Thursday, April 25, 2013

ပြင်သစ်တွင် လိင်တူချင်းလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်

Posted by drmyochit Thursday, April 25, 2013, under | No comments


ပြင်သစ် ပါလီမန် သည် နိုင်ငံ အတွင်း လိင်တူချင်း တရားဝင် ထိမ်းမြား လက်ထပ် ခွင့်ကို လက်ခံ ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တောင်းဆို မှုသည် မဲပေး ရာတွင် (၃၂၁)ဦး၌ (၂၂၅)မဲ ရရှိခဲ့ သည့် နောက် အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြင်သစ်သည် ကမ္ဘာပေါ်တွင် လိင်တူ ချင်း ထိမ်းမြားမှုကို အသိအမှတ်ပြု လက်ခံသည့် (၁၄)ခုမြောက် နိုင်ငံလည်း ဖြစ်လာသည်။ ယခု ဆုံးဖြတ် ချက်သည် လိင်တူချင်း ထိမ်းမြားခွင့်ကို တရားဝင် အသိအမှတ်ပြုရန် ကာလရှည်ကြာ တောင်း ဆိုလာ သည့် လိင်တူချစ်သူများအတွက် အောင်ပွဲတစ်ရပ်လည်း ဖြစ်လာခဲ့သည်။ ပြင်သစ်တွင်လည်း အခြား နိုင်ငံ များနည်းတူ ယခုကိစ္စနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှု၊ စကားစစ်ထိုးမှုများ ရှိခဲ့သည်။

ပါလီမန် အဆုံးအဖြတ် အပြီးတွင် ရာနှင့် ချီသော အတိုက် အခံများက ပဲရစ်မြို့လယ်ရှိ အမျိုးသား ညီလာခံ အဆောက် အအုံ ရှေ့တွင် စုရုံး ကန့်ကွက် ခဲ့ကြသည်။ လိင်တူချင်း ထိမ်းမြားခွင့်ကို ဆန့်ကျင်ရာတွင် အဓိက ခေါင်းဆောင် တစ်ဦးဖြစ်သော ဇာတ်မြူးသရုပ်ဆောင် ဖရီဂိုက်ဒ် ဘာဂျော့က သူမတို့ အနေဖြင့် ဆက်လက် တိုက်ပွဲ ဝင်သွား မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ "ဒါဟာ မပြီးဆုံးသေးဘူး ဆိုတာကို ကျွန်မ တို့ သက်သေ ပြပါမယ်။ ကျွန်မ သမ္မတကိုပါ ဒီကိစ္စကို ပြန်ပြင်ဖို့ အလေးအနက် တောင်းဆိုသွားမှာပါ"ဟု ဘာဂျော့ က သူမကို အားပေး ထောက်ခံသူများထံ ကတိပြုခဲ့သည်။

အမျိုးသား ညီလာခံ အစည်းအဝေးတွင်လည်း အတိုက်အခံ နှစ်ဦး ဝင်ရောက်လာကာ စာရွက်များ ဖြန့်ဝေ ရန် ကြိုးစားခဲ့သေးပြီး လုံခြုံရေးများက ၎င်းတို့ကို ဆွဲထုတ်ခဲ့ရသည်။ ယခင်က အလားတူ အခြေ အနေ မျိုးတွင် အကြမ်းဖက် ဆန္ဒပြမှုများ ရှိခဲ့ဖူးသည့် သင်ခန်းစာကြောင့် ပြင်သစ် ရဲတပ်ဖွဲ့ဝင် ထောင် ဂဏန်း မျှသည် ပါလီမန် အနီးတွင် ပြင်းအားမြင့်သည့် ရေပိုက်များဖြင့် အသင့်ပြင်ဆင် စောင့်ဆိုင်းခဲ့ရသည်။ အမြင်ဖ လှယ်မှု ရလဒ်များတွင် ပြင်သစ်လူထုသည် လိင်တူချင်း လက်ထပ်မှုကို အားပေးသည့် သဘောမျိုး ရှိနေသော် လည်း စစ်တမ်းများအရမူ လိင်တူ စုံတွဲများအပေါ် အမှန်တကယ် အလေးအနက် ထောက်ခံသူ အရေ အတွက်မှာ အနည်းစုတွင်သာ ရှိနေဆဲဟုလည်း လေ့လာသူများက ပြောကြားခဲ့ကြသည်။

Source: BBC
From: Planet Myanmar Network 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်