Sunday, April 07, 2013

အီတလီနိုင်ငံသား သတင်းထောက် လေးဦး ဆီးရီးယား နိုင်ငံတွင် ပြန်ပေးဆွဲ ခံရ

Posted by drmyochit Sunday, April 07, 2013, under | No comments


ဆီးရီးယား နိုင်ငံ မြောက်ပိုင်းတွင် ဧပြီ ၅ ရက်က အီတလီ နိုင်ငံသား သတင်းထောက် လေးဦး ပြန်ပေးဆွဲ ခံရကြောင်း အီတလီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော အစီရင် ခံစာကို ကိုးကား၍ နိုင်ငံပိုင် ANSA သတင်း ဌာနက ဧပြီ ၆ ရက် အစောပိုင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အဆိုပါ ပြန်ပေးဆွဲမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ များကို ပြင်းထန်စွာ ပြစ်ဒဏ် ချမှတ်ရန် အမိန့် ထုတ်ပြန် ချက် တစ်ခုကို ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်က လက်မှတ်ရေးထိုး ခဲ့ပြီးနောက် အဆိုပါ ကြေညာ ချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။

မိမိတို့ နိုင်ငံသားများ ဘေးအန္တရာယ် ကင်းရှင်းမှုသည် မိမိတို့အတွက် အဓိက ဦးစားပေး သတ်မှတ်ချက် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြား ချက်ကို ကိုးကား၍ ANSA သတင်း ဌာနက ဖော်ပြ ထား သည်။

ပြန်ပေးဆွဲမှု ကျူးလွန်သည့် မည်သူမဆို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခံ ရမည် ဖြစ်ပြီး ဓားစာခံ တစ်ဦး သေဆုံး၊ ဒဏ်ရာရခဲ့ ပါက သို့မဟုတ် အဓမ္မ ပြုကျင့် ခံရပါက ပြန်ပေးဆွဲ သူကို သေဒဏ် ချမှတ်မည် ဖြစ်သည်။

အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် တပ်ဖွဲ့များက သိမ်းပိုက်ထားသော နယ်မြေများတွင် ပြီးခဲ့သည့် လ အတွင်း က ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

From: မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်