Sunday, April 07, 2013

ဒေသခံများနှင့်ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်းများကို အရေးယူ

Posted by drmyochit Sunday, April 07, 2013, under | No comments


ရန်ကုန်၊ မတ်-၃၀

ပုပ္ပါးတောင်တွင် ဒေသခံများနှင့် ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်း လေးဦးကို အရေး ယူမှုများ ပြုလုပ် ခဲ့ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပုပ္ပါး တောင်တွင် သစ်ပင် များခုတ်လှဲမှုဖြစ်စဉ်၌ ပါဝင်ခဲ့ သည့် ဥယျာဉ်ဝန်ထမ်းတောအုပ် နှစ်ဦး၊ တောင်ခေါင်း တစ်ဦးနှင့် ဦးစီး အရာရှိ (ယာယီ အုပ်ချုပ် ရေးမှူး) တစ်ဦး တို့ကို အရေး ယူမှုပြု လုပ်ခဲ့ရာ တောအုပ် တစ်ဦးနှင့် တောခေါင်း တစ်ဦးတို့  ရာထူး တစ်ဆင့် လျှော့ချ၍ နယ်ပြောင်းရွေ့ပြီး ဦးစီး အရာ ရှိအား စီမံ အုပ်ချုပ်မှု အားနည်း သဖြင့် သတိပေး၍ အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီး ဌာနသို့ ပြောင်းရွှေ့ ခဲ့ကြောင်း ယင်း ဌာနမှ ညွှန်ကြား ရေးမှူး ချုပ်က ပြောသည်။

ပုပ္ပါး တောင်ပေါ်ရှိ သစ်ပင်များကို အထက်ပါသစ်တောဝန် ထမ်းများက ဒေသခံအချို့နှင့် ပေါင်း၍ သစ် ခိုးထုတ် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ 

မြန်မာ နိုင်ငံတွင် နယ်စပ်မှ တစ်ဆင့်တစ်ဖက်နိုင်ငံများသို့ သစ်များ တရား မ၀င် ခိုးထုတ် မှုများ ဖြစ်ပွား နေပြီး ဖမ်းဆီး မှုများလည်း ရှိနေကြောင်း သစ်များ တရားမ၀င် ခိုးထုတ် မှုတွင် ၀န်ထမ်းများ ပါဝင် ပတ်သတ် နေသည့် အတွက် ယင်းတို့ကို ထိရောက်စွာအရေးယူမှုပြုလုပ်သင့်သည်ဟု သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။

“သစ်ခိုးထုတ်မှုတွေက အရမ်းဆိုးတယ်။ တရားဝင်ကော တရားမ၀င်ကော ပါဝင်တဲ့ သစ်တော ၀န်ထမ်း တွေကို ရာထူး လျှော့ရုံဆို အရေးယူမှုက အားနည်းတယ်။ ပြတ်ပြတ်သားသား အရေးယူဖို့လိုတယ်”ဟု ဦးအုန်းက ပြောသည်။

သစ်များ တရား မ၀င် ခိုးထုတ် မှုသည် မကြာ ခဏ ဖြစ်ပွားလျက် ရှိပြီး မတ်လအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ် များ၌ တရားမ၀င်သစ်နှင့် သစ်ခွဲသားများဖမ်းဆီး ရမှုခြောက်ကြိမ်ရှိခဲ့သည်။

လက် ရှိတွင် ပုပ္ပါးတောင်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဥယျာဉ် ဧရိယာပြုစု ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ပုပ္ပါးတောင် ဥယျာဉ်တွင် အမာခံထိန်းသိမ်းရေးနယ်မြေ ၃၁၇၆၃ ဧကရှိပြီး ပုပ္ပါးတောင် ကြိုးပြင် ကာကွယ် တော (ကြားခံ နယ်မြေ) ၁၁၇၄၂ ဧကရှိပြီး စုစုပေါင်းဧက ၄၃၅၀၅ ဧကဖြင့် ဖွဲ့စည်းထားသည်။ ၂၀၀၈ မတ်လ ၁၃ ရက်တွင် ကြိုးပြင်ကာကွယ် တော ၁၁၇၄၂ ဧက သတ်မှတ်ပြီးနောက်ပိုင်း အသစ် ထပ်မံ တိုးချဲ့ ဆောင်ရွက်ခြင်းမျိုး လုံးဝမရှိကြောင်း အထက်ပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။

From: 7 Day News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်