Thursday, April 25, 2013

ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ်ကို ကူညီလို၍ သက်ဆင် မြန်မာသို့ လာရောက်ခြင်းဟု ကျွမ်းကျင်သူ အချို့ဆို

Posted by drmyochit Thursday, April 25, 2013, under | No comments


 ထားဝယ် ရေနက် ဆိပ်ကမ်းသည် ပုဂ္ဂလိက ပရောဂျက် တစ်ခု အနေဖြင့် ၂ဝဝ၃ ခုနှစ်က ဦးခင်ညွန့် (ယခင် ဝန်ကြီး ချုပ်ဟောင်း) နှင့် မစ္စတာ သက်ဆင် တို့ သဘော တူ ထား ခဲ့သော ပရောဂျက် တစ် ခုဖြစ် ကြောင်း ၄င်းက ဆိုသည်

ထိုင်း နိုင်ငံ၏ ဝန်ကြီး ချုပ်ဟောင်း တစ်ဦးဖြစ်ခဲ့သူ မစ္စတာ သက်ဆင်ရှင်နာဝပ် သင်္ကြန် ကာလ အတွင်း မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့ခြင်းသည် ညီမဖြစ်သူ လက်ရှိ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စယင်းလတ် အား ကူညီ လို ၍ ဖြစ်ကြောင်း ကျွမ်းကျင် သူ အချို့က ဆိုသည်။

အထူး သဖြင့် မကြာမီ မြန်မာနိုင်ငံ ကို လာရောက် ဖွယ် ရှိသော မစ္စ ယင်းလတ် အနေဖြင့် မြန်မာနိုင်ငံမှ သက် ဆိုင်ရာ တာဝန် ရှိသူများနှင့် တွေ့ဆုံ ရာတွင် ချောမွေ့ စေရန်လည်း ဖြစ်ကြောင်း ၄င်း တို့က ဆို သည်။ ”သူ့ (မစ္စယင်းလတ်) အစိုးရ လက်ထက် အောက်မှာ ထားဝယ် ရေနက် ဆိပ်ကမ်းကို မြန်မာ အစိုး ရက အပြည့် အဝ လုပ်ကိုင်ခွင့် ပေးတာကို လို ချင်တာ” ဟု အရှေ့တောင် အာရှ ရေးရာ ကျွမ်းကျင်သူ ဘန် ကောက် အခြေစိုက် The Nation သတင်းစာ၏ အတိုင်ပင်ခံ မစ္စတာ ကဝီက ပြောသည်။

ထားဝယ် ရေနက် ဆိပ်ကမ်းသည် ပုဂ္ဂလိက ပရောဂျက် တစ်ခုအနေဖြင့် ၂ဝဝ၃ ခုနှစ်က ဦးခင်ညွန့် (ယခင် ဝန်ကြီး ချုပ်ဟောင်း) နှင့် မစ္စတာ သက်ဆင်တို့ သဘောတူ ထားခဲ့သော ပရောဂျက် တစ်ခု ဖြစ်ကြောင်း ၄င်းက ဆိုသည်။ မစ္စတာ သက်ဆင်က မြန်မာနိုင်ငံ၌ ရှိနေစဉ် ကာလ အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း ၄င်း၏ လူမှု ကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံ နှင့် တကွ ဖော်ပြခဲ့ သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ အကြံပေး ဦးကိုကိုလှိုင် ကမူ ၄င်းသည် ပြောဆိုရခက်သော ကိစ္စ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ လာရောက်ခြင်း နှင့် တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သည် ယခင်က ကျိုင်းတုံ ဘက်တွင် တာဝန် ထမ်းဆောင် ခဲ့စဉ် သက်ဆင် သည် ဝန်ကြီးချုပ် အဖြစ် ရှိနေစဉ် ဖြစ်ပြီး ထိုစဉ်က ဘော်ဒါ ကော်မတီ အစီအစဉ် အချို့ဖြင့် ဆက်စပ်မှု ရှိခဲ့ပြီး ပုဂ္ဂိုလ်ရေး အရလည်း ရင်းနှီးမှု ရှိခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

”သင်္ကြန် လာ လည်ရင်း မိတ်ဟောင်း ဆွေဟောင်းတွေ တွေ့တာ ဖြစ် ပါလိမ့်မယ်။ ဒါက ကိုယ့်အထင် ပြော တာနော်။ တရားဝင် ဘာမှလည်း သိရတာ မဟုတ်တော့” ဟု ဦးကိုကိုလှိုင် က သူ့အမြင်ကို ပြောသည်။ သို့ရာ တွင် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမှု အပေါ် မြန်မာ့ရေးရာ ကျွမ်းကျင်သူ မစ္စတာ ဘာတေး လက်တ နာက သက်ဆင် အနေဖြင့် မြန်မာနိုင်ငံ ၏ အဓိက အရေးပါသူအား သိရှိခြင်း ကြောင့် ယခုကဲ့သို့ တွေ့ ဆုံ ခဲ့ခြင်းဖြစ် ကြောင်း သုံးသပ် ပြောကြားသည်။

မစ္စတာ သက်ဆင် မြန်မာ နိုင်ငံသို့ လာရောက် ခြင်းသည် ထားဝယ် ရေနက် ဆိပ်ကမ်း ပရောဂျက်နှင့် ပတ်သက် မှု ရှိမရှိ အပေါ်၌ ယင်းပရောဂျက်နှင့် သက်ဆိုင်မှု ရှိလျှင် ကာကွယ် ရေး ဦးစီး ချုပ်နှင့် တွေ့ဆုံ မည် မဟုတ် ဘဲ စီးပွားရေး သမားများ၊ ရင်းနှီးမြှုပ် နှံမှုနှင့် သက်ဆိုင် သူများနှင့် တွေ့ဆုံမည် ဟု ထင်မြင် ကြောင်း ဦးကိုကိုလှိုင်က ဆိုသည်။ မစ္စတာ သက်ဆင် သည် ဧပြီ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည် နယ် မှ မန္တလေး မြို့ သို့ ရောက်ရှိခဲ့ကာ ထိုမှ တစ် ဆင့် ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး ဗြိတိသျှ ကိုလိုနီ ခေတ် က ဘိုတဲကြီး တစ်ဆောင် တွင် ညအိပ် တည်း ခို ခဲ့သည်။ မစ္စတာ သက်ဆင် မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်နှင့် တွေ့ဆုံခဲ့မှု အပေါ် မည်သည့် သတင်း ထုတ်ပြန်မှု မျိုးမှ မရှိခဲ့ ပေ။

ဥာဏ်လင်းအောင်
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်