Thursday, April 25, 2013

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်ရောင်းချရာတွင် ရိုးသားမှုမရှိက အစိုးရအဖွဲ့သို့ တိုင်ကြားနိုင်

Posted by drmyochit Thursday, April 25, 2013, under | No comments


၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ဧပြီ ၂၄ ရက်မှ စတင်၍ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး များတွင် မဲဖောက် ရောင်းချ ပေးမည်ဖြစ်ပြီး ပွင့်လင်း မြင်သာမှု မရှိဘဲ မရိုး မသားပြုလုပ် မှုများ ရှိပါက သက်ဆိုင်ရာမြို့နယ် ခရိုင် အုပ်ချုပ် ရေးမှူး ရုံး များနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တိုင်ကြား နိုင်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီး ဦးအောင်ခင် က ပြောကြားသည်။

“ပြည် သူတွေ အတွက် ပွင့်လင်းမြင်သာမှုရှိအောင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရဲ့ ညွှန်ကြားချက် အတိုင်း သက်ဆိုင်ရာမြို့နယ်တွေ မှာ ရောင်းဝယ်ရေးကော် မတီဖွဲ့ပြီးတော့ ပြည်သူတွေရှေ့မှာ မဲစနစ်နဲ့ ရောင်း ပေးမှာ ဖြစ်ပါတယ်” ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင် က ပြောကြားသည်။

“ဧပြီ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီးပြီ။ ရပ်ကွက်ထဲက ပြည်သူတွေရှေ့မှာပဲ မဲနှိုက်ကြတာပါ။    လျှောက် ထားတဲ့ စောင်ရေ ကတော့ ၁၅၀၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ရတဲ့ ခွဲတမ်း ကတော့ ၂၄၀ လောက် ရတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်တွင် အပိုင်း(၁) မှ (၈)အထိ အုပ် ချုပ်သော အုပ်ချုပ်ရေးမှူး ဦးစိန် ၀င်း က ပြောသည်။

ယခုရောင်း ချပေးသည့် ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် CDMA 800 Mhz ၀ယ်ယူရာတွင် လျှောက် လွှာတင်ထား သူများသည် မဲမပေါက်ခဲ့ပါက နောက်လ များတွင်ထပ်မံချ ထားပေးမည့် ဆင်းမ်ကတ် များအ တွက် လျှောက် လွှာတင်ရန်မလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“အခု မဲနှိုက်လို့ မပေါက်တဲ့ သူတွေက နောက်ထပ် ချပေးမယ့် ဆင်းမ်ကတ်အ တွက် လျှောက် လွှာတင် စရာ မလို တော့ဘူး။ လျှောက်လွှာ ပျက်စီး တာတို့၊   ပျောက်သွား တာတို့ကတော့ ထပ် တင်ရမယ်” ဟု ၎င်းက ပြောသည်။

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ပထမအသုတ်တွင် ကတ်ပေါင်း ၃၅၀၀၀၀ ခွဲဝေရောင်း ချပေး မည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် CDMA 800 MHz ဆင်းမ်ကတ်များကိုသာ ရောင်းချ ပေးမည်ဖြစ်ပြီး CDMA လိုင်းမမိသည့် နေရာများတွင်သာ WCDMA ဖုန်းဆင်းမ်ကတ်များကို ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် သတင်း ထုတ်ပြန် ထားသည်။

“အခုလက် ရှိကတော့ CDMA 800 MHz ကိုပဲ ဦးစားပေး ရောင်း ချသွားမယ်။   နောင်တစ်လ၊   နှစ်လ လောက် နေရင် တော့ WCDMA လိုချင်တဲ့သူတွေ ၀ယ်နိုင်အောင် ရောင်းချပေးဖို့ စီစဉ်ထား ပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင် နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

မိုဘိုင်း ဖုန်းဝယ် လိုသူ အများစုမှာ CDMA 800 MHz ဖုန်းထက် WCDMA နှင့် ဂျီအက်စ်အမ် ဖုန်းလိုင်း ကိုသာ ၀ယ်ယူ လိုသူများကြောင်း သတင်းရရှိသည်။

လမ်းမ တော်မြို့ နယ်နေ WCDMA ဖုန်းလိုချင်သူတစ်ဦးက “အခုချထားပေးမယ့် CDMA 800 MHz ကို တော့ မလိုချင်ဘူး။ WCDMA ပဲ လိုချင်တာ။ CDMA 800 MHz က ဟန်းဆက်လည်း မပေါဘူး။ ရန်ကုန်တို့ မန္တလေး တို့လို မြို့ကြီးတွေမှာ လိုင်းကောင်းပေမယ့် နယ်ရောက်သွားရင်တော့ အဆင်မပြေတော့ ဘူး” ဟု ဆို သည်။ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တပ်ဆင်ထား သည့် CDMA မိုဘိုင်းတာဝါတိုင် အရေ အတွက်ပေါ် မူတည်ပြီး CDMA ဆင်းမ်ကတ် ၃၅၀၀၀၀ ကို ခွဲဝေရောင်းချပေးခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။

From:7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်