသည်ဟု ဆိုထားသည်။
Myanmar
Daily News မှ ကူးယူဖော်ပြသည်။
Time in Rangoon


0 comments:
Post a Comment